ဘဝနေနည်း

ဘဝနေနည်း (၇)ချက်
(၁) သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့် သင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်လာတာပါ။ သင့်အလှည့်ကျရင် နှိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ …။

(၂) သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့် ကဲ့ရဲ့ခံရလို့ ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ။ သင်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့ …။

(၃) သင့်ကို အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ပေါင်းပြီး လိမ်သွားခဲ့သူကို ကျေးဇူးတင်ပါ။ သူက ဘဝရဲ့အရေးကြီးဆုံး သင်ခန်းစာကို သင်ပေးခဲ့တာပါ။ သူ့ကြောင့် သင်လူတစ်ယောက်ကို မျက်စိမှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် သင့်ကို ယုံကြည်တဲ့သူကို ဘယ်တော့မှ မလိမ်ပါနဲ့။ အဲဒီခံစားချက်က ဘယ်လောက်ဆိုးလဲဆိုတာ သင်သိပြီးသားပါ …။

(၄) သင်အကူအညီတောင်းခဲ့တိုင်း လှည့်မကြည့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ။ သူတို့ကြောင့် သင့်ကိုသင်အားကိုးတတ်လာတာပါ။ သင့်အလှည့်ကျရင် သူများ အခက်အခဲကို ကူညီပါ …။

(၅) သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါ။ ခေါင်းပုံဖြတ်တဲ့သူတို့က ခေါင်းရှောင်တစ်ယောက်အောက်မှာ လုပ်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ရဲ့ ခံစားမှုမျိုးကို သင်နဲ့ မိတ်ဆက်ပေးခဲ့လို့ပါ။ သင်ခေါင်းဆောင်ဖြစ်တဲ့နေ့ သင့်လက်အောက်ငယ်သားတွေ ဘယ်တော့မှ အဲဒီလို မခံစားရပါစေနဲ့ …။

(၆) သင်အလုပ်ကို အဆပေါင်းများစွာကြိုးစားခဲ့ပေမယ့် လစာနည်းနည်းက တိုးမပေးခဲ့တဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ပါ။ သင်ကြိုးစားခဲ့လို့ သင့်မှာအရည်အချင်းတွေ ရှိနေရင် သင်အတွက် အလုပ်မရှားတော့ပါဘူး။ အခွင့်အရေးပေါင်းများစွာက သင့်ရှေ့လက်တစ်ကမ်းမှာ ရောက်ရှိနေပါပြီ။ သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာကို ပြောင်းလိုက်ပါ။ သင်အလုပ်ရှင်ဖြစ်တဲ့နေ့ သင့်လက်အောက်မှာလုပ်နေတဲ့ အလုပ်သမား ဝန်ထမ်းတွေကို တန်ဖိုးထားပါ …။

(၇) သင့်ကို ပစ်ခွာသွားသူကို ကျေးဇူးတင်ပါ။ သင့်ကို တန်ဖိုးမထားသူကို သင် စောစောစီးစီး သိလိုက်ရတာပါ။ နောက်ကျမှသိရင် အရာရာနောက်ကျနေပါလိမ့်မယ်။ သူ့ကြောင့် သင်နဲ့ထိုက်တန်တဲ့သူကို တွေ့ဖို့ လမ်းပွင့်သွားတာပါ။ သင့်ကို တန်ဖိုးထားတဲ့သူတစ်ယောက်နဲ့ တွေ့တဲ့နေ့ကျရင် သင့်ကို သူလုပ်ခဲ့တဲ့အမှားမျိုးထပ်မလုပ်ပါနဲ့ …။

အထက်ပါဖော်ပြခဲ့တဲ့သူတွေကို ဘယ်တော့မှ မမုန်းပါနဲ့ …
သူတို့က သင်မုန်းရလောက်အောင် မထိုက်တန်တဲ့သူတွေပါ …
သင့်ရဲ့စိတ်ထဲက နှမ်းတစ်စေ့စာနေရာလောက်တောင် မထိုက်တန်တဲ့သူတွေပါ …

သူတို့ကြောင့် သင့်ရဲ့ရိုးသားမှု အကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွားပါစေနဲ့ …
သူတို့ သင့်ကိုပြုမူခဲ့တဲ့အတိုင်း သင်လည်းပြုမူမယ်ဆိုရင် သင်လည်း သူတို့လို ရွံစရာလူမျိုး ဖြစ်လာပါလိမ့်မယ် …
သူတို့သင့်ကို ပြောင်းလဲနေတာကို ဘယ်တော့မှ လက်မခံပါနဲ့ …
သူတို့ကြောင့် သင်ကြိုးစားတာ ဘယ်တော့မှ ရပ်မသွားပါစေနဲ့ …
သင့်ရဲ့ဖြူနေတဲ့စိတ်ထားကို သူတို့ကြောင့် အစွန်းအထင်း မခံပါနဲ့ …

ဘယ်တော့မှလည်း ကလဲ့စားချေဖို့ မကြိုးစားပါနဲ့ …
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ အယူအဆက ကမ္ဘာကြီးကို အမှောင်ကျစေလိမ့်မယ်။

Credit – အဓိပတိ
Ashin Javana ၏ Facebook post မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Related Posts