လိမ်ညာမယ့်သူတွေကို သတိထားပါ

စီးပွားရေးတစ်ခုကို စလုပ်တာပြဖြစ်ဖြစ်၊ ရှိပြီးသား စီးပွားရေးလုပ်ငန်းကို တိုးချဲ့တာပဲဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် သတိထားပါ။ ကိုယ့်ကို လိမ်ညာမယ့်သူ ထောင်ပေါင်းများစွာရှိတယ်ဆိုတာ မမေ့ပါနဲ့။ ပစ္စည်းတစ်ခုခုကိုဝယ်တာပဲဖြစ်ဖြစ်၊ အိမ်ခြံမြေတစ်ခုခုကို ဝယ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခုမှာ ရင်းနှီးမြုပ်နှံဖို့ပဲဖြစ်ဖြစ် အကျိုးအမြတ်က အံ့ဩလောက်အောင်ကောင်းနေရင် သတိထားပါ။ လောကကြီးမှာ တန်ရာတန်ဖိုးဆိုတဲ့စကား ရှိပါတယ်။ ပိုပေးလိုက်ရတာပဲ များပါတယ်။ ဘယ်တော့မှ လျှော့ဈေးနဲ့ မရနိုင်ပါဘူး။ သိပ်ပြီး အကျိုးအမြတ်ကောင်းနေရင် သေသေချာချာ လေ့လာဆန်းစစ်ပါ။ သိပ်ကောင်းတဲ့ အကျိုးအမြတ်လုပ်ငန်းကို ရင်းနှီးမြုပ်နှံဖို့ အလောသုံးဆယ် အတင်းအကျပ် တိုက်တွန်းပြီဆိုရင် ရှောင်ရုံတင်မကဘူး၊ ထွက်ပြေးဖို့လိုပါလိမ့်မယ်။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts