ဆန့်ကျင်ဘက်တွေးခေါ်မှု၏စွမ်းအား

ဆန့်ကျင်ဘက်တွေးခေါ်မှု၏စွမ်းအား

(The power of negative thinking)

သင်အသိနိုးကြားစွာ အပြုသဘောဆောင် စဉ်းစားသော်လည်း သင့်မသိစိတ်သည် ပတ်ဝန်းကျင်မှအရာအားလုံးကို သိမ်းယူမှတ်သားသည်။ကျွန်ုပ်တို့ခွင်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ မသိစိတ်က သူမြင်သည့်၊ ကြားသည့် အရာရာကို အမှန်အဖြစ် မှတ်ယူသည်။ သင်၏အတွေးများသည် အပြုသဘောဆောင်နေလား၊ဆန့်ကျင်ဘက်သဘောဆောင်နေလား နှိုင်းယှဉ်ချက်အချိုးကို တိုင်းတာနိုင်ရန် အောက်ပါလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။

သင်၏တစ်နေ့တာကို အစမှအဆုံးအထိ စဉ်းစားပါ။ သင် ဤစိတ်လေ့ကျင်ခန်းကိုစသည့်အခါ တစ်နေ့တာအတွက် သင့်နှိုးစက် နာရီမြည်သည့် နံနက်ချိန်မှ သင်အိပ်ရာဝင်သည့် ညအချိန်အထိ စဉ်းစားပါ။

သင်၏ စက္ခုအာရုံခရီးတိုတွင် သင့်ပတ်ဝန်းကျင်ရှိသည့်အရာများကို  သတိပြုမှတ်သားပါ။
အထူးသဖြင့် –

  • သင် မည်သည့်ဂီတအမျိုးအစားကို နားထောင်နေပါသနည်း။ မည်သည့် သီချင်းစာသားဖြစ်သနည်း။
  • သင် မည်သည့် တီဗီအစီအစဉ်နှင့် သတင်းအစီအစဉ်များကို ကြည့်နေပါသနည်း။ မည်သည့်အကြောင်းအရာများနည်း။
  • သင် မည်သည့်စာအုပ်များ ဖတ်နေသနည်း။ စာအုပ်ပါ အကြောင်းအရာများကို ယေဘုယျအားဖြင့် သင် မည်သို့ပုံဖော်ပြောဆိုမည်နည်း။
  • သင့်ဘဝတွင် မည်သည့်လူအမျိုးအစားများကို ကြုံတွေ့ရသနည်း။ သူတို့၏ တစ်ကိုယ်ရေဒဿနများသည် အဘယ်နည်း။
  • သင် မည်သည့်ဝက်ဘ်ဆိုက်များကို ဝင်ကြည့်သနည်း။ ထိုဝက်ဆိုက်များသည် မည်သို့အသုံးဝင်သနည်း။ 
  • သင် မည်သည့်ရေဒီယိုအစီအစဉ်များကို နားထောင်သနည်း။ထိုအစီအစဉ်များ နားထောင်ခြင်းမှ သင် မည်သည့်အကျိုးအမြတ် ရရှိသနည်း။
  • သင် မည်သည့်မဂ္ဂဇင်းများကို ပုံမှန်ဖတ်ရှုသနည်း။ ထိုမဂ္ဂဇင်းများက သင့်ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန် မည်သို့ အထောက်အကူပြုသနည်း။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts