ဒိုင်ယာရီတစ်ခု

စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီတစ်ခု ထားရှိပါ။

၂။ စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီတစ်ခု ထားရှိပါ။

နံပါတ် (၁) အချက်ကို ဖတ်ရှုချင်လျှင် အောက်ဖော်ပြမှ linkမှ ဖတ်ရှုနိုင်ပါသည်။
https://hapeye.net/archives/6731

လူများစွာတို့က ဒိုင်ယာရီထဲတွင် နေ့စဉ်ရေးမှတ်ခြင်းကို ရင်ဖွင့်ခြင်းတစ်ခုအဖြစ် တွေ့မြင်ကြသည်။ ဤဆောင်ရွက်ချက်ကို နောက်တစ်ဆင့်တက်နိုင်ပြီး စိတ်အခြေအနေနှင့် ပတ်သက်၍ သင်၏ရေးသွင်းချက်အပေါ် အာရုံစူးစိုက်ပါ။

ယနေ့ သင်မည်ကဲ့သို ခံစားရသလဲ။ ဘာက သင့်ကို ထိုကဲ့သို့ခံစားရအောင် လုပ်သလဲ။ မည်သည့်အခြေအနေများ သို့မဟုတ် မည်သည့်လူများက သင့်ကို အပြုသဘောခံစားရအောင် သို့မဟုတ် အပြုသဘောမခံစားရအောင် လုပ်သလဲ။ ဤအာရုံစူးစိုက်မှုမျိုးက သင်၏စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်စွာ နားလည်ဖို့အတွက် သင့်ကို တာထွက်နေရာတစ်ခုပေးသည်။

နောက်ပိုင်း၌ ဒိုင်ယာရီကို သင်ပြန်ကြည့်နိုင်ပြီး သင့်ကို နည်းလမ်းတစ်ခုဖြင့် ခံစားရအောင်လုပ်သော အရာများ၏ နမူနာများကို မြင်တွေ့နိုင်သည်။

ဤသိရှိမှုက သင့်ကို အပြုသဘောဆောင်ခြင်းအပေါ် အာရုံစူးစိုက်ရန်နှင့် သင့်ကို စိတ်ဆင်းရဲအောင်လုပ်သော အပြုအမူများ သို့မဟုတ် အခြေအနေများကို ပြုပြင်ရန် သင့်ကိုယ်သင် ကူညီနိုင်သည်။

ဆုပြည့်စုံထွန်း(အယ်ဒီတာအဖွဲ့) ဘာသာပြန်ထားသော စိတ်ချမ်းသာဖို့ အကြံပြုချက်၅၀ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

ဘဝနေနည်း

OpenMoreOnline

Related Posts