စိတ်ရဲ့ငြိမ်သက်ခြင်း

စိတ်ရဲ့ငြိမ်သက်ခြင်း (1)

ကိုယ်လုပ်နိုင်တဲ့အလုပ်ကို အကောင်းဆုံးလုပ်တယ်။ အဲ့ဒီအတွက်ဘယ်လောက်ပြန်ရမလဲလို့ ထည့်မတွက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာချို့တဲ့တဲ့စိတ်မရှိလို့ပါ။ ဘယ်သူကဖြင့် ငါ့ထက်သာသွားပြီလို့ စိုးရိမ်စိတ်မရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ ငါလုပ်လိုက်တဲ့အလုပ်က သူများနှင့်နှိုင်းယှဉ်စရာ မလိုလို့ပါ။ ဆက်ဆံရေးမှာ သူကနိုင်သလားငါက နိုင်သလား မစဉ်းစားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါကအနိုင်အရှုံးနဲ့ ဆက်ဆံတာမဟုတ်လို့ပါ။

သူကငါ့ကိုချစ်သလား မုန်းသလား တွေးမပူဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကိစ္စသူနဲ့ပဲ ဆိုင်တယ်လို့ သဘောထားမိလို့ပါ။ ငါ့ပြိုင်ဘက်လို့ လက်ညှိုးထိုးစရာလူလည်းမရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ဆိုင်တတ်သူဟာ အရှုံးသမားဖြစ်တယ်ဆိုတာ သိထားလို့ပါ။ ကိုယ့်ဘ၀ကို အေးအေးချမ်းချမ်းနေပြီး ဘယ်အရာကိုမှ မရရင် မနေနိုင်တာမရှိတော့တဲ့သူကို ဘယ်လိုအရာက နိမ့်ကျသွားအောင် လုပ်လို့ရမလဲ။

ဆရာမထက်ထက်ထွန်း ရေးသားသော “စိတ်ရဲ့ ငြိမ်သက်ခြင်း” စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts