စိတ်ဓာတ်ကျ

စဉ်းစားတွေးခေါ်ခြင်း၏ အခန်းကဏ္ဍကိုသင်ပေးပါ

ရာ့ဖ်ဝေါ်လ်ဒိုအီမာဆင် — လုပ်ငန်းကိုင်ငန်းနှင့် ဘဝဆိုင်ရာနည်းပြ ဂျက်ကွေလင်းက ပုံပြင်တစ်ပုဒ်ပြောပြဖူးသည်။ ရပ်ကွက်တစ်ခုအတွင်း အလုပ်လုပ်နေသူ စက်ပြင်သမားတစ်ယောက်သည် နေ့စဉ်အချိန်ကတ်ပြားတွင် အလုပ်ဝင်ချိန်၊ ထွက်ချိန်ရိုက်ရသည်ကို မကျေမနပ်ဖြစ်သည်။ ဤကိစ္စကို နှစ်ပေါင်းနှစ်ဆယ်ကျော် မကျေနပ်ကြောင်း ပြောလာခဲ့သည်။

    “ကျွန်တော် ငြီးငွေ့လွန်းနေပြီ။ အပြောင်းအလဲ ဖြစ်ချင်နေပြီ”ဟု ယင်းစက်ပြင်သမားက ဆိုလိုသည်။

    “ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှင်က ကိုယ်မနှစ်မြို့တာကို သဘောကျလာအောင် စိတ်ထားပြောင်းရမည်။ ဒါမှမဟုတ်ရင် ရှင်နောက်အလုပ်တစ်ခု ပြောင်းရင် ဒါမျိုးပဲကြုံနိုင်ဖွယ်ရာ ရှိတယ်။” ဟု ဂျက်ကွေလင်းက ပြန်ပြောလိုက်သည်။
    “ကိုယ် မကြိုက်တာကို ကြိုက်လာအောင် လုပ်ရမှာလား၊ မလွယ်ဘူးထင်တယ်။ ဘယ်လိုလုပ်ရမလဲ”
    “ဒါကလွယ်ပါတယ်၊ ကျွန်တော် အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော့်ကလေးတွေရဲ့ ဘဝကို ထိန်းသိမ်းကာကွယ်ပေးဖို့ပဲ”
    “ကောင်းတယ်၊ မှန်တာပေါ့။ အဲဒီတော့ ကိုယ် အလုပ်လုပ်ရတဲ့အကြောင်းအရင်းက ကိုယ့်ကလေးတွေရဲ့ ဘဝကိုထိန်းသိမ်းပေးဖို့ဆိုတဲ့ အသိကိုခေါ်င်းထဲမှာထားရင် ကိုယ့်အလုပ်တာဝန်က ပိုအရေးကြီးပြီး အချိန်ကတ်ပြားရိုက်ရတာက ဘားမှမဟုတ်တော့ဘူး”
    ဂျက်ကွေလင်းက စက်ပြင်သမားအား စဉ်းစားပုံစဉ်းစားနည်း အသစ်ပြောင်းပေးလိုက်ခြင်း ဖြစ်သည်။ မိမိ၏ အတွေ့အကြုံတစ်ခုအား သမန်မစဉ်းစားဘဲ မြှင့်၍စဉ်းစားခြင်းက ပို၍ပါဝါကြီးမားကြောင်း ပြလိုက်ခြင်း ဖြစ်သည်။
    မိမိတွန်းအားပေးလိုသည့် လူများအားလုံး စဉ်းစားတွေးခေါ်ခြင်း၏ အခန်းကဏ္ဍကို နားလည်စေရမည်။ စဉ်းစားတွေးခေါ်ခြင်းက အရေးကြီးဆုံးဖြစ်သည်။
A – ကျွန်တော် စိတ်ဓာတ်ကျ နေတယ်။
B –  စိတ်ဓာတ်ကျတယ် နေတယ်လို့ ထင်ရုံဘဲ မဟုတ်လား။
A – အတူတူဘဲလေ၊ မဟုတ်ဘူးလား။
B – စိတ်ဓာတ်ကျတယ် လို့ထင်တာနဲ့ စိတ်ဓာတ်ကျတာကို အတူတူပဲလို့ထင်နေတာပဲလေ။
A – ကျွန်တော် တကယ့်ကို ပျော်နေတယ်လို့ ထင်ရင်ရော။
B – ဒါဆိုရင်တော့ ခင်ဗျား တကယ်ပျော်မှာပေါ့။
A – အဲဒီလို ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်သိတယ်။

    မိုးရွာခြင်းသည် လူတစ်ဦးအား စိတ်ဓာတ်ကျစေပြီး တခြားသူတစ်ယောက်အား ပျော်ရွှင်စေတတ်သည်။ အဘယ့်ကြောင့်နည်း။
မိုးရွာခြင်းက ထိုလူနှစ်ဦးစလုံးအား ခံစားမှုအတူတူ မဖြစ်စေနိုင်ဘူးလား။ မိမိ၏ လက်အောက်ရှိလူတစ်ဦးက “ဆိုးရွားလိုက်တဲ့ ရာသီဥတု။ စိတ်ဓာတ်ကျစရာ ကောင်းလိုက်တာ” ဟု ပြောနေစဉ် တခြားလူတစ်ယောက်က “မိုးရွာတာကောင်းလိုက်တာ . . . လန်းဆန်းသွားတာဘဲ” ဟုပြောနိုင်သည်။ မိုးနှင့်ပတ်သက်၍ တွေးတောပုံခြင်း မတူကြ၍ ခံစားချက်ခြင်း မတူညီကြခြင်း ဖြစ်သည်။ ထို့အတွက် မိမိ၏ လူများအား စဉ်းစားတွေးတောခြင်း၏ စွမ်းအားအကြောင်းကို သင်ပေးရမည်။
    လူတစ်ဦးက ဤစီမံကိန်းသည် အလွန်ကောင်းသည်ဟု ထင်၏။
တစ်ခြားတစ်ဦးက စိတ်ဓာတ်ကျစရာ ကောင်းသည်ဟုထင်၏။ ထင်ရုံထင်ကြခြင်း ဖြစ်သည်။ ဤကမ္ဘာတွင် အဓိပ္ပာယ်ဖွင့်မပေးသမျှ မည်သည့်အရာမှ အဓိပ္ပာယ် မရှိ။ လုပ်ငန်းခွင်တွင်လည်း ဤသဘောတရား အတိုင်းပင်ဖြစ်သည်။ မိမိ၏ လူများက မိမိကို အဓိပ္ပာယ်ရှိရှိ ကြည့်ကြသည်။ ညွှန်ကြားချက်တိုင်း၏ အဓိပ္ပာယ်ကို သိချင်ကြသည်။
    မိမိရသည့်အခွင့်အရေးကို စဉ်းစားမိကြသလား။
    အရာရာတိုင်းကို မိမိလိုချင်သော အဓိပ္ပာယ်ပေးနိုင်သည်။
သို့သော် အကျိုးအကြောင်း ဆီလျော်ရမည်။ ဤအဓိပ္ပာယ်ပေးနိုု်င်သော ပါဝါကို အသုံးချရမည်။
    မိမိ၏ လူများအား တခြားလူများက စိတ်ဆိုးအောင်လုပ်ခြင်း မဟုတ်။
ယင်းတို့၏ အတွေးများက စိတ်ဆိုးအောင်လုပ်နေခြင်း ဖြစ်သည်။ စိတ်ဆိုးစရာကိုု မစဉ်းစားလျှင် စိတ်ဆိုးစရာအကြာင်း မရှိ။
    မိမိ၏ ဝန်ထမ်းများအနက် အဆိုးဆုံးဝန်ထမ်းက တစ်မနက်ခင်းအချိန်တွင် ထီပေါက်သည် ဆိုပါစို့။ ထိုနေ့အဖို့ မည်သူက ဘာပဲပြောပြော ထိုဝန်ထမ်းသည် ဂရုလည်းမစိုက်၊ စိတ်လည်းဆိုးမည် မဟုတ်၊ သူ့အတွေးတွင် ပျော်ရွှင်မှုက လွှမ်းမိုးနေ၍ ဖြစ်သည်။ မိမိ၏ ဝန်ထမ်းများသည် မိမိတို့စဉ်းစားခြင်သည် ကို လွတ်လွတ်လပ်လပ် တွေးနိုင်သည်။
    နှစ်အတော်ကြာ ကာလအတွင်း အသိဉာဏ်အမြင့်မားဆုံး (အိုင်ကျူအမြင့်ဆုံး) ပုဂ္ဂိုလ်မှာ မာရီလင်ဗော့စ်ဆာဗန့် ဖြစ်ခဲ့သည်။
    လူတစ်ဦးက မာရီလင်အား ခံစားမှုနှင့် တွေးတောမှုအကြား ဆက်နွှယ်မှုကို မေးသောအခါ “ခံစားမှုဆိုတာ ကိုယ်တွေးလိုက်တဲ့အတိုင်း ထွက်လာတဲ့အရာပဲ” ဟုဖြေခဲ့သည်။
    တွန်းအားဖြစ်စေသော အတွေးများကို တွေးပါက တက်ကြွမှု ခံစားရသည်။ အတွေးက အုပ်ချုပ်နေသည်။ ပတ်ဝန်းကျင် အခြေအနေက သတ်ရောက်မှုမရှိ ။ ဤအမှန်တရားနှင့် နီးစပ်လေလေ မိမိ၏ ဦးဆောင်မှုလည်း ပို၍ကောင်းမွန်လာလေလေ ဖြစ်မည်။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားသည်။ 

Related Posts