ငါးပေါင်း

ငါးပေါင်း နည်း

ပါဝင်သောပစ္စည်းများ

  • ငါးကြင်းသား – တစ်ပိဿာ
  • ငရုတ်သီးခြောက် – သင့်ရုံမျှ
  • ကြက်သွန်နီ – သင့်ရုံမျှ
  • ကြက်သွန်ဖြူ – သင့်ရုံမျှ
  • ချင်း – အနည်းငယ်မျှ
  • ဇီရာ၊ အမွှေးအကြိုင် – သင့်ရုံမျှ
  • ဆီ (သို့မဟုတ်) ထောပတ် – အသင့်အတင့်
  • ဆားလှော် – အသင့်အတင့်

ပြုလုပ်နည်းအဆင့်ဆင့်

*ငါးကို အရွယ်တော်အတုံးများ တုံးထားပါ။ ပြီးလျှင် ပေါင်းအိုး၌ စီ၍ထည့်ပါ။ ပေါင်းပြီးလျှင် ၎င်းငါးပေါင်းကို ယူ၍ အရိုးများစင်အောင် ထုတ်ပစ်မည်။ အေးမှလုပ်ပါ။

*ထို့နောက် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဇီရာနှင့် အမွှေးအကြိုင်များကို ထောင်းထု၍ အတော်အသင့် ထည့်ပါ။ ဆားလှော်ထည့်ပြီး မကျေမပျက်အောင် နယ်ပါ။

*ထို့နောက် ထောပတ်ဖြစ်စေ၊ ဆီဖြစ်စေ၊ တစ်ခုခုနှင့် ကျက်အောင် ချက်လိုက်ပါက အလွန်ခံတွင်း တွေ့စေမည့် ငါးပေါင်းဟင်း ရပြီဖြစ်ပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts