ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် (၄)

မလိုပါဘူး မိတ်ဆွေ
ဟန်ဆောင်ပြီး မရယ်ပြပါနဲ့
ပါးညောင်းနေဦးမယ်

ငါ့အတွက် ငါရှိတယ်
ငါအကုန်လုပ်နိုင်တယ်
ငါတစ်ယောက်တည်းလည်း
ငါ့ဘဝကိုငါ စိတ်တိုင်းကျ ထုဆစ်နိုင်တယ်

ချစ်သူမရှိလည်း ရတယ်
ဖေးမမယ့်သူ မရှိလည်း ဖြစ်တယ်
အန္တရာယ်တွေများလည်း ငါဆက်လျှောက်ရမှာပဲ

မပြိုင်ပါဘူး …မယှဉ်ပါဘူး
ဘယ်သူနဲ့မှ မပြိုင်လိုပါဘူး
ငါ့ရဲ့ပြိုင်ဘက်ကလည်း ငါကိုယ်တိုင်ပဲ
ငါ့ကိုယ်ငါပဲ ကိုးစားတယ်

ငါ လူတိုင်းကို စိတ်ရင်းနဲ့ဆက်ဆံတယ်
ရိုးသားမှုအပေါ်အသုံးချသွားလည်း
သိပ်လွမ်းစရာမရှိပါဘူး …
ငါ့အတွက် သင်ခန်းစာတစ်ခုရသွားတာပေါ့

အတုအယောင်တွေ သိပ်မလိုအပ်ပါဘူး
မွေးကတည်းက တစ်ယောက်တည်းပဲ

ငါ့ကို အားနာပြီး ဟန်ဆောင်မပြုံးပြပါနဲ့ မိတ်ဆွေ ..
ပါးညောင်းနေပါဦးမယ် …။

ဆရာလင်းရောင်စင် ၏ “ငါ့အတွက် ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts