ဂျုး လူမျိုးတို့ရဲ့ ပညာစကားများ

ဂျူးလူမျိုးတို့ရဲ့ ပညာစကားများ

၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ်။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး။

၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ဝင်ပြီးတဲ့အစာ၊ စိတ်အတွင်းထဲက အိပ်မက်နဲ့၊ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။

၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ်။

၄။ လူ့ဘဝခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ။

၅။ တကယ်လို့ သင်စာမဖတ်ခဲ့ဘူးဆိုရင် မိုင်ပေါင်းတစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင် အဆင့်သာဖြစ်တယ်။

၆။ သင့်ရဲ့ အိမ်နီးနားချင်း မနက်( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့၊ သူ့ကို မနက်( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ။

ရ။ သင်တစ်ဘဝလုံးမှာ တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ပြောင်းလဲမူတစ်ခုသာ ဖြစ်ပေါ်မယ်။ အဲဒါကတော့သင်အိုသွားခြင်းပါပဲ။

၈။ သူငယ်ချင်းအစစ်ဆိုတာ ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး။ ပြောစရာမရှိတဲ့ အချိန်လည်း အောင့်သက်သက် မခံစားရခြင်းပါ။

၉။ အချိန်ဟာ စိတ်အနာကို ကုစားနိုင်တဲ့ သမားတော်ကြီးပါ။ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး ။

၁၀။ ကြိုးစားပြီးမှ နောင်တရရင် ရပါစေ၊ မကြိုးစားပဲ လွှဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး။

အတွေးအခေါ် စာစုလေးများမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts