အခွင့်အရေးတွေ

အခွင့်အရေးတွေ ဖန်တီးပါ

အခွင့်အရေးက ကိုယ့်ဆီရောက်လာတာကိုမစောင့်ပါနဲ့။ ကိုယ်က အခွင့်အရေးတွေကို ရှာဖို့လိုပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေထဲကနေ အခွင့်အရေးတွေ ရှာဖွေပါ။ မြေရောင်းချင်တဲ့သူ၊ အိမ်ရောင်းချင်တဲ့သူ၊ ကားရောင်းချင်တဲ့သူ၊ စီးပွားရေးလုပ်ငန်း ရောင်းချသူတွေရဲ့ ကြော်ငြာစာတွေ အမြဲလိုလိုတွေ့ရမှာပါ။ မေးမြန်းစုံစမ်းတာ အရှုံးမရှိပါဘူး။ အခွင့်အရေးပေးရင် အမြတ်ကောင်းကောင်း ရနိုင်ပါတယ်။ ငွေကြေးချမ်းသာ ကြွယ်ဝနေသူတွေက သူတို့ ဘယ်လို အခွင့်အရေးကောင်းတွေ‌ရှာတယ်ဆိုတာ ပြောပြပါလိမ့်မယ်။ သူတို့ဆီကို အခွင့်အရေးရောက်လာအောင် ဘယ်တော့မှမစောင့်ပါဘူး။ စောင့်နေလို့လည်း ရောက်လာမှာ မဟုတ်ပါဘူး။

အောင်မြင်ချင်ရင်တော့ ရတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပါ။
Benjamin Franklin

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts