ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် (၂)

  • လူတိုင်းမှာ လှပတဲ့ မနက်ဖြန်ဆိုတာရှိပါတယ်။ အဲဒါကြောင့် ဒီကနေ့ အရှုံးမပေးလိုက်ပါနဲ့။ မနက်ဖြန်ထိ ရှင်သန်ပါ ဒီနေ့ထက် ပိုကောင်းမွန်တဲ့ နေ့ကို တွေ့ရတော့မှာပါ။
  • နေ့သစ်ရဲ့အလင်းရောင်ကို ခံယူချင်တဲ့စိတ်နဲ့ အကောင်းဆုံးကြိုးစားပါ။
  • ကိုယ့်ကိုယ်ကို ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်မယ့်သူလား။ ပိုမိုကြီးထွားအောင်လုပ်မယ့် သူလားဆိုတာကို သုံးသပ်ရင်း အကောင်းဆုံးရပ်တည်နိုင်အောင် ကြိုးစားပါ။
  • မည်သည့်အလုပ်အကိုင်ကိုမဆို ပါရမီတစ်ယောက်အဆင့်ထိရောက်အောင် အမြဲမပြတ်လေ့ကျင့်ရင်း အကောင်းဆုံးကြိုးစားပါ။
  • လဲကျသွားခဲ့ရင်တောင် ကိုယ်ထူကိုယ်ထအကျင့်နဲ့ ပြန်လည်ရှင်သန်ပြီး အကောင်းဆုံးကြိုးစားပါ။
  • မိမိကိုယ်ကိုနဲ့ သူတစ်ပါးအပေါ်ပေးထားတဲ့ ကတိတွေကို မြဲမြံစွာစောင့်ထိန်းရင်း အကောင်းဆုံးကြိုးစားပါ။
  • ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး အကောင်းဆုံးကြိုးစားပါ။
  • သူများက သင့်အပေါ်မျှော်လင့်ထားတာထက် ပိုပြီးကောင်းတဲ့ ရလာဒ်အတွက် အကောင်းဆုံးကြိုးစားပါ။
  • သင့်မိသားစုနဲ့သင့်အိမ်အတွက် အထောက်အပံ့ကောင်း ဖြစ်အောင် အကောင်းဆုံးကြိုးစားပါ။
  • ပန်းတိုင်တစ်ခုရောက်တိုင်း တစ်သက်လုံးရပ်နေတော့မယ်ဆိုတာ မဟုတ်ပါဘူး။ နောက်ပန်းတိုင်အသစ်တစ်ခုစီ ဆက်လက်လျှောက်လှမ်းပါ။
  • စိတ်ထဲက ဖြစ်ချင်တာကို ဖန်တီးအကောင်အထည်ဖော်ပါ။
  • မနက်ဟာဒီနေ့ထက်တော့ ပိုလှပိုကောင်းမှာလို့ ယုံကြည်လိုက်ပါ အဲ့ဒီယုံကြည်မှုကို ဒီကနေ့ကို အရှုံးအပေးဘဲ ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ ခွန်အားတစ်ခုပါ။
  • တကယ်တော့ အဆင်မပြေချိန် အခက်အခဲဆိုတာ လူတိုင်းကြုံရပါတယ်။ အဲဒီအခက်အခဲကြောင့် ဒီကနေ့ကိုတောင် မရှင်သန်ချင်တော့တဲ့သူတွေ အများကြီးပါ။ ဆက်လက်ရှင်သန်ပါ အရှုံးမပေးလိုက်ပါနဲ့ လှပတဲ့ မနက်ဖြန်ရှိပါတယ်။
  • ကျရှုံးမှုကို လက်ခံလိုက်ပါ။ အရှုံးက အဆုံးထိ မဖြစ်ပါစေနဲ့။
  • လဲကျသွားတာ အပြစ်မဟုတ်ပါ။ ပြန်မထဘဲနဲ့တော့ လှဲမနေပါနဲ့။
  • ဘဝမှာ အရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း သင်ရသင့်တာ နောင်တမဟုတ်ပါဘူး။ သင်ခန်းစာပါမိတ်ဆွေ။
  • ဘဝမှာ အနိုင်နဲ့အရှုံး နှစ်မျိုးဘဲရှိတယ်။ သင်နိုင်ရင် အရာရာကို သင်ဦးဆောင်နိုင်မယ်။ သင်ရှုံးရင် နိုင်အောင်ကြိုးစားဖို့ နည်းလမ်းရှာပါမယ်။
  • မိတ်ဆွေ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျတဲ့အခါ ကိုယ့်ဘဝကို အရှုံးမပေးပါနဲ့။ ဘဝဆိုတာ ‌လှေကားထစ်လိုပါပဲ တစ်ထစ်ခြင်း လျှောက်လှမ်းနေတဲ့သူကတော့ ပန်းတိုင်ရောက်သွားတာပါ။
  • ယုံကြည်ပြီး အရှုံးမပေးသူတွေဟာ နောက်ဆုံးရဲ့ ပန်းတိုင်တွေကို ရောက်နိုင်သူတွေ ဖြစ်မှာပါ။
  • မိမိဆန္ဒရှိတဲ့အတိုင်း အလုပ်တွေကို ကြိုးစားဖန်တီးပါ။
  • ရှေ့ဆက်သွားနေသမျှ တစ်နေ့တော့ သင်လိုချင်သော ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
  • ဖြစ်လာတာဟာ ရလဒ်မဟုတ်သလို အဆုံးသတ်လည်း မဟုတ်ပါဘူး။ နောက်ဆုံးလိုချင်တဲ့ ပန်းတိုင်ရောက်တဲ့ထိတော့ ခရီးဆက်နေလိုက်ပါ။
  • ဘယ်အခက်အခဲ အတားအဆီးတွေ ဖြစ်လာသည် ဖြစ်ပါစေ အရှုံးမပေးတဲ့သူသည် နောက်ဆုံးပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
  • ဘယ်အရာမဆို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ အရာရာအားလုံးကို လုပ်နိုင်ပါလိမ့်မယ်။
  • လက်တွေ့မလုပ်ဆောင်နိုင်ရင် ဘာမှမဖြစ်လာပါဘူး။ လက်တွေ့လုပ်ဆောင်ခြင်းကသာ ကိုယ့်အိပ်မက်ဘဝကို ရဖို့တစ်ခုထဲသောသော့ဖြစ်ပါတယ်။
  • မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေ ဆွံ့အသွားအောင် လုပ်ပြလိုက်စမ်းပါ။
  • သူများစကားကြောင့် ကိုယ့်ဘဝလမ်း မဆုံးပါစေနဲ့။
  • ဘယ်တော့ဖြည့်ဖြည့် မပြည့်တဲ့ ပညာဝမ်းစာကို အချိန်ပေးရှာဖွေရင်း အကောင်းဆုံးကြိုးစားပါ။
  • မသိသေးတာ ကိစ္စမရှိပါ မသိချင်တာတော့ မဖြစ်ပါစေနဲ့။
  • ကိုယ့်ဘဝကို မြင့်သထက်မြင့်အောင် ကြိုးစားပါ။

ဆရာလင်းရောင်စင်၏ “ငါ့အတွက်ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts