စိတ်ဓာတ်တက်ကြွအောင် အမြဲနေပါ

စိတ်ဓာတ်တက်ကြွအောင် အမြဲနေပါ

ရည်မှန်းချက်ကြီးကြီးကို အောင်မြင်အောင် ကြိုးစားနေချိန်မှာ စိတ်ဓာတ်တက်ကြွနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့ စာအုပ်တွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေနဲ့ စိတ်ဓာတ်တက်ကြွလာအောင်လုပ်ပါ။ စာရေးဆရာကြီး John C.Maxwell, Zig Ziglar, Donald Trump တို့ရဲ့ မူရင်းစာအုပ်တွေက စိတ်ဓာတ်ကို အလွန်တက်ကြွစေပါတယ်။ မူရင်းစာအုပ်မရရင် ဘာသာပြန်တွေဖတ်ပါ။

အောင်မြင်သူနှင့် သာမန်လူတွေရဲ့ ကွာခြားချက်က ခွန်အားနှင့် အသိပညာမဟုတ်ပါဘူး။ အောင်မြင်ချင်တဲ့ စိတ်ဓာတ်ပါ။
Vince Lombardi

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts