ဂျွန်နီဝိုက်(စ)မူလာ

ဂျွန်နီဝိုက်(စ)မူလာ

ဂျွန်နီဝိုက်(စ)မူလာ (Johnny Weissmuller)သည် ၁၉၂၄ နှင့် ၁၉၂၈ ခုနှစ် ကမ္ဘာ့အိုလံပစ်များတွင် ရွှေတံဆိပ် ငါးခု ဆွတ်ခူးခဲ့သည့် အမေရိကန်နိုင်ငံသား ရေကူးချန်ပီယံတစ်ယောက်ဖြစ်သည်။ သူ၏ ရေကူးသက်တမ်းတစ်လျှောက် စုစုပေါင်း ကမ္ဘာ့စံချိန် ၆၇ ခုကို ချိုးနိုင်ခဲ့သည်။

၁၉၃၂တွင် မက်ထရိုဂိုလဒွင် မေယာ ကုမ္ပဏီက အသံထွက်တာဇံ ဇာတ်ကားသစ်များ ရိုက်ကူးရန်စီစဉ်သည့်အခါ ဝိုက် (စ) မူလာအား ရွေးချယ်ခဲ့သည်။ ဝိုက် (စ) မူလာသည် တာဇံဇာတ်ကားပေါင်း ၁၂ ကားတိတိ ရိုက်ကူးခဲ့ပြီး တာဇံမင်းသားအားလုံးထဲတွင် အထင်ရှားဆုံးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့ပါသည်။

ကိုယ့်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်ရွေးချယ်ပါ။ ပန်းတိုင်သို့ သွားရာလမ်းကြောင်းကို ကိုယ့်ခေါင်းထဲ ထင်းနေ ရှင်းနေအောင် ရေးဆွဲမှတ်သားပါ။

-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts