ဂျက်ဘင်နီ

ဂျက်ဘင်နီ (၁၈၉၄-၁၉၇၄) သည် အမေရိကန် ရေဒီယိုနှင့် ရုပ်မြင်သံကြား လူရွှင်တော်တစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် တယောပညာရှင်အဖြစ် စတင်ကာ အနုပညာစင်မြင့်ပေါ်သို့ ရောက်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာပြီး ရုပ်ရှင်ကားပေါင်း ၂၀ ကျော် ရိုက်ကူးခဲ့သည်။ ရေဒီယို အသံလွှင့် အစီအစဉ်များတွင် ၁၈ နှစ်ကြာ ပါဝင်ခဲ့ပြီးနောက် ၁၉၅၀ ခုနှစ်မှ စတင်ကာ ရုပ်မြင်သံကြား ဟာသ သမား ဖြစ်လာသည်။

ဘင်နီသည် ဂျူးအနွယ်ဖွား အမေရိကန်တစ်ဦးဖြစ်၍ အမည်ရင်းမှာ ဘင်ဂျမင် ကူဘဲလ်စကီး ( Benjamin Kubelsky ) ဖြစ်သည်။ ဂျက်ဘင်နီအမည်ကို စင်ပေါ်တက်လာသည့်အခါမှ ယူခဲ့ခြင်း ဖြစ်သည်။ ဘင်နီကို ရှီကာဂိုမြို့တွင် မွေးဖွားသည်။ သို့သော် ငယ်စဉ်ဘဝ သူနေထိုင်ကြီးပြင်းခဲ့၍ သူ့ဇာတိလိုဖြစ်နေသော မြို့ကမူ အီလီနွိုက်ပြည်နယ် ဝေါ်ကီဂန်မြို့ ဖြစ်သည်။

ဂီတတစ်ခုတည်းမှ မဟုတ်ဘူး၊ လုပ်ငန်းမှန်သမျှ ဒီအတိုင်းပဲ၊ တချို့အပိုင်းတွေ လွယ်တယ်၊ တချို့အပိုင်းတွေက ခက်တယ်။ ဘယ်လုပ်ငန်းမှာမဆို တကယ်တမ်း အောင်မြင်ချင်ရင် ခက်တဲ့အပိုင်းတွေလည်း မလွှဲမရှောင်သာ လေ့ကျင့်ရလိမ့်မယ် . . .

-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts