အတွေးအခေါ် (ရွေးချယ်တတ်ပါစေ )

ရွေးချယ်တတ်ပါစေ

ဆန္ဒနဲ့သိက္ခာကို ရွေးချယ်ရတဲ့အခါ သိက္ခာကိုသာ ဦးစားပေးပါ။
လိုချင်တာနဲ့ လိုအပ်တာကို ရွေးချယ်တဲ့အခါ လိုအပ်တာကိုသာ ဦးစားပေးပါ။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါ ဖြစ်သင့်တာကိုသာ ဦးစားပေးပါ။
လတ်တလော အဆင်မပြေဘူး ထင်ရပေမယ့် နောင်တချိန် နောင်တ ကင်းလိမ့်မယ်ဆိုတာ
သိလာပါလိမ့်မယ်။

ကိုယ်ကစပြီး ခွင့်လွှတ်ပေးတတ်တဲ့သူဟာ ဘဝမှာ စိတ်ဓာတ်အခိုင်မာဆုံးသူ။
ကိုယ်ကစပြီး တောင်းပန်တတ်တဲ့သူဟာ ဘဝမှာ အရဲရင့်ဆုံးသူ။
ကိုယ်ကစပြီး မေ့နိုင်တဲ့သူကတော့ ဘဝမှာ အပျော်ရွှင်ရဆုံးသူပဲပေါ့ . . .
အလုပ်မရှိရင် စာဖတ်ပါ၊ စာဖတ်လို့ ပိုက်ဆံမရပေမယ့် ပိုက်ဆံရှာဖို့ အကြံဉာဏ်တွေ ရပါလိမ့်မယ်။

၁ဝနှစ်စာ အတွေ့အကြုံကို ကြိုရချင်ရင် အတွေးအခေါ် ရှိတဲ့ လူကြီးစကား နားထောင်ပါ။
ဘဝမှာ အောင်မြင်ချင်ရင် ရှုံးနိမ့်ခဲ့ဖူးသူဆီက သင်ယူလေ့လာပါ။ တသက်လုံး လိပ်ပြာလုံချင်ရင် ကိုယ်ကျင့်တရားကို လုံခြုံစွာ ထိမ်းနိုင်အောင် ကြိုးစားပါ။ အသိပညာ အတတ်ပညာကို ပြည့်စုံ ရင့်ကျက်စေချင်ရင် လက်တွေ့လုပ်ဆောင်ပါ။ ကြီးမားတဲ့ နောင်တဆိုတာမရှိစေချင်ရင် ရွှေထက် တန်ဖိုးကြီးသော အချိန်ကို လေးစားပါ။ ပူလောင်မှုတွေ အရမ်းများလွန်းနေရင် ကိုယ့်အတ္တနဲ့ မာနတွေလျော့ချပါ။

အကောင်းဆုံး ဆိုတာတွေကို ပိုင်ဆိုင်ချင်ရင် အကောင်းဆုံး ဆိုတာတွေနဲ့ ထိုက်တန်အောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ အထီးကျန်မှုတွေ ပပျောက်ပြီး ဗဟုသုတ တိုးပွားချင်ရင် စာဖတ်ပါ။

အတွေးအခေါ်စာစုလေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts