ဂေါက်သီးစည်းမျဉ်းများ (အပိုင်း - ၂)

ဂေါက်သီးစည်းမျဉ်းများ (အပိုင်း – ၂)

ဂေါက်သီးစည်းမျဉ်းများ (အပိုင်း – ၂) ~~~~
Rule 2-1. General စည်းမျဉ်း ၂ – ၁ ကျင်းပြတ်ကစားနည်းဆိုသည်မှာ

ကျင်းပြတ်ကစားနည်းဆိုသည်မှာ ကစားသမားတစ်ဦး (သို့) တစ်ဦးထက်ပို၍ ပူးပေါင်းကာ တစ်ဖက်သတ်မှတ်ပြီး အခြားတစ်ဖက်မှ ကစားဖော်တစ်ဦး (သို့) တစ်ဦးထက်ပိုသော အတွဲနှင့် ကျင်းတစ်ကျင်းစီကို မှတ်ပြီး အခြားတစ်ဖက်မှ ကစားဖော်တစ်ဦး (သို့) တစ်ဦးထက်ပိုသောအတွဲနှင့် ကျင်းတစ်ကျင်းစီကို ယှဉ်ပြိုင်ကစားရသော နည်းဖြစ်သည်။ ပုံမှန်အားဖြင့် ကျင်းပြတ်ကစားနည်းပြိုင်ပွဲတစ်ပွဲသည် (၁၈)ကျင်း တစ်ပတ် ကစားရသည်။ သို့သော် ကော်မတီက သတ်မှတ်ထားသော ကျင်းအရေအတွက်အတိုင်းလည်း ကစားနိုင်သည်။

ကျင်းတစ်ကျင်း၏ အရှုံးအနိုင်ကို အချက်ရေအနည်းဆုံး ကစားသည့်သူ (သို့မဟုတ်) အတွဲက အနိုင်ရရှိသည်။ ပြိုင်ပွဲတစ်ပွဲ၏ အနိုင်အရှုံးအဖြေများကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ပြောဆိုသည်။

ကျင်းမည်မျှနိုင်သည် (သို့) သရေနှင့် ကစားရန် ကျင်းမည်မျှကျန်သည်ကို ဖော်ပြခြင်းဖြင့် ပြိုင်ပွဲအနိုင်အရှုံးကို သိရှိနိုင်သည်။

ပြိုင်ဘက်က ကျင်းနှစ်ကျင်းနိုင်နေ၍ နောက်ဆုံးကစားရန် ကျင်းနှစ်ကျင်းသာကျန်ပါက ဒေါ်မီ ဟု သတ်မှတ်သည်။

Rule 2-2. Halved Hole စည်းမျဉ်း ၂ – ၂ သရေကျသောကျင်း

ကျင်းတစ်ကျင်းတွင် ပြိုင်ဘက်နှစ်ဖက်စလုံး ရိုက်ချက်များ တူညီနေပါက အနိုင်/ အရှုံး မရှိ (သရေ) ဖြစ်သည်။ ကစားသူသည် ကျင်းစိမ်ပြီးနောက် ပြစ်ဒဏ် ၁ ချက် ပေးရန် ရှိလာပါက အောပို့နန့်သည် နောက်ရိုက်မည့် အချက်နှင့် သရေကျမည်ဆိုလျှင် ထိုကျင်းတွင် ပြိုင်ဘက်နှစ်ဦးစလုံးသည် ရိုက်ချက်တူ၍ နိုင်အရှုံး မရှိသည့် သရေကျသော ကျင်းအဖြစ် သတ်မှတ်သည်။

Rule 2-3. Winner of Match စည်းမျဉ်း ၂ – ၃ ပြိုင်ပွဲအနိုင်ရရှိသူ

ပြိုင်ပွဲ၏ အနိုင်အရှုံးကို ကျင်းမည်မျှ နိုင်နေပြီး ဆက်လက်ကစားရန် ကျင်းမည်မျှကျန်သည်ကို ဖော်ပြ၍ အနိုင်အရှုံး သတ်မှတ်သည်။ အကယ်၍ ၁၈ ကျင်းအပြီးတွင် အနိုင်အရှုံးမရှိ သရေဖြစ်ပါက ဆက်လက်ကစားရန် ကော်မတီက သတ်မှတ်ထားသော ကျင်းအရေအတွက်အတိုင်း ကစားရမည်။

Rule 2-4. Concession of Match, Hole or Next Stroke စည်းမျဉ်း ၂ – ၄ ပြိုင်ပွဲတစ်ခုလုံး၊ ကစားနေသော ကျင်း၊ ကစားရန်ကျန်သော ကျင်းများအား အနိုင်ပေးခြင်းနှင့် နောက်ရိုက်မည့် အချက်ဖြင့် ကျင်းဝင်ပေးခြင်း

ကစားသူသည် ကျင်းပြတ်ကစားသောအခါ မိမိ၏ပြိုင်ဘက်ကို မကစားမီ (သို့မဟုတ်) ပြိုင်ပွဲမပြီးမီ အနိုင်ပေးခြင်း ပြုလုပ်နိုင်သည်။ ကစားသူသည် ကျင်းပြတ်ကစားသောအခါ ကစားမည့်ကျင်းအား မိမိ၏ပြိုင်ဘက်ကို မကစားမီ (သို့မဟုတ်) ကစားနေစဉ်အတွင်း အနိုင်ပေးခြင်း ပြုလုပ်နိုင်သည်။ ကစားသူသည် ကျင်းပြတ်ကစားသောအခါ ပြိုင်ဘက်တီခုံမှ ရိုက်ပြီးနောက် ဘောလုံးရွေ့လျားနေစဉ်အချိန်မှအပ မည်သည့်အချိန်မဆို နောက်တစ်ချက်မရိုက်မီ ထိုရိုက်ချက်ဖြင့် ပြိုင်ဘက်၏ဘောလုံးကို ကျင်းဝင်သည်ဟု သတ်မှတ်ပေးနိုင်သည်။ အနိုင်ပေးခြင်းနှင့် နောက်ရိုက်မည့်အချက်ဖြင့် ကျင်းဝင်ပေးခြင်းကို ပေးပြီးပါက ငြင်းပယ်ခွင့်၊ ရုပ်သိမ်းခွင့် မရှိပါ။

Rule 2-5. Doubt as to Procedure; Disputes and Claims စည်းမျဉ်း ၂ – ၅ စည်းမျဉ်းနှင့်အညီဖြစ်ကြောင်းမသေချာလျှင် (သို့) အငြင်းပွားဖွယ်ဖြစ်လျှင် လုပ်ဆောင်ရမည့် နည်းလမ်း

ကျင်းပြတ်ကစားသောအခါ စည်းမျဉ်းနှင့်ပက်သက်၍ အငြင်းပွားဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက ဒိုင်လူကြီးလာသည်အထိ မစောင့်ရပါ။ မိမိ၏ပြိုင်ဘက်ကို စည်းမျဉ်းနှင့်အညီ အချိန်မီပြုလုပ်သော ကန့်ကွက်ခြင်းဖြစ်မှသာ ကော်မတီက ဆုံးဖြတ်ချက်ပေးသည်။

(i) ကစားသူက ကန့်ကွက်ခြင်းဖြစ်ကြောင်းနှင့် (ii) ကော်မတီသို့ မည်သည့်အကြောင်းကြောင့် တင်ပြ၍ ဆုံးဖြတ်ချက်ယူမည် ဖြစ်ကြောင်းကို မိမိ၏ပြိုင်ဘက်ကို အချိန်မီ အသိပေးရမည်။

အချိန်မီပြုလုပ်သော ကန့်ကွက်ခြင်းဆိုသည်မှာ ကန့်ကွက်သည့်အကြောင်းအရာကို သိလျှင်သိချင်း ကန့်ကွက်ခြင်းဖြစ်ပါက အချိန်မီပြုလုပ်သော ကန့်ကွက်ခြင်း ဖြစ်သည်။

အောက်ဖော်ပြပါအခြေအနေများအတွက်သာ ကန့်ကွက်ခြင်းကို ကော်မတီသို့ တင်ပြရန် ခွင့်ပြုသည်။

(i) မိမိအတွဲတွင် ပါဝင်သော ကစားသမားတစ်ဦးဦးက နောက်တစ်ကျင်း၏ တီခုံမှမရိုက်မီ ကန့်ကွက်ခြင်းကို ပြိုင်ဘက်သို့ အသိပေးပြောကြားခြင်း ပြုလုပ်ရမည်။ (ii) နောက်ဆုံးကျင်းဖြစ်ပါက ဂရင်းပေါ်မှ ကစားသူအားလုံး မဆင်းမီ ပြုလုပ်သောကန့်ကွက်ခြင်း ဖြစ်ရမည်။ (iii) ဂရင်းပေါ်မှ အားလုံး ဆင်းသွားပြီးနောက်ပိုင်းမှ ဖြစ်စဉ်ကို သိခြင်းဖြစ်လျှင် ဖြစ်ပေါ်ခဲ့သော ပြဿနာကို ပြိုင်ပွဲမပြီးဆုံးမီအချိန်အထိ ကော်မတီက လက်ခံဆုံးဖြတ်ပေးသည်။

ကစားပြီးသွားသော ကျင်းများအတွက် ကန့်ကွက်သူက ပြိုင်ဘက်ပြုလုပ်ခဲ့သော အချက်အလက် အကြောင်းအရာကို မသိရှိခဲ့ခြင်းနှင့် ပြိုင်ဘက်က အမှန်မပြောခဲ့ခြင်းကြောင့် အချိန်မီမပြုလုပ်နိုင်ခဲ့သော ကန့်ကွက်ခြင်းအတွက် ပြိုင်ပွဲအဖြေမထုတ်ပြန်မီအထိ ကော်မတီက လက်ခံဆုံးဖြတ်ပေးသည်။ ပြိုင်ပွဲပြီးဆုံးပြီး နောက်မှ ပြုလုပ်သော တင်ပြတောင်းဆိုမှုကို ကော်မတီက လက်ခံစဉ်းစားခြင်း မပြုလုပ်ပါ။ သို့သော် အောက်ဖော်ပြပါ အခြေအနေများနှင့် ကိုက်ညီပါက ပြိုင်ပွဲပြီးဆုံးပြီးနောက်မှ ပြုလုပ်သော ကန့်ကွက်ခြင်းကို ခွင့်ပြုသည်။


(i) ကန့်ကွက်သူက ပြိုင်ဘက်ပြုလုပ်ခဲ့သော အချက်အလက်နှင့် အကြောင်းအရာကို ပြိုင်ပွဲပြီးဆုံးသည့်တိုင်အောင် မသိရှိခဲ့ခြင်း၊ (ii) ပြိုင်ဘက်သည် မှား၍ ပြောခဲ့ခြင်းကြောင့် ကန့်ကွက်ခြင်းကို အချိန်မီ မပြုလုပ်နိုင်ခဲ့ခြင်း၊ (iii) ကစားသူသည် အမှန်ကိုသိလျက်နှင့် အမှားကို ပြောခဲ့ခြင်းဖြစ်ပါက ပြိုင်ပွဲပြီးသည့်နောက် အချိန်မရွေး ပြစ်ဒဏ်ချမှတ်၍ ရရှိခဲ့သောဆုများကို ပြန်လည်ရုတ်သိမ်းနိုင်သည်။

Note 1 မှတ်ချက် ၁ – စည်းမျဉ်းကို ပယ်ဖျက်စေသော သဘောတူညီမှု ပြုလုပ်ခြင်းမှအပ မိမိ၏ပြိုင်ဘက်သည် စည်းမျဉ်းနှင့်အညီ မကစားခြင်းကို ကစားသူက ခွင့်ပြုနိုင်သည်။ စည်းမျဉ်း 1-3.

Note 2 မှတ်ချက် ၂ – ကျင်းပြတ်ကစားနည်းတွင် သတ်မှတ်ထားသော စည်းမျဉ်းနှင့် ကိုက်ညီမှု ရှိ/ မရှိ မသေချာလျှင် ဘောလုံးနှစ်လုံး ကစားခွင့်မရှိပါ။

Rule 2-6 General Penalty အထွေထွေပြစ်ဒဏ်သတ်မှတ်ချက်
ကျင်းပြတ်ကစားခြင်း၏ အထွေထွေ ပြစ်ဒဏ်သတ်မှတ်ချက်မှာ အခြားသတ်မှတ်ပြဌာန်းထားသော ပြစ်ဒဏ်မရှိလျှင် ကျင်းရှုံးဖြစ်သည်။

ဂေါက်သီးစည်းမျဉ်းများ (အပိုင်း – ၂)

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts