ဂေါက်သီးစည်းမျဉ်းများ (အပိုင်း - ၁)

ဂေါက်သီးစည်းမျဉ်းများ (အပိုင်း – ၁)

ဂေါက်သီးစည်းမျဉ်းများ (အပိုင်း – ၁) ~~~~
Rule 1 The Game စည်းမျဉ်း ၁ – ဂေါက်သီးကစားခြင်း
Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စာလုံးအစောင်းဖြင့် ရေးသားထားသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်များအား စာမျက်နှာ ၂၅ မှ ၃၆ တွင် ဖတ်ရန်။

Rule 1-1. General ဂေါက်သီးကစားခြင်း
ဂေါက်သီးကစားခြင်းဆိုသည်မှာ ဂေါက်သီးကို တီခုံမှ ကျင်းဆီသို့ စည်းမျဉ်းနှင့်အညီ ဂေါက်တုတ်ဖြင့် တစ်ချက် (သို့မဟုတ်) တစ်ချက်ထက်ပို၍ ရိုက်ပြီး ကျင်း အတွင်းသို့ ဝင်သည်အထိ ကစားခြင်းဖြစ်သည်။

Rule 1-2. Exerting Influence on Movement of Ball or Altering Physical Conditions
ကစားနေသောဘောလုံးအပေါ် ကြံရွယ်ချက်ဖြင့် အကျိုးသက်ရောက်စေမည့် ပြုလုပ်ချက်
(i) ကျင်းကစားနေသောဘောလုံး ဘောအင်ပလေး၏ ရွေ့လျားမှုအပေါ် အကျိုးသက်ရောက်စေရန် မပြုလုပ်ရပါ။ (ii) ကျင်းကစားနေစဉ် ထိုကျင်းတွင် တည်ရှိနေသော သဘာဝရုပ်ပစ္စည်းများကို ကစားခြင်းအပေါ် အကျိုးသက်ရောက်စေနိုင်သော ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ရပါ။

Exceptions: ခြွင်းချက်များ
1. ကစားသူ၏ ပြုမူလုပ်ဆောင်ချက်သည် အခြားစည်းမျဉ်းတစ်ခုနှင့် သက်ဆိုင် (သို့မဟုတ်) ငြိစွန်းပါက ထိုစည်းမျဉ်းအတိုင်း ဆောင်ရွက်ရန်။ စည်းမျဉ်း 1-2 နှင့် မငြိစွန်းပါ။
2. ကစားသူသည် ကွင်းအားကောင်းမွန်စေရန်ဟူသော ရည်ရွယ်ချက်သက်သက်ဖြင့် ပြုလုပ်ခြင်းအတွက် စည်းမျဉ်း1-2 နှင့် မငြိစွန်းပါ။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 1-2
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး                အချက်ရေကစားခြင်း – ၂ ချက်
ထိုသို့ပြုလုပ်ခြင်းဖြင့် အထူးတလည်အကျိုးသက်ရောက်စေခြင်း ဖြစ်ပါက ကော်မတီက ပွဲပယ်သည့်ပြစ်ဒဏ် DQ အထိ သတ်မှတ်နိုင်သည်။

Note 1 မှတ်ချက် ၁ – အထူးတလည်အကျိုးသက်ရောက်စေခြင်းဆိုသည်မှာ ကစားသူကိုယ်တိုင် (သို့မဟုတ်) အခြားကစားသမားအတွက် အထူးတလည် အကျိုးဖြစ်ထွန်းခဲ့ပါက (သို့မဟုတ်) မိမိ၏ပါတနာမှလွဲ၍ အခြားကစားသူကို အထူးတလည်နစ်နာစေခဲ့ခြင်း ဖြစ်ပေါ်စေလျှင်ဖြစ်သည်။

Note 2 မှတ်ချက် ၂ – အချက်ရေကစားခြင်းတွင် ကစားသူသည် စည်းမျဉ်း 1-2 နှင့် ငြိစွန်း၍ ပွဲပယ်ပြစ်ဒဏ် DQ အထိ ချမှတ်ခံရခြင်းမရှိလျှင် ရွေ့လျားလာသော မိမိ၏ ဘောလုံးရပ်သည့်နေရာ (သို့မဟုတ်) ရွေ့လျားလာသော ဘောလုံးကို ကစားသူကြောင့် ရောက်ရှိသွားသောနေရာမှ ဆက်ကစားရမည်။ ရွေ့လျားလာသော ဘောလုံးသည် အောက်ဆိုက်အေဂျင်စီ (သို့မဟုတ်) မိမိ၏ကစားဖော် ဖဲလိုးကွန်ပီတစ်တာက ကြံရွယ်ချက်ဖြင့် ပြုလုပ်ခြင်းကြောင့် အနေအထားပြောင်းသွားလျှင် စည်းမျဉ်း 1-4 နှင့်အညီ ဆောင်ရွက်ရမည်။ စည်းမျဉ်း 19-1 ၏ မှတ်ချက်ကို ဖတ်ရှုရန်။

Rule 1-3. Agreement to Waive Rules
စည်းမျဉ်း ၁-၃ စည်းမျဉ်းကိုပယ်ဖျက်စေသော သဘောတူညီမှုပြုလုပ်ခြင်း
ကစားဖော်အချင်းချင်း စည်းမျဉ်းများကို ပယ်ဖျက်စေသော သဘောတူညီမှုပြုလုပ်ခြင်း၊ ညှိနှိုင်းကစားခြင်းနှင့် ပြစ်ဒဏ်များလျှော့ပေါ့ခြင်း မပြုလုပ်ရပါ။

ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 1-3
ကျင်းပြတ်ကစားခြင်း – နှစ်ဘက်စလုံး ပွဲပယ်ပြစ်ဒဏ် DQ
အချက်ရေကစားခြင်း – ပွဲပယ် DQ (သဘောတူညီမှုပြုလုပ်ခြင်းတွင် ပါသောသူအားလုံး)

Rule 1-4. Points Not Covered by Rules စည်းမျဉ်း ၁-၄ သာတူညီမျှမှုဆုံးဖြတ်ချက်
အကယ်၍ စည်းမျဉ်းများနှင့် အတိအကျဆုံးဖြတ်၍မရသော ထူးခြားဖြစ်စဉ်များရှိခဲ့ပါက သာတူညီမျှမှုဖြင့် ဆုံးဖြတ်ချက်ချရသည်။

ဂေါက်သီးစည်းမျဉ်းများ (အပိုင်း – ၁)

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts