သားသမီးရဲ့ ယုံကြည်အားကိုးမှု

သားသမီးရဲ့ ယုံကြည်အားကိုးမှု

တစ်နေ့မှာ ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်နဲ့ သူ့အဖေဟာ ရေစီးသန်တဲ့ ချောင်းတစ်ခုပေါ် ထိုးထားတဲ့ ကြိုးတံတားတစ်ခုကို ဖြတ်ကျော်ဖို့ကြုံလာတယ်။ ကြိုးတံတားဆိုတာ လူဖြတ်လိုက်ရင် ယိမ်းယိုင်သွားတတ်တယ်။ မတော်တဆ လူဟာ အောက်ကို ပြုတ်ကျသွားနိုင်တယ်။ ဒါကြောင့် အဖေဖြစ်သူက စိုးရိမ်ပြီး သူ့သမီးကို ခုလိုပြောပါတယ်။ 

အဖေ… ‘သမီးလေး အဖေ့လက်ကို မြဲမြဲကိုင်ထားနော်။ ဘာဖြစ်ဖြစ် အဖေ့လက်ကို မလွှတ်လိုက်နဲ့’။ 

သမီး… ‘အဖေ သမီးလက်ကိုပဲ ကိုင်ပေးထားပါ’

အဖေ… ‘ဘာဖြစ်လို့လဲ သမီးရဲ့။ အဖေ့ရဲ့လက်ကို သမီးကိုင်တာနဲ့ သမီးလက်ကို အဖေကိုင်တာ တူတူပဲမဟုတ်ဘူးလား’။ 

သမီး… ‘မတူဘူးအဖေ။ သမီးခြေချော်ပြီး အောက်ကျမလို ဖြစ်သွားရင် သမီးကြောက်ကြောက်လန့်လန့်နဲ့ အဖေ့လက်ကိုလွှတ်မိလိုက်လိမ့်မယ်။ ဒါပေမယ့်အဖေက သမီးလက်ကိုကိုင်ထားရင် သမီးခြေချော်ကျလည်း အဖေ သမီးလက်ကို ဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး’တဲ့။ 

ဒါက ဘာကိုပြသလဲဆိုတော့ သားသမီးက မိဘအပေါ်ထားတဲ့ ယုံကြည်အားကိုးမှု။ မိဘကလည်း သားသမီးရဲ့ တစ်သက်လုံး ယုံကြည်အားကိုးမှု ရှိစေဖို့ မိမိအပြုအမူ၊ အနေအထိုင်၊ အပြောအဆိုတွေကို ထိန်းထိန်းသိမ်းသိမ်းနေဖို့ လိုပါတယ်။ 

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ် 

Related Posts