ဂဏန်းအသားထောင်း
ပါဝင်သောပစ္စည်းများ
- စည်သွပ်ဂဏန်းအသား(လတ်လတ်ဆတ်ဆတ်) – နှစ်ဆယ့်ငါးကျပ်သား
- အုန်းနို့ – တစ်ဆယ့်ငါးကျပ်သား
- ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်
- ကြက်သွန်နီ(နုပ်နုပ်စဉ်း) – နှစ်ခု
- နံနံ/ ပူစီနံရွက်(နုပ်နုပ်စဉ်း) – စားပွဲတင်ဇွန်းနှစ်ဇွန်း
- သံပရာရည် – စားပွဲတင်ဇွန်းတစ်ဇွန်း
- ငရုတ်သီးစိမ်းအစေ့ထုတ်(နုပ်နုပ်စဉ်း) – တစ်တောင့်
- ငရုပ်ကောင်းအဖြူ(ထုထောင်းပါ) – အနည်းငယ်
- အသီးအရွက်စုံတို့စားရန် – လေးငါးမျိုး
ပြုလုပ်နည်းအဆင့်ဆင့်
*ဒယ်အိုးတစ်လုံးမှာ အုန်းနို့ထည့်ပါ။
*မီးဖိုတွင် အုန်းနို့ဆူလာအောင် တည်ထားပါ။ ဆူလာလျှင် ဂဏန်းအသားနှင့် ဆားတို့ ထည့်မွှေပြီး ငါးမိနစ်လောက်ဆက်တည်ထားပါ။
*ထို့နောက် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊ နံနံ/ပူစီနံ စသည့် နုပ်နုပ်စဉ်းထုထောင်းထားသည်များနှင့် သံပုရာရည်တို့ကို ထပ်တည်ပြီး မွှေပေးပါ။ ခဏနေရင် မီးဖိုကချပြီး အအေးခံပါ။
*ဂဏန်းသားထောင်းဟင်းကို ပန်းကန်ငယ်တစ်ခုမှာ သပ်သပ်ထည့်ပြီး မုန်လာဥနီ၊ ငရုတ်ပွ၊ သခွားသီး၊ ပန်းပွင့်စိမ်း၊ ဆလပ်ရွက် စသည့် တို့စားနိုင်သော ဟင်းသီးဟင်းရွက်ကို ရေဆေး၊ အရွယ်တော် လှီးဖြတ်ပြီး ဘေးကရံထားပါ။ တို့မြှုပ်စားဖို့ဖြစ်ပါသည်။
မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။