ကြက်သားထမင်းသုပ်

ကြက်သားထမင်းသုပ်

ကြက်သားထမင်းသုပ်

ပါဝင်သောပစ္စည်းများ

  • ကြက်သား(အသား) – တစ်ဆယ်ကျပ်သား
  • ထမင်း – တစ်လုံးချက်
  • ကြက်ဥ – တစ်လုံး
  • မုန်လာဥနီ – တစ်ဥ
  • မုန်လာဥဖြူ – တစ်ဥ
  • တရုတ်ပဲငပိ – နှစ်ဇွန်း
  • သကြား – အနည်းငယ်
  • ငရုပ်ကောင်းမှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်
  • နှမ်းဆီ – အနည်းငယ်
  • ကင်ချီ – လိုသလောက်
  • နှမ်း – အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

*ထမင်းကိုချက်ထားပါ၊

*ကြက်သားကို ရေဆေးပြီးအလွှာလိုက် လှီးဖြတ်ထားပါ။ တရုတ်ပဲငပိ၊ သကြား၊ ခရုပ်ကောင်းမှုန့်များဖြင့် နယ်ပြီးပေါင်းပါ။ ကြက်ဥကို မကျက်တကျက် ကြော်ထားပါ။

*မုန်လာဥနီကို ရေဆေးပြီးတော့ အမြှောင်းအမြှောင်းကလေးများဖြစ်အောင် ကုတ်ဖြစ်ခြစ်ပြီး ဆားရေစိမ်ထားပါ။ မုန်လာဥဖြူကိုလည်း ဤအတိုင်းလုပ်ပါ။

*သုတ်စားမည့်ပန်းကန်ထဲသို့ထမင်းများထည့် အပေါ်မှပေါင်းထားသော ကြက်သားများထည့်ပါ။ ကင်ချီထည့်ပါ။ နှမ်းနှင့် နှမ်းဆီလေး ဖြူးပြီးနောက် နယ်လိုက်ပါ။ အပေါ့အငန်အရသာ လိုတာကို ထပ်ထည့်ပါ။အပေါ်ကကြော်ထားသောကြက်ဥမကျက်တကျက်ကိုအုပ်လိုက်အစပ်လိုရင်ငရုပ်သီးစိမ်းနှင့် တို့စားပါ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts