ကျေးဇူးတရားမမေ့ဖို့ပါ

ကျေးဇူးတရားမမေ့ဖို့ပါ

တစ်နေ့မှာ လူငယ်လေးနှစ်ယောက်ဟာ ပင်လယ်ကမ်းခြေတစ်ခုမှာ လမ်းလျှောက် စကားပြောနေကြရင်း စကားများရန်ဖြစ်ကြတယ်။ အခြေအနေတင်းမာလာလို့ တစ်ယောက်က သူ့ သူငယ်ချင်းမျက်ခွက်ကို လက်သီးနဲ့ ပစ်ထိုးလိုက်လို့ အထိုးခံရတဲ့သူငယ်က သဲသောင်ပြင်ပေါ် လဲကျသွားတယ်။

လဲကျသွားတဲ့ သူငယ်ဟာ ဘာမှပြန်မလုပ်ဘဲ မျက်ရည်ကျရင်းနဲ့ သဲပေါ်မှာ လက်ညိုးနဲ့ စာရေးလိုက်တယ်။ ” ဒီနေ့ အခင်ဆုံးသူငယ်ချင်းက ငါ့ကို လက်သီးနဲ့ထိုးလိုက်တယ်” တဲ့။ သူတို့နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတော့ပေမယ့်လည်း အတူတူ လမ်းဆက်လျှောက်သွားကြတယ်။

စမ်းချောင်းလေး တစ်ခုတွေ့တော့ နှစ်ယောက်သား ရေဆင်းကူးကြတယ်။ စမ်းချောင်းရေဟာ အတော်နက်တယ်။ စောစောက အထိုးခံရတဲ့လူဟာ ရေကူးရင်းနဲ့ ရေနစ်ပါတော့တယ်။ ဒါပေမဲ့ သူငယ်ချင်းက အတင်းဆယ်ယူပြီး ရေမွန်းသတိလစ်နေတဲ့သူ့ကို ကမ်းပေါ်ဆွဲတင်လိုက်တယ်။

ရေနစ်နေတဲ့လူငယ် သတိပြန်လာတော့ ဘာစကားမှမပြောဘဲ အနားမှာရှိတဲ့ ကျောက်တုံးတစ်တုံးကို ကျောက်တုံးအစတစ်ခုနဲ့ ထွင်းပြီး စာရေးလိုက်တယ်။ “ဒီနေ့ အခင်ဆုံးသူငယ်ချင်းကို ကယ်လိုက်တယ်”တဲ့။ အဲဒီတော့ ရေနစ်ကယ်ပေးတဲ့ သူငယ်ချင်းက သူ့ကိုမေးတယ်။ “စောစောတုန်းက မင်းသဲပေါ်မှာစာရေးပြီး အခုကျတော့ဘာလို့ ကျောက်တုံးပေါ်မှာ ရေးရတာလဲ”တဲ့။ စာရေးတဲ့လူငယ်လေးက ပြန်ဖြေတယ်။

“တစ်ယောက်ယောက်က ငါ့ကိုထိခိုက်အောင်လုပ်ရင် စိတ်ဖြေတဲ့အနေနဲ့ ငါသဲပေါ်မှာ စာရေးလိုက်တယ်။ သဲပေါ်မှာ ရေးထားတဲ့စာဟာ ကြာကြာမခံပါဘူး။ လေတိုက်ရင် ပျက်သွားမှာပါ။ ဒါပေမယ့် တစ်ယောက်ယောက်က ငါ့ကိုကူညီလိုက်ရင်တော့ ငါကျောက်တုံးပေါ်မှာ အမှတ်တရစာတမ်း ထိုးလိုက်တယ်။ လေတိုက်ရင်လည်း စာမပျက်တော့သလို ငါ့စိတ်ထဲမှာ သူ့ကျေးဇူးကို တစ်သက်မမေ့တော့ဘူးကွာ”တဲ့။

အင်တာနက်မှာတွေ့လို့ဖတ်ပြီး ကြိုက်တာနဲ့ အတွေးပွားရအောင် တင်ပေးလိုက်ရပါတယ်။

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှကူးယူဖော်ပြထားပါတယ်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts