ကောင်းသောတန်ဖိုးနှင့် အသုံးမကျသောတန်ဖိုးများကို ခွဲခြားကြည့်ခြင်း

ကောင်းသောတန်ဖိုးနှင့် အသုံးမကျသော တန်ဖိုးများကို ခွဲခြားကြည့်ခြင်း

ကောင်းသောတန်ဖိုးနှင့် အသုံးမကျသော တန်ဖိုးများကို ခွဲခြားကြည့်ခြင်း

ကောင်းသောတန်ဖိုးတွေဆိုတာ

  • အဖြစ်မှန်ပေါ်မှာ အခြေခံတယ်။
  • ပတ်ဝန်းကျင်ကို အကျိုးပြုတယ်။
  • ချက်ချင်းရနိုင်တယ်၊ ကိုယ်တိုင် ထိန်းချုပ်နိုင်တယ်။

မကောင်းတဲ့တန်ဖိုးတွေဟာ

  • စိတ်ကူးယဉ်ဆန်တယ်။
  • ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်။
  • ချက်ချင်းမရဘူး၊ ထိန်းချုပ်လို့မရဘူး။

ရိုးသားမှုဆိုတာ ကောင်းသောတန်ဖိုးဖြစ်တယ်။ ကိုယ်တိုင်အပြည့်အဝ ထိန်းချုပ်လို့ရတဲ့ အရာလည်းဖြစ်တယ်။ အဖြစ်မှန်ကိုလည်း အခြေခံတယ်။ ပတ်ဝန်းကျင်အတွက်လည်း ကောင်းတယ် (အမှန်တရားကြောင့် ထိခိုက်သူတွေ ရှိနေရင်တောင်မှ ကောင်းတဲ့တန်ဖိုးတစ်ခု ဖြစ်တယ်။) ကျော်ကြားမှုဆိုတဲ့ တန်ဖိုးကျတော့ မကောင်းတဲ့တန်ဖိုးဖြစ်တယ်။

ကိုယ်တန်ဖိုးထားတဲ့အရာက ကျော်ကြားမှု၊ နာမည်ကြီးမှုဖြစ်နေရင် ခက်ပြီ။ ပါတီပွဲတစ်ခုမှာ ပေါ်ပြူလာ အဖြစ်ဆုံးလူ ဖြစ်ချင်တယ်ဆိုပါစို့။ ကိုယ်ကိုယ်တိုင် ထိန်းချုပ်လို့ရတာတွေက သိပ်မရှိတော့ဘူး။ ဒီပါတီပွဲကို ဘယ်သူတွေ လာမှာလဲ။ ကိုယ့်ထက် ပေါ်ပြူလာဖြစ်တဲ့သူ ရောက်လာရင်ရော။ လူတွေအကုန်လုံးက ကိုယ်နဲ့သိတဲ့သူတွေ ဖြစ်ချင်မှ ဖြစ်မယ်။ အဖြစ်မှန်ပေါ်မှာ အခြေခံတာလည်း မဟုတ်ပြန်ဘူး။

ခင်ဗျားကို သူများက ပေါ်ပြူလာဖြစ်တယ်လို့ ထင်ချင်ထင်မယ်၊ ပေါ်ပြူလာ မဖြစ်ဘူးလို့လည်း ထင်ချင်ထင်မယ်။ လူတွေစိတ်ထဲ ဘာထင်နေသလဲ၊ နကန်းတစ်လုံးမှ မသိနိုင်ဘူးမဟုတ်လား။ (မှတ်ချက်။ လူအများ ထင်မြင်ချက်တွေကို ကြောက်တဲ့သူဟာ သူတို့ကိုယ်သူတို့ ပြန်မြင်နေတဲ့ ဆိုးကွက်တွေကို တခြားသူသိသွားမှာ စိတ်ပူနေတဲ့သူတွေ။)

ကောင်းမွန်တဲ့ တန်ဖိုးအချို့ကို ဥပမာပေးရရင် ရိုးသားမှု၊ ဆန်းသစ်တီထွင်ခြင်း၊ ကိုယ်ချင်းစာစိတ်၊ ကိုယ့်အားကိုယ်ကိုးစိတ်၊ တစ်ပါးသူကို ကာကွယ်လိုစိတ်၊ မိမိကိုယ်ကိုယ် လေးစားမှု၊ စူးစမ်းလေ့လာစိတ်၊ စေတနာ၊ ကိုယ်ကျင့်တရား။ ကောင်းတဲ့တန်ဖိုးတွေကို သတိထားပြီး လေ့လာကြည့်ရင် ဒီတန်ဖိုးတွေဟာ ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေ အခြေခံတာကို တွေ့ရမယ်။ ကိုယ့်အားကိုယ်ကိုးစိတ်၊ စေတနာထားစိတ်ဆိုတာ အခုချက်ချင်းရအောင် လုပ်လို့ရတယ်မဟုတ်လား။ ကိုယ်ကိုယ်တိုင်လည်း ထိန်းချုပ်နိုင်တဲ့ တန်ဖိုးတွေဖြစ်တယ်။

စိတ်ဓာတ်ကို ပြောင်းလဲပေးဖို့သာ လိုတယ်။ ဒီတန်ဖိုးတွေဟာ လောကကို အရှိကိုအရှိအတိုင်း ရင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်တယ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်လာအောင်လည်း ကူညီပေးနိုင်တယ်။ ကိုယ်ဖြစ်ချင်သလို မဖြစ်ရင်လည်း ရင်ဆိုင်ဖို့ ခွန်အားပေးနိုင်တယ်။ တန်ဖိုးဆိုတာ ဦးစားပေးခြင်းပေါ်မှာလည်း မူတည်တယ်။ လူတိုင်းကတော့ ပင်လယ်ကမ်းခြေမှာ ဘန်ဂလိုအပိုင်နဲ့ နေချင်သူတွေချည်းပါပဲ။ မေးခွန်းက ဘယ်အရာကို ဦးစားပေးမှာလဲ ဆိုတာပါ။ ကိုယ်တန်ဖိုးအထားဆုံးအရာတွေက ဘာတွေလဲ။ ကိုယ့်ဆုံးဖြတ်ချက်မှန်သမျှကို ဒီတန်ဖိုးတွေကသာ ဦးဆောင်သွားမှာ မဟုတ်လား။

ချမ်းမြေ့ဝင်း ဘာသာပြန်သော ဂရုမစိုက်ခြင်း အနုပညာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts