အတွေးအခေါ်များ

ကျပန်း အတွေးအခေါ်များ မဟုတ်ပါ

(No random thoughs)

ဗုဒ္ဓမြတ်စွာဘုရားက ‘စိတ်သည်သာ အဓိကဖြစ်သည်။ မိမိတို့ တွေးခေါ်သလို မိမိတို့ဖြစ်လာသည်ဟု’ ဆုံးမခဲ့သည်။ ယင်းသည် ကျွန်မတို့ဘဝ၏ ဧရိယာစုံတွင်မှန်ကန်သည်။ သို့သော် အသက်မွေးမှုလုပ်ငန်းအတွက် ပိုမှန်သည်။ ကျွန်မတို့ ပုံမှန်တွေးခေါ်နေမှုကို အာရုံ စိုက်ရသည်၊ သို့မဟုတ် ဉာဏ်အားထုတ်မှုစိုက်ရသည်။ ဉာဏ်အားထုတ်မှု (ကျွန်မတို့ အတွေးများ) ကို ရုပ်ပိုင်းဆိုင်ရာလောကတွင် လှုပ်ရှားမှုအဖြစ် ပြသသည်။ ပုံမှန်လှုပ်ရှားမှုများသည် အလေ့အထများ ဖြစ်လာသည်။ ထို အလေ့အထများသည် ကျွန်မတို့ဘဝများကို ဖန်တီးသည်။ ကျွန်မတို့ အတွေးအခေါ် အာရုံစုစည်းမှု ပိုများသည်၊ ပိုရှင်းသည်ဆိုလျှင် ရလဒ်မှာ အာရုံစူးစိုက်မှု ပိုရှိပြီး ပိုရှင်းလင်းမည်။

လိုလားသည့်ပန်းတိုင်ကို တိကျစွာ ဖွင့်ဆိုထားခြင်းမရှိလျှင် ကျွန်မတို့ အောင်မြင်မှုရရှိရန် အလားလာမရှိနိုင်ပါ။

အကောင်းဆုံးအနေအထားတွင်ပင် ရောထွေးနေသော ရလဒ်တစ်ခုကို ရလိမ့်မည်။ တစ်ခါတစ်ရံ ကျွန်မတို့ စီမံချက်များအဆင်ပြေသည်။ တစ်ခါတစ်ရံ အဆင်မပြေပါ။

ယခုရက်သတ္တပတ်တွင် အချိန်ယူပြီး သင့်အသက်မွေးမှုလုပ်ငန်းတွင် မည်သို့ရှိသည်ကို စဉ်းစားပါ။ အလုပ်တွင် သင့်ရလဒ်များသည် တစ်သမတ်တည်းကျမနေပါက သင့်အတွေးများသည်လည်း တစ်သမတ်တည်းကျနေခြင်းမရှိဟု ပြနေပါသည်။ တစ်ခါတစ်ရံ သင့်လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြုခြင်းခံရသည်။ တစ်ခါတစ်ရံမပြုပါ။ တစ်ခါတစ်ရံ သင်ရာထူးတိုးမြှင့်ခြင်းခံစားရသည်။ တစ်ခါတစ်ရံ မခံစားရပါ။ သင့် အတွေးအခေါ်များ သည် သင်၏ လိုလားချက်များကို ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု သတိပြုမိပါက ထိုအတွေးကို ‘ဖျက်ပစ်ပါ’၊ ထို့နောက် သင့်ပန်းတိုင်နှင့် နီးစပ်မှုရှိသော အတွေးအခေါ်ကို အစားထိုးပါ။

မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts