ဖိစီးမှုကိုင်တွယ်ဖြေရှင်းရန်အတွက် “ရေ”၏ အပိုင်းကဏ္ဍ

ဖိစီးမှုကိုင်တွယ်ဖြေရှင်းရန်အတွက် “ရေ”၏ အပိုင်းကဏ္ဍ

(Water’s role in stress management)


ကျွန်မ၏ ဖိစီးမှုကိုင်တွယ်ဖြေရှင်းနည်း ပို့ချချက်များတွင် ရေသောက်သုံးမှုကို အမြဲတမ်းထည့်သွင်းဖော်ပြသည်။ ရေသည် ဘာကြောင့် ထိုမျှလောက် အရေးကြီးသနည်း။ အကယ်၍ စံနှုန်းအတိုင်း တစ်နေ့လျှင် အောင်စဖန်ခွက်ဖြင့် ရေရှစ်ခွက် မသောက်လျှင် ဘာဖြစ်မည်နည်း။ ထိုမျှလောက်ပင် အန္တရာယ်ပြုမည်လား။ ရေအကြောင်း အရေးကြီးသည့် အချက်အလက်အချို့ကို ဖတ်ကြည့်ပါ။


(၁) နေ့အချိန်တွင် မောပန်းခြင်း၏ နံပါတ်တစ် အစပျိုးပေးမှုမှာ ရေဖြစ်သည်။


(၂) အမေရိကန်များ၏ ၇၅ ရာခိုင်နှုန်းသည် နာတာရှည် အရည်ခန်းခြောက်သူများဖြစ်သည်။


(၃) အရည်ခန်းခြောက်မှုသည် ဓာတ်မတည့်ခြင်းများ၊ စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ ကာလတိုမှတ်ဉာဏ်ချို့ယွင်းခြင်းတို့နှင့် ကွင်းဆက်ဖြစ်နေသည်။


(၄) အမေရိကန်တို့၏  ၃၇ ရာခိုင်းနှုန်းတွင် ရေငတ်ခြင်းအာသာပြေမှုသည် အားနည်းလွန်း၍ များသောအားဖြင့် ဆာလောင်ခြင်းနှင့် မှားယွင်းတတ်ကြသည်။


(၅) ခန္ဓာကိုယ်အတွင်း ရေ ၂ ရာခိုင်နှုန်းကျသည်နှင့် မှုန်ဝါးခြင်း၊ အခြေခံသင်္ချာပင်မတွက်နိုင်ခြင်း၊ ကွန်ပျူတာဖန်သားပြင်၊ သို့မဟုတ် ပုံနှိပ်စာရွက်ကို အာရုံစိုက်မကြည့်နိုင်ခြင်းတို့ဖြစ်သည်။


(၆) မပြင်းထန်သော အရည်ခန်းခြောက်မှုပင်လျှင် လူတစ်ယောက်၏ ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေပြီး အဆိပ်အတောက် ချေဖျက်မှုကိုလည်း ရပ်တန့်စေသည်။


(၇) ဝါရှင်တန်တက္ကသိုလ်မှ လေ့လာချက်တစ်ခုအရ ရေတစ်ခွက်သည် လေ့လာချက်တွင်ပါဝင်သော အတိုင်းအချင့်နှင့်စားသူ ၁၀၀ ရာခိုင်နှုန်းနီးပါးစလုံးတွင် ညသန်းခေါင် ဆာလောင်မှုဝေဒနာကို တားဆီးပေးသည်။


(၈) ပဏာမလေ့လာချက်၏ ညွှန်ပြချက်အရ နေ့စဉ် ရေရှစ်ခွက်မှ ဆယ်ခွက်သောက်ပါက နောက်ကျောနှင့် အဆစ်နာကျင်မှုကို ထိုဝေဒနာခံစားရသူ ၈၀ ရာခိုင်နှုန်းတွင် သက်သာစေသည်။


(၉) နေ့စဉ် ရေ ငါးခွက်သောက်ခြင်းသည် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်း လျော့နည်းစေသည်။ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၇၉ ရာခိုင်နှုန်း လျော့နည်းစေသည်။ ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျော့နည်းစေသည်။


ဇာစ်မြစ်


ရေ၏ အကျိုးအာနိသင်အကြောင်း ထပ်မံဖတ်ရှုလိုပါက (Dr Fereydoon Batamanghelidj) ရေးသားသည့်  ‘သင့်ခန္ဓာကိုယ်မှ ရေတောင်းဆိုမှုငိုသံများ’ (Your body’s many cries for water) စာအုပ်ကို ဖတ်သင့်ပါသည်။


မြနှင်းဆီ ဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts