ကျန်းမာရေးအတွက် အကျိုးရှိစေမည့် ရှက်ရွံ့စရာကောင်းသည့် အပြုအမူများ

ကျန်းမာရေးအတွက် အကျိုးရှိစေမည့် ရှက်ရွံ့စရာကောင်းသည့် အပြုအမူများ

ကျန်းမာရေးအတွက် အကျိုးရှိစေမည့် ရှက်ရွံ့စရာကောင်းသည့် အပြုအမူများ

လူအများစုဟာ ရှက်ရွံ့စရာကောင်းတဲ့ အပြုအမူတွေကို အကျင့်ပါနေလို့ပဲဖြစ်ဖြစ်၊ မပြုလုပ်ချင်ပေမယ့်လည်း မထိန်းနိုင်လို့ ဖြစ်သွားတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်မိကြပေမယ့် ရှက်တာကြောင့် မပြောပြဘဲနေတာမျိုး၊ အတင်းအောင့်ထားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တချို့အပြုအမူတွေက ရုတ်တရက်ကြည့်ရင်း ရှက်ရွံ့စရာကောင်းတယ်လို့ ဆိုရပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေချိုးစဉ် ရှူးပေါက်ချခြင်း
ရေချိုးနေစဉ် ရှူးပေါက်ချတာကတော့ လူတော်တော်များများက မပြုလုပ်ဘူးလို့ ထင်ကြရပါတယ်။ ဒါပေမဲ့လည်း လူတွေရဲ့ ၇၅ ရာခိုင်နှုန်းက ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ရေချိုးရင်းနဲ့ ရှူးပေါက်လိုက်တယ်လို့ သိရပါတယ်။ ရှက်စရာလို့ထင်ရပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ရေချိုးရင်းနဲ့ ရှူးပေါက်တာကြောင့် ဆီးမှာ ပါဝင်တဲ့ အမိုးနီးယားနဲ့ ယူရစ်အက်စစ်တွေက ခြေချောင်းတွေမှာ မှိုပိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရေကိုလည်း ချွေတာရာ ရောက်သွားပါတယ်။

၂။ တံတွေးတပျစ်ပျစ်ထွေးခြင်း
တံတွေးတပျစ်ပျစ်ထွေးတာက ရွံစရာကောင်းတဲ့ အပြုအမူပါ။ ပုံမှန်အခြေအနေတွေမှာ ဒီလိုအပြုအမူမပြုလုပ်ဖို့ တားမြစ်ထားပေမယ့် လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာတော့ တံတွေး ခဏခဏ ထွေးဖို့ အကြံပေးထားပါတယ်။ ကျွန်မတို့ဟာ ပုံမှန်အားဖြင့် နှာခေါင်းနဲ့ အသက်ရှူကြပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ပါးစပ်နဲ့ အသက်ရှူကြရတာကြောင့် တံတွေးတွေ ပိုမိုထွက်လာပြီး အသက်ရှူမှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်သွားပါတယ်။ လေ့ကျင့်ခန်းပြုလုပ်သူတွေအနေနဲ့ ပြုလုပ်နေစဉ်အတွင်းမှာတော့ မကြာခဏ တံတွေးထွေးသင့်ပါတယ်။

၃။ ပီကေဝါးခြင်း
ပီကေဝါးပြီး ဝါးပြီးသားပီကေကို ဟိုထွေးဒီထွေးလုပ်တာက မသတီစရာ အပြုအမူပါ။ ဒါပေမဲ့ ပီကေဝါးတာကြောင့် ကျန်းမာရေးကောင်းမွန်စေနိုင်တယ်ဆိုတာကို လေ့လာမှုအရ သိရှိထားပါတယ်။ ပီကေဝါးတာကြောင့် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်တာ၊ မှတ်ဉာဏ်ထက်သန်တာ၊ စိတ်ဖိစီးမှုလျော့နည်းတာနဲ့ ကော်တီစောဟော်မုန်းတွေ ထွက်ရှိလာပြီး ဟော်မုန်းညီညွတ်မျှတမှုရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ လေလည်ခြင်း
မိမိလေလည်လိုက်တာကြောင့် ထွက်လာတဲ့အနံ့အသက်တွေက တစ်ပါးသူကို အနှောင့်အယှက်ဖြစ်မှာ စိုးတဲ့အတွက် လေလည်ချင်ရင်တောင်မှ အတင်းအောင့်ထားတတ်သူတွေရှိပါတယ်။ အမှန်ကတော့ လေလည်တာက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အစာစားပြီး ခြောက်နာရီကြာတိုင်း အစာခြေစနစ်က နိုက်ထရိုဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထုတ်လုပ်ပါတယ်။ လေလည်တာကြောင့် ဒီဂက်စ်တွေက ပြင်ပကို ထွက်သွားနိုင်ပါတယ်။ လေမလည်ဘဲ အောင့်ထားခဲ့ရင် လေပွတာ၊ လေထိုးလေအောင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် လူတွေက တစ်နေ့ကို ၁၄ ကြိမ်လောက် လေလည်တတ်ပါတယ်။ အိပ်နေစဉ်မှာ ၃-၅ ကြိမ် အထိ လေလည်တယ်လို့ သိရပါတယ်။

၅။ လေချဉ်တက်ခြင်း
လူအများရှေ့မှာ လေချဉ်တက်တာက ရိုင်းစိုင်းတဲ့အပြုအမူလို့ ထင်ရပေမယ့် သူက ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ လေချဉ်တက်တာက သင့်ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့လေတွေကို အပြင်ကို ပြန်ထုတ်လိုက်တာပါ။ လေချဉ်မတက်ဘဲ အောင့်ထားခဲ့ရင် အစာအိမ်မှာရှိတဲ့‌ လေတွေကြောင့် ရင်ဘတ်အောင့်တာ၊ ဗိုက်နာတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ အလွန်အမင်း လေချဉ်တက်ရင်တော့ စားချဉ့်ပြန်ရောဂါ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသနိုင်ပါတယ်။

၆။ လက်သည်းကိုက်ခြင်း
လူအများစုဟာ စိတ်လှုပ်ရှားတဲ့အခါမှာ လက်သည်းကိုက်လေ့ရှိကြပါတယ်။ ဒီအလေ့အကျင့်က ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲ ရောက်သွားတာကြောင့် ခုခံအားစနစ်က သူတို့ကို ပြန်လည်တွန်းလှန်ဖို့ သွေးဖြူဥတွေ အများကြီးထုတ်လိုက်ပါတယ်။ အဓိပ္ပာယ်က နောက်တစ်ကြိမ် ဒီဘက်တီးရီးယားတွေ ထပ်ဝင်မယ်ဆိုရင် ခုခံအားစနစ်က သူတို့ကို တိုက်ထုတ်နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါ့အပြင် လေ့လာမှုအများအပြားအရ လက်သည်းကိုက်တတ်တဲ့ ကလေးငယ် ဒါမှမဟုတ် လက်မစုပ်တတ်တဲ့ကလေးတွေက ဓာတ်မတည့်မှုဖြစ်စဉ် အလွန်နည်းပါးတယ်လို့ သိရပါတယ်။

၇။ နှပ်ချေးစားခြင်း
နှပ်ချေးစားတဲ့အကျင့်က အင်မတန်ရွံစရာကောင်းလှပါတယ်။ ဒါပေမဲ့ လေ့လာမှုပြုလုပ်ချက်အရ မိမိနှပ်ချေးကို ပြန်စားတဲ့သူတွေက ခုခံအားစနစ် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ နှပ်ချေးမှာ တံတွေးအင်ဇိုင်းတွေ ပါဝင်နေတဲ့အတွက် သွားပိုးပေါက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှပ်ချေးစားတာကြောင့် ခုခံအားစနစ်က သွေးဖြူဥတွေ ပိုမိုထုတ်လုပ်ပေးပြီး ကိုယ်တွင်းဝင်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။

၈။ ရေမချိုးခြင်း
တစ်ခါတလေမှာ ရေချိုးရမှာ ပျင်းတာကြောင့် ဒါမှမဟုတ် အေးလွန်းတာကြောင့် ရေမချိုးဘဲ နေတတ်ကြပါတယ်။ ရေချိုးလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရေဓာတ်ထိန်းချုပ်ပေးတဲ့ ကိုယ်တွင်းအဆီတွေ ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် ရေနွေးနဲ့ ရေချိုးအပြီး ဒါမှမဟုတ် ဆပ်ပြာနဲ့ ကြမ်းကြမ်းတိုက်လိုက်တဲ့အခါမှာပါ။ ဒါ့အပြင် ရေချိုးလိုက်တာကြောင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာကို ကူညီတဲ့ ကျန်းမာရေးကောင်းမွန်နိုင်တဲ့ ဘက်တီးရီးယားတွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပါတယ်။ အရေပြားတောက်ပြောင်ပြီး ကျုံ့နိုင်ဆန့်နိုင်အား ကောင်းမွန်ချင်တယ်ဆိုရင်တော့ တစ်ရက်ခြားမှ တစ်ခါ ရေချိုးပါ။ (ဒါက အေးလွန်းတဲ့ရာသီအတွက် ပြောတာပါ။ ပူလွန်းတဲ့နွေရာသီမှာတော့ မဖြစ်ဘူးနော်။ နေ့တိုင်း အနည်းဆုံး တစ်နေ့ တစ်ကြိမ်တော့ ရေချိုးပါ)

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts