လမ်းလျှောက်

ကိုယ်အလေးချိန် ကျဆင်းစေရန် လမ်းလျှောက် သူတို့ ပြုလုပ်တက်သော အမူအကျင့်ဆိုး ၃ ခု

“ကျွန်မတို့တစ်တွေဟာ တစ်နှစ်အရွယ်ကလေးဘဝကတည်းက စပြီး ဘယ်လို လမ်းလျှောက် ရမလဲဆိုတာ နားလည်တက်ကျွမ်းကြပါတယ်။ နေ့စဉ်လှုပ်ရှားမှုတွေအတွက် ခြေထောက်နှစ်ဖက်ကို အသုံးပြုပြီး လမ်းလျှောက် ရမှာကို သိရှိနားလည်နေတယ်ဆိုပေမယ့် ကျန်းမာကြံ့ခိုင်ဖို့ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တဲ့အခါမှာတော့ လမ်းလျှောက် တဲ့နည်းလမ်းတွေဟာ များယွင်းနေတက်ကြပါတယ်။ အောက်ပါတို့ဟာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်သူတွေရဲ့ မှားတက်တဲ့အမှားတွေဖြစ်ပါတယ်။”

၁။ လက်ကိုအသုံးမပြုပဲ လမ်းလျှောက်ခြင်း

လမ်းလျှောက်တာက ခြေထောက်ကိုသာ အသုံးပြုပြီး လျှောက်ရမယ်လို့ ထင်နေရင်တော့ သင့် မှားယွင်းနေပါပြီ။ အမှန်မှာတော့ လမ်းလျှောက်တာတာက ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုရတာဖြစ်ပြီး သူ့ကြောင့်ခြေထောက်တာ၊ ခါးနောက်ကျောရိုးနဲ့ ခန္ဓာကိုယ်တောင့်တင်းမှုရှိတာတွေအပြင် လက်မောင်းတွေပါ သန်မာလာနိုင်ပါတယ်။

သင်လမ်းလျှောက်တဲ့အခါမှာ သင့်လက်မောင်းတွေကိုပါ ပါဝင်အောင် အသုံးပြုပါ။ လက်ကိုဘေးချထားကာ အနည်းငယ်လက်လွှဲပြီး လျှောက်ရမှာ မဟုတ်ပါဘူး။ တံတောင်ဆစ်နေရာမှာ ၉၀ ဒီဂရီလောက်ကွေးပြီး ပခုံးကြွက်သားတွေကို ဖြေလျှော့ကာ လမ်းလျှောက်ရမှာဖြစ်ပါတယ်။ ခြေထောက်ရွေ့ရာဘက်ရဲ့ ဆန့်ကျင်ဘက် ပုံလက်လွှဲရပါမယ်။ ဥပမာအားဖြင့် ဘယ်ဘက်ခြေက အရှေ့ကိုရွှေ့ရင် လယ်ဘက်လက်က အနောက်ကို ရောက်နေရပါမယ်။ သင်လမ်းလျှောက်လေ့ကျင့်ခန်းလုပ်အပြီး သင့်ခြေဖဝါးတွေ ရောင်ရမ်းနေတဲ့ လက္ခဏာ တွေရှိခဲ့ရင်တော့ သင်လမ်းလျှောက်တဲ့ နည်းလမ်းမမှန်ကန်တာကြောင့်ပါ။ လမ်းလျှောက်တဲ့ပုံစံ ပြောင်းလဲသင့်နေပါပြီ။

၂။ ခြေလှမ်းကျယ်ကျယ်လျှောက်ခြင်း

သင်ဟာ လမ်းလျှောက်တဲ့နှုန်းမြန်ချင်လို့ ခြေလှမ်းကျယ်ကျလယ်လှမ်းတာက သင့်ရဲ့လမ်းလျှောက်တဲ့ပုံစံဟာ ခြေကားယားဖြစ်နေတက်ပါတယ်။ ခြေလှမ်းကျယ်ကျယ်‌လျှောက်မယ့်အစား ပုံမှန်ခြေလှမ်းကို ခပ်သွက်သွက်လေး ခပ်စိပ်စိပ်နှုန်းနဲ့ လျှောက်သင့်ပါတယ်။

၃။ မြေကြီးပေါ် ရှပ်တိုက်ပြီး လမ်းလျှောက်ခြင်း

လမ်းလျှောက်တဲ့အခါမှာ ခြေဖျားက မြေကြီးပေါ် အရင်ကျရမယ့်အစား ခြေဖဝါးမအပြားလိုက် မြေကြီးပေါ်ကျတဲ့အခါမှာ ရှပ်တိုက်သံကျပ်လောင်စွာ ထွက်ပေါ်လာပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်တဲ့ဖိနပ်ကိုစီးတာ၊ ညှို့သကျည်းအားနည်းတာတွေကြောင့် ဒီလိုဖြစ်တက်ပါတယ်။ Walking Shoes လိုမျိုး ဖနောင့်နေရာမှာ ကူရှင်အနည်းငယ်ပါတဲ့ ဖိနပ်မျိုးစီးပြီး လမ်းလျှောက်သင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts