စေ့စပ်သေချာမှု

ပြုပြင်ထားသည့် စေ့စပ်သေချာမှု

(Perfection repaired) သင်၏ ဦးတည်ချက်များအားလုံးအတွက် စေ့စပ်သေချာမှု ကို စံအဖြစ်သတ်မှတ်လျှင် သင်သည် သင့်ကိုယ်သင် မလိုအပ်ဘဲ ရက်စက်ရာကျသည်။ သင့်အနေဖြင့် အသစ်အဆန်းများကို စမ်းသပ်လုပ်ကိုင်ခွင့်ရှိခြင်း၊ စွန့်စားခြင်း၊ အမှားများလုပ်မိခြင်းတို့ရှိမှ သင်တိုးတက်မှုရှိမည်ဆိုသည့် အမှန်တရားကို ငြင်းဆိုရာကျသည်။ သင့်ကိုယ်သင်လက်ခံရန် လိုအပ်ချက်သည် လွန်လွန်ကဲကဲဖြစ်လာပါက ထိုလိုအပ်ချက်ကို အခြားသူများ၏ စွမ်းဆောင်မှုကို တိုင်းတာရန်လည်း အသုံးပြုသည်။

သင့်ထံတွင် စေ့စပ်သေချာမှုအလေ့အထသည် အရိုးစွဲနေပါက ယခုဖော်ပြနေသောအချက်အလက်ကို သင်အလေးထားမည် မဟုတ်ပါ။ သင့်အနေဖြင့် သင်တစ်ဦးတည်း သတ်မှတ်ထားသည့် စံတစ်ခုကို လှမ်းမီအောင် ကြိုးပမ်းခြင်းဖြင့် မလိုလားအပ်သည့် ယိုယွင်းပျက်စီးမှုကို ခံစားရနိုင်သည်ဆိုခြင်းကို  ဂရုထားရန် ကျွန်မတိုက်တွန်းပါသည်။ အောက်ပါ အကြံပြုချက်တစ်ခုကို ရွေးချယ်ပါ။

    သင်သည် ကွဲပြားခြားနားပြီး တစ်မူထူးသောသူတစ်ဦးဖြစ်သည် ဆိုခြင်းကို သတိရပါ။ သင့်ကိုယ်သင် အခြားသူများနှင့် နှိုင်းယှဉ်ခြင်းမပြုလုပ်ပါနှင့်။

    အခြားသူတစ်ဦး၏ နည်းလမ်းကို အတုယူမည့်အစား သင့်ကိုယ်ပိုင်စတိုင်လ်နှင့် ဦးစားပေးမှုများကို ရွေးချယ်ပါ။

    အခြားအရေးကြီးသောသူများနှင့် တုံ့လှယ်မှု၊ စကားအသွားအလာတို့ကို ပိုင်းခြားစိတ်ဖြာခြင်း မပြုပါနှင့်။

    သင့်အနေဖြင့် ဆုံးဖြတ်ချက်အမှားများ ချနိုင်သည်၊ ထိုအမှားမှ သင်ယူလက်ခံနိုင်သည်ဆိုသည့်အချက်ကို နားလည်လက်ခံပါ။

    လူသားများအတွက် ပြီးပြည့်စုံသော စေ့စပ်သေချာမှု မရှိနိုင်ဆိုသည်ကို သတိရပါ။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts