အကြောင်းနဲ့အကျိုး ဆက်နွှယ်နေတဲ့ လူမှုဘဝ

သက်‌ရောက်မှုတိုင်းမှာ ညီမျှတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်လို့ သိပ္ပံပညာက ဆိုတယ်။ ဒီဥပဒေသကို ရူပဗေဒပညာရပ်နယ်ပယ်မှာသာ အသုံးချတာလို့ ယူဆတတ်ကြတယ်။ တကယ်တော့ စိတ်ခံစားမှုနယ်ပယ်မှာလည်း အသုံးချလို့ရတယ်။ “လူမှုဘဝ ဥပဒေသ”လို့ အမည်ရတဲ့ ကဗျာရဲ့ မိတ္တူတစ်ခုကိုတွေ့လိုက်ရတဲ့ မကြာသေးခင်ကာလမှ ဒီသဘာဝတရားကို သေသေချာချာ သတိပြုမိခဲ့တာပါ။ အဲ့ဒီ ကဗျာထဲမှာ အကျိုးနဲ့အကြောင်းဆက်နွှယ်မှုဆိုင်ရာ အမှန်တရား ၁၅ခု ပါဝင်တယ်။ သူတို့ထဲက တစ်ခုစီမှာ ပိုမိုကောင်းမွန်တဲ့ ကျွန်တော်၊ ပိုမိုကောင်းမွန်တဲ့ သင်ဖြစ်လာအောင် ပုံစံသွန်းလောင်းပေးထုဆစ်ပေးမယ့် အဖိုးတန်အမှန်တရားတွေ ပါဝင်တယ်။

ပိုပြီး ရက်ရောတဲ့စိတ်ရှိလေလေ ပိုပြီး ပျော်ရွှင်မှုရလာလေ။
ပိုပြီး စိတ်အားထက်သန်မှုရှိလာလေ ပိုပြီး တန်ခိုးအစွမ်းရှိလာလေ။
ပိုပြီး စိတ်ဝင်စားမှုရှိလာလေ ပိုပြီး တိုးတက်မှုရှိလာလေ။
ပိုပြီး ဂရုတစိုက်လုပ်ဆောင်မှုရှိလေ ပိုပြီး တောက်ပကောင်းမွန်မှုရှိလာလေ။
ပိုပြီး ဝန်ဆောင်မှုပေးလေ ပိုပြီး ကြီးပွားချမ်းသာလာလေ။
ပိုပြီး အတွေ့အကြုံများလေ ပိုပြီး အကူအညီပေးနိုင်လေ။
ပိုပြီး စွဲစွဲမြဲမြဲရှိလေ ပိုပြီး အောင်မြင်လာလေ။
ပိုပြီး ကျေးဇူးသိတတ်လေ ပိုပြီး ရိုသေကိုင်းရှိုင်းမှုရှိလာလေ။
ပိုပြီး ခွင့်လွှတ်တတ်လေ ပိုပြီး လွတ်လွတ်လပ်လပ်ရှိလာလေ။
ပိုပြီး ဆုတောင်းမှုပြုလေ ပိုပြီး ကောင်းချီးအပေးခံရလေ။
ပိုပြီး စူးစမ်းမှုပြုလေ ပိုပြီး တီထွင်တတ်လေ။
ပိုပြီး ယုံကြည်တတ်လေ ပိုပြီး ပညာရှိလာလေ။
ပိုပြီး သည်းခံတတ်လေ ပိုပြီး တုံ့ပြန်တတ်လာလေ။
ပိုပြီး ကိုယ်ချင်းစာတတ်လေ ပိုပြီး ငြိမ်းချမ်းမှုရလာလေ။
ပိုပြီး နှစ်လိုဖွယ်ကောင်းလာလေ ပိုပြီး ဆွဲဆောင်မှုရှိလာလေ။

ဒီခမ်းနားလှတဲ့ ကဗျာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အကြီးအမှူးတွေဖြစ်တယ်လို့ သတိပေးထားတယ်။ ဆန္ဒရှိရင် ပိုမိုတန်ဖိုးကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်နိုင်စေမယ့် သီးသန့်နည်းလမ်းတွေကို ညွှန်ပြပေးထားတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ ရှင်သန်နေထိုင်ရင် ဘာဆုလာဘ်တွေ ရလာမယ်ဆိုတာကိုလည်း ကျွန်တော်တို့ကို ပြောပြပေးတယ်။ စိုက်ပျိုးပေးလိုက်တဲ့အတိုင်း ရိတ်သိမ်းရမှာပါပဲ။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ ဆရာမိုး(Follow Me, Ph.D)၏ အောင်မြင်တဲ့ဘဝရစေဖို့ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts