ပုဇွန်ခြင်းလုံး

ပုဇွန်ခြင်းလုံး

ပါဝင်သောပစ္စည်းများ

  • ပုဇွန်(ကြိတ်သား) – တစ်ဆယ်ကျပ်သား
  • ပေါင်မုန့်(အန်စာတုံးပုံကလေးများတုံး) – တစ်ချပ်
  • ကြက်သွန်နီ(နုပ်နုပ်စဉ်း) – နှစ်ဥ
  • ကြက်ဥ – တစ်လုံး
  • ဂျုံ – တစ်ခွက်
  • ဆား၊ ငရုတ်ကောင်း – သင့်ရုံ

ပြုလုပ်နည်းအဆင့်ဆင့်

*ပေါင်မုန့်ကို အန်စာတုံးအရွယ်အစား အတုံးကလေးများ လှီးထား။

*ပုဇွန်ကြိတ်သား၊ ပေါင်မုန့်၊ ကြက်သွန်နီတို့ကို ဆား၊ ငရုတ်ကောင်းဖြင့် ရောနယ်။ ပြီးလျှင် အရွယ်တော် အလုံးကလေးများလုံးပါ။

*ပုဇွန်လုံးကလေးများကို ဂျုံသုတ်ပြီး ကြက်ဥရည်ထဲ နှစ်ထားပါ။ ထို့နောက် ပေါင်မုန့်ကလေးများနှင့် ထပ်၍ ကပ်ပေတော့။ ပြီးမှ ဆီများများဖြင့် ရွှေညိုရောင် တောက်လာသည်အထိ ကြော်လိုက်ပါ။

*ပုဇွန်ခြင်းလုံးကလေးများ ရရှိလာရင်တော့ ဆလတ်ရွက် ခင်းထားသော ပန်းကန်ပြားပေါ်မှာ အလှဆင်ပြီး ကြိုက်ရာဆော့စ်ဖြင့် တွဲဖက်စားပါက အလွန် အရသာရှိသည့် ဟင်းတစ်ပွဲ ရရှိနိုင်ပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts