Useful websites for Graphic Designers!!!

လူသိနည်းပေမယ့်အရမ်းကို အသုံးဝင်တဲ့website တစ်ချို့ကို ဒီဇိုင်နာများအတွက်ဖော်ပြပေးလိုက်ပါတယ်Website link နဲ့ အသေးစိတ်ကိုတော့၁ ပုံချင်းစီထောက်ပြီး ဖတ်ကြည့်လို့ရပါတယ်ခုချက်ချင်းမသုံးဖြစ်ရင်တောင်နောင်တချိန်ချိန်မှာ အသုံးဝင်လာမှာပါ—–အားလုံးပဲ Useful websites for Graphic Designers post ကို ဖတ်ခြင်းဖြင့် Designer ကောင်း ဖြစ်ကြပါစေ

Dafont နဲ့ 1001 fonts ကတော့ ဒီမှာ လူသိများပါတယ်။ fontfabric ကတော့ သိသူနည်းပါလိမ့်မယ်။ ဒီဆိုက်က ဖောင့်တွေက စတိုင် ခပ်မိုက်မိုက်လေးတွေဖြစ်ပြီးတော့ ကိုယ့်ဒီဇိုင်းမှာ သုံးလို့ကောင်းမယ့် ဖောင့်လှလှလေးတွေလည်း အများကြီးရှိတာမို့ ညွှန်းပေးလိုက်ပါတယ်။

တစ်ခါတစ်လေ ကျွန်တော်တို့ design တွေထဲမှာ ထည့်သုံးဖို့အတွက် resolution ကောင်းတဲ့ဓါတ်ပုံလှလှလေးတွေလိုအပ်ကြပါတယ်။ ပုံတွေ ဝယ်သုံးနိုင်တဲ့သူတွေအတွက်ကတော့ ပြသနာမရှိပေမယ့် freelance သမားတွေအတွက် တော့တစ်ကယ့် အခက်အခဲပါပဲ။ ဒီဆိုက်ကတော့ အဲ့ဒီလိုအခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးမယ့်ဆိုက်ပါပဲ။

Icon လေးတစ်ခု နှစ်ခုလောက် လိုနေတာ ဆွဲဖို့ကလည်း ပျင်း….ရှာဖို့ကျတော့လည်းပျင်း….အဲ…ရှာဖို့တောင် ပျင်းနေရင်တော့ ဒီဇိုင်နာ မလုပ်နဲ့တော့လေ :3။ ထားတော့ အဲ့ဒီလိုလွယ်လွယ်လေးတွေလုပ်ရမှာ ပျင်းတတ်ကြသူတွေအတွက် ENDLESS Icons ကအသင့်စောင့်နေပါတယ်။ အလကားပေးထားတာတွေနဲ့တင် တော်တော်များနေပြီဖြစ်လို့ သွားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

တစ်ခါတစ်ရံ ကျွန်တော်တို့ email ပို့တဲ့အခါ ပုံတွေ attach တွဲရတယ်။ Viber တို့ Messenger တို့ကနေ design တွေကို ကလိုင်းရစ်….အဲ….ကလိုင်းယန့် တွေဆီပို့တဲ့ အခါ file size တွေက ကြီးနေတော့ ပို့ဖို့ကြာတာတွေ ပို့လို့မရတာတွေ ဖြစ်တတ်ကြတယ်မို့လား။ အခုဖော်ပြထားတဲ့ site ကတော့ ကိုယ့်ရဲ့ resolution မြင့်တဲ့ ပုံတွေကို quality မကျစေပဲ ချုံ့ပေးတဲ့ website ဖြစ်ပါတယ်။ စမ်းကြည့်ကြပါ 90% လောက်ကို ချုံ့ပေးတယ် တစ်ကယ် amazing ပဲ။

Useful websites for Graphic Designers ကို Naing Class Page မှ ကူးယူဖော်ပြပါသည်။

သုတ

openmoreonline

Related Posts