ဘဝဒဏ်ချက်တို့​၏ သဘာဝ

ဘဝပြသနာများကိုဖြေရှင်းနည်း (အပိုင်း-၁)

ဘဝဒဏ်ချက်တို့​၏ သဘာဝ

လောကတွင် အောင်မြင်ကျော်ကြားသူတို့ကား ခံနိုင်ရည် အပြည့်အဝရှိကြသူများပင်ဖြစ်ပေ​၏

“အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ရ” ဟူသော စကားပုံကဲ့သို့ပင် ဘဝဟူသည် ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ပြည့်၏။ ဘဝ ပြဿနာတို့ကို ဖြေရှင်းရာတွင် အချို့တို့သည် လိုရာပန်းတိုင်သို့ရောက်၍ ချမ်းသာကြ၏။ အချို့တို့မှာကား ပြဿနာမပြေလည်ရုံမျှမက စိ ရောဂါကပ်ရောက်သည်အထိ ပြဿနာဒီဂရီ တက်တတ်ကြလေသည်။ ဘဝတွင် ကြုံလာရသော ခက်ခဲသည့်ပြဿနာတို့ကို ဘဝ၏ ဒဏ်ချက် များဟု ကျွန်ုပ်တို့က သတ်မှတ်မည်ဖြစ်ပေသည်။

ဘဝဒဏ်ချက်တို့​၏ သဘာဝ

ဘဝပြသနာများကိုဖြေရှင်းနည် (အပိုင်း-၁) -ဘဝအတွေ့ အကြုံတစ်ခုသည် တစ်စုံတစ်ဦးအား စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းကို ဖြစ်စေအံ့။ ယင်းသည်ပင် ဘဝဒဏ်ဖြစ်တော့၏။ ရောဂါစွဲကပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အခြားသူတို့ထံမှ ရောဂါ ကူးစက်ခြင်း စသည်တို့ကား ဘဝဒဏ်ကိုဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ အကြောင်းတရားများဖြစ်ကြ၏။ ရင်းနှီးသော မိတ်ဆွေတစ်ယောက်နှင့် ရန်ဖြစ်ခြင်း၊ အကြံအစည်တစ်ခု ပျက်စီးသွားခြင်း၊ ငွေပျောက်ခြင်း၊ အလုပ်ပြုတ်ခြင်း၊ ရင်းနှီးသူတစ်ဦးသေဆုံးခြင်း စသည်တို့ကား ဘဝဒဏ်၏ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများဖြစ်ပေသည်။

သုတ  အတွေးအခေါ်

OpenMoreOnline

Related Posts