ဘဝဒဏ်တို့​၏ ပမာဏနှင့်ကာလ

ဘဝပြသနာများကိုဖြေရှင်းနည်း (အပိုင်း-၂)

ဘဝဒဏ်တို့​၏ ပမာဏနှင့်ကာလ

ဘဝပြသနာများကိုဖြေရှင်းနည်း (အပိုင်း-၂)- ဘဝဒဏ်တို့​၏ ပမာဏနှင့်ကာလ -လူတိုင်းလိုပင် ဘဝဒဏ်ကို ခံစားရဘူးသည်သာ ဖြစ်၏။ အချို့ သော ဘဝဒဏ်တို့သည် ခဏဖြင့် ပြေပျောက်၏။ အချို့သော ဘဝဒဏ် တို့ကား ကာလရှည်ကြာ၏။ အချို့သော ဘဝဒဏ်သည် ပြင်းထန်၍ အချို့ကား မပြင်းထန်လှ။ ဘဝဒဏ်၏ ပြင်းထန်မှုပမာဏကို ကိုယ်တွေ့ ရင်ဆိုင်ရသူကသာ ခန့်မှန်းနိုင်မည် ဖြစ်ပေသည်။ ပုံစံပြရသော် မိတ်ဆွေ ကောင်းတစ်ယောက်၏ သစ္စာဖောက်ခံရခြင်းသည် မိမိသုံးနေကျပစ္စည်း တစ်ခု ပျောက်သည်ထက်ပို၍ ဘဝဒဏ်ချက်နာပေ၏။ သို့သော် ဘဝဒဏ်၏ဖြစ်ကြောင်းရင်းကို သိရုံမျှဖြင့် ယင်းဒဏ်ချက် မည်မျှပြင်းထန် သည်ကို ကျွန်ုပ်တို့ဆုံးဖြတ်ရန် မလွယ်ကူပေ။ တူညီသောအကြောင်းတရား တို့က မတူညီသော ခံစားမှုတို့ကို ဖြစ်ပေါ်စေကြောင်း သာဓကများလည်း ရှိသေး၏။ ပုံစံအားဖြင့် လူနှစ်ယောက် တစ်ပြိုင်နက်တည်း အလုပ်ပြုတ်သည် ဆိုပါစို့၊ သားသမီးများသော အိမ်ထောင်ရှင်တစ်ဦးအတွက် အလွန်ထိခိုက် သွားသော်လည်း အိမ်ထောင်မရှိသူ၊ မိဘက ချမ်းသာသူ အခြားတစ်ယောက် အတွက်မူ အလုပ်ပြုတ်ခြင်းကြောင့် မထိခိုက်လှချေ။

လောကတွင် သေရေးရှင်ရေးမဟုတ်သော ဘဝဒဏ်အသေးစား များလည်း ရှိသေးသည်။ ဈေးရောက်မှ ပိုက်ဆံအိတ် ပါမလာသည်ကို တွေ့ရခြင်း၊ အလုပ်သွားခါနီး ဧည့်သည်ရောက်လာခြင်း စသည်တို့ဖြစ် သည်။ ယင်းဘဝဒဏ်မျိုးကား စိတ်ကသိကအောင့် ဖြစ်စေရုံမျှသာဖြစ်၍ ခံစားမှုမပြင်းထန်လှချေ။ အကယ်၍သာ လူတစ်ဦးတစ်ယောက်၏ ဘဝစီမံကိန်းများ၊ စိတ် ကူးအကြံအစည်များ၊ ဘဝရည်မှန်းချက်များ၊ ဂုဏ်သိက္ခာများ ပျက်စီးဆုံးရှုံး သည်အထိ အနှောင့်အယှက်တို့ ပေါ်ပေါက်ခဲ့သော် ထိုသူအဖို့ ပြင်းထန်သော ဘဝ၏ဖိစီးမှုဒဏ်ကို ခံရမည်မှာ မလွဲပေ။ စာမေးပွဲကျရှုံးခြင်း၊ အလုပ်မရ ခြင်း စသည်တို့ထက် ပိုမိုနာကျည်းစရာကောင်းသော ဘဝဒဏ်များလည်း လောကတွင် အများအပြားရှိသေး၏။ ယင်းတို့ကား မိသားစုအတွင်း တစ်စုံတစ်ဦး ကွယ်လွန်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ချွတ် ယွင်းသည်အထိ ပြင်းထန်စွာ ဒဏ်ရာရခြင်း၊ အိမ်မီးလောင်ခြင်း စသည်တို့ ဖြစ်ပေ၏။ ယင်းဘဝဒဏ်တို့ကား ပြင်းထန်၍ကြာရှည်ပေသည်။ တစ်ခါ ကြမ်းတမ်းလွန်းသောကြောင့် ကိုယ့်ကိုကိုယ် သတ်သေခြင်း၊ ရူးသွပ်ခြင်း စသည်တို့ဖြင့် အဆုံးသတ်တတ်ကြကုန်၏။ အချို့ဘဝဒဏ်တို့သည် ခေတ္တခဏမျှသာ ရင်ဆိုင်ရပါက ပြင်းထန် လှသည်ဟု မဆိုသာသော်လည်း ယင်းကိုပင် နှစ်ရှည်လများ ခံစားရသော အခါ ပြင်းထန်လာတတ်ပေသည်။ ပုံစံအားဖြင့် လက်ထပ်ပြီးစ သတိုးသား သတိုးသမီးတို့သည် တစ်ဦးဦး၏ မိဘအိမ်တွင် တစ်ပတ်နှစ်ပတ်ခန့် နေထိုင်သည်ဆိုပါက ပြဿနာမပေါ်သေးပေ။

သို့သော် ယောက္ခမတို့နှင့် ကြာရှည်စွာ အတူနေသောအခါတွင်ကား စည်းကမ်းနှင့်ပတ်သက်၍ဖြစ် စေ၊ အနေအထိုင် အပြောအဆိုနှင့် ပတ်သက်၍ဖြစ်စေ၊ ပြဿနာပေါ်တတ် ၏။ ယောက္ခမနှင့်ချွေးမ (သို့မဟုတ်) ယောက္ခမနှင့် သမက်တို့၏ ဆက်ဆံရေးအခြေအနေမပြေပြစ် ရှိလာတတ်သည်။ ကာလကြာမြင့်သည် နှင့်အမျှ ဘ၀ဒဏ်ချက်လည်း ပိုမို၍ပြင်းထန်တတ်ပေသည်။ အသေးအဖွဲ့ မျှပင်ဖြစ်စေ၊ ဘဝဒဏ်ဟူသည် ကြာရှည်ခံစားသင့် သော အရာမဟုတ်ပေ၊ တိုတောင်းလှသော အချိန်အတွင်း ရင်ဆိုင်၍ ပျောက်ကွယ်အောင် ပြုလုပ်သင့်၏။ ဘဝဒဏ်ဖိစီးမှု ကာလ ကြာရှည်ခဲ့သော် ယင်းဘဝဒဏ်၏ အပြင်းဆုံးအချိန်တွင် ခံရသူအဖို့ မည်သို့မှ မထိန်းချုပ် နိုင်ဘဲ ဘဝတစ်ခုလုံး ပျက်စီးသွားသည်အထိ ဖြစ်တတ်ပေ၏။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts