The Player

The Player (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၆) (အခန်း-၂)

The Player (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၆) (အခန်း-၂) ~~~~
Note 1 မှတ်ချက် ၁
 – တစ်ကျင်းနှင့်တစ်ကျင်း ကူးပြောင်းချိန်တွင် လိုအပ်သည်ထက်ပို၍ အချိန်ကြာခြင်းဖြစ်ပါက နောက်ကစားမည့်ကျင်းတွင် ပြစ်ဒဏ်ပေးရသည်။ ဘူဂီ၊ ပါနှင့် စတေဘယ်ဖို့ဒ် ကစားနည်းများအတွက်မူ ပြီးခဲ့သောကျင်းတွင် ပြစ်ဒဏ်ပေးရသည်။

Note 2 မှတ်ချက် ၂ – လိုအပ်သည်ထက်ပို၍ အချိန်ကြာခြင်းမဖြစ်စေရန် ကော်မတီက ရိုက်ချက်တစ်ချက်စီနှင့် ကျင်းတစ်ကျင်းစီအတွက် ကစားရန်အချိန်၊ ကျင်းတစ်ကျင်းမှတစ်ကျင်းသို့ ကူးပြောင်းချိန်တို့အား တွက်ချက်၍ ၁၈ ကျင်းတစ်ပတ်အတွက် ကစားချိန်စုစုပေါင်းကို စည်းမျဉ်း 33-1 အရ သတ်မှတ်နိုင်သည်။

ကော်မတီက ကျင်းပြတ်ကစားခြင်းအတွက် ပြစ်ဒဏ်အား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်နိုင်သည်။
ပထမအကြိမ် – ကျင်းရှုံး
ဒုတိယအကြိမ် – ကျင်းရှုံး
ထပ်၍ထပ်၍ဖောက်ဖျက်လျှင် – DQ

ကော်မတီက အချက်ရေကစားခြင်းအတွက် ပြစ်ဒဏ်ကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်နိုင်သည်။
ပထမအကြိမ် – ၁ ချက်
ဒုတိယအကြိမ် – ၂ ချက်
ထပ်၍ထပ်၍ဖောက်ဖျက်လျှင် – DQ

Rule 6-8. Discontiuance of Play:Resumption of Play
စည်းမျဉ်း ၆-၈ ပြိုင်ပွဲကစားနေစဉ်အတွင်းရပ်နားခြင်းနှင့် ပြန်လည်စတင်ခြင်း
a. When Permitted ကစားနေစဉ်ရပ်နားခြင်းပြုလုပ်နိုင်သောအချိန်များ –

(i) ပြိုင်ပွဲကော်မတီက ရပ်နားခိုင်းသောအခါ၊
(ii) ကစားသူက မိုးကြိုးပစ်တော့မည်ဟု ယုံကြည်လျှင်၊
(iii) ကော်မတီထံမှ စည်းမျဉ်း 2-5 နှင့် 34-3 ဆုံးဖြတ်ချက်ကိုရယူလိုလျှင်၊
(iv) ခိုင်လုံသောအကြောင်းအရာတစ်ခုခုအတွက်ဖြစ်လျှင်။
ရာသီဥတုမကောင်းခြင်းကြောင့် ရပ်တန့်ခြင်းမပြုရပါ။ မိမိဆန္ဒအလျောက် ကစားခြင်းအား ရပ်တန့်ခဲ့ပါက ကော်မတီသို့ အမြန်ဆုံးသတင်းပို့ရမည်။ ကော်မတီက ကျေနပ်လောက်သော အကြောင်းအရာဖြစ်ပါက ပြစ်ဒဏ်မရှိပါ။ သို့မဟုတ်ပါက DQ ပြစ်ဒဏ်ချမှတ်သည်။

Exception in match play : ခြွင်းချက်ကျင်းပြတ်ကစားနည်း – မိမိ၏ပြိုင်ဘက်ကစားသမားနှင့် နှစ်ဦးသဘောတူ ခေတ္တရပ်နားနိုင်သည်။ သို့သော် မလိုအပ်သော ကြန့်ကြာမှုမဖြစ်ရပါ။

Note မှတ်ချက် – ကွင်းဧရိယာအတွင်းမှ ကစားသူထွက်ခွာခြင်းသည် ကစားနေစဉ်အတွင်း ရပ်နားခြင်းအဖြစ် မသတ်မှတ်ပါ။

b. Procedure When Play Suspended by Committee –
ပြိုင်ပွဲကော်မတီက ပြိုင်ပွဲကိုရပ်တန့်သောအခါ လုပ်ဆောင်ရန်

ကော်မတီက ပြိုင်ပွဲရပ်ရန် ကြေညာသောအခါ ကစားသမားများသည် ကျင်းတစ်ကျင်းပြီးဆုံး၍ နောက်တစ်ကျင်းမကစားမီ အချိန်ဖြစ်လျှင် ကော်မတီမှပြန်လည်ကစားရန် မကြေညာမချင်း ရပ်နားထားရမည်။ တီခုံမှ ကစားသမားတစ်ဦးဦးက ရိုက်ပြီးဖြစ်လျှင် ချက်ချင်းရပ်တန့်နိုင်သည် (သို့မဟုတ်) ထိုကျင်းအား ပြီးဆုံးအောင် ဆက်လက်ကစားနိုင်သည် (သို့မဟုတ်) ပြီးဆုံးအောင်ဆက်မကစားဘဲ ရပ်နားနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ လက်ရှိကစားနေသော ကျင်းပြီးလျှင် နောက်တစ်ကျင်းကို ဆက်၍မကစားရပါ။ ကော်မတီက ပြန်လည်ကစားရ် ကြေညာမှသာ ပြန်လည်၍ ဆက်ကစားရမည်။

ပြစ်ဒဏ်သတ်မှတ်ချက် – စည်းမျဉ်း 6-8b ၏ ပြစ်ဒဏ်သတ်မှတ်ချက်မှာ DQ ဖြစ်သည်။

Note မှတ်ချက် – ကော်မတီက အန္တရာယ်ကင်းစေရန်အလို့ငှာ လိုအပ်မည်ဟု ယူဆပါက ပြိုင်ပွဲစနစ်နှင့် စည်းကမ်း 33-1 တွင် ပြိုင်ပွဲကို ချက်ချင်းရပ်နားရန် ကြေညာသတ်မှတ်ခွင့် ရှိသည်။ ကော်မတီက စည်းမျဉ်း 33-7 အရ ကျေနပ်လောက်သော အကြောင်းအရာမရှိလျှင် ချက်ချင်းရပ်ရန် ပျက်ကွက်ပါက DQ ဖြစ်သည်။

c. Lifting Ball when Play Discontinued – ပြိုင်ပွဲရပ်နားသောအခါဘောလုံးကောက်ယူခြင်း
ကောမတီက စည်းမျဉ်း 6-8a အရ ပြိုင်ပွဲကို ရပ်နားသောအခါ ဘောလုံးအားမှတ်၍ ကောက်ယူနိုင်သည် (သို့မဟုတ်) ခိုင်လုံသောအကြောင်းတစ်ခုခုကြောင့် ရပ်နားမည်ဆိုလျှင် မှတ်၍ ကောက်ယူနိုင်သည်။ ကော်မတီက ပြိုင်ပွဲရပ်နားခြင်းမရှိဘဲ ကစားသမားက စည်းမျဉ်း 6-8a အရ ရပ်နား၍ ဘောလုံးကို ကောက်ယူခဲ့ပါက ဘောလုံးကို ကောက်ခဲ့ကြောင်း ကော်မတီသို့ သတင်းပို့ရမည်။ အကယ်၍ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာမရှိဘဲ ဘောလုံးကိုကောက်ယူခဲ့လျှင် (သို့မဟုတ်) နေရာမမှတ်ဘဲ ကောက်ယူခဲ့လျှင် (သို့မဟုတ်) ဘောလုံးကောက်ယူခြင်းကို ကော်မတီသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့လျှင် ပြစ်ဒဏ် ၁ ချက် ပေးရမည်။

d. Procedure When Play Resumed – ပြိုင်ပွဲပြန်လည်စတင်သောအခါ လုပ်ဆောင်ရန်
ပြိုင်ပွဲအားရပ်နားထားပြီး ပြန်လည်စတင်သောအခါ (သို့မဟုတ်) နောက်တစ်နေ့တွင် ပြန်လည်စတင်သောအခါ ရပ်ခဲ့သော နေရာမှစ၍ ပြန်ကစားရမည်။ ပြိုင်ပွဲကို ပြန်လည်မစတင်မီ (သို့မဟုတ်) ပြန်လည်စတင်ပြီး နောက်တွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။

(i) ကစားသမားက ဘောလုံးအား စည်းမျဉ်း 6-8c နှင့်အညီ ကောက်ယူထားခဲ့ပါက မူလဘောလုံး (သို့မဟုတ်) အခြားဘောလုံးတစ်လုံးအား မူလနေရာတွင် ပြန်ချထား၍ ကစားနိုင်သည်။ သို့မဟုတ် မူလဘောလုံးကို ပြန်ထားရမည်။
(ii) ကစားသမားက ဘောလုံးအား ပြိုင်ပွဲရပ်နားစဉ်အခါက ကောက်ယူခြင်းမပြုဘဲ ထားခဲ့ပါက စည်းမျဉ်း 6-8c အရ ကောက်ယူ၍ သန့်စင်ခြင်း ပြုလုပ်ကာ မူလနေရာတွင် ပြန်လည်ထားနိုင်သည်။ အခြားဘောလုံးတစ်လုံးဖြင့်လည်း အစားထိုးနိုင်သည်။ ဘောလုံးကို မကောက်မီ နေရာမှတ်ထားရမည်။
(iii) ကစားသူ၏ဘောလုံး (သို့မဟုတ်) ဘောမတ်ကာသည် ပြိုင်ပွဲရပ်နားစဉ်အတွင်း နေရာရွှေ့သွားခဲ့လျှင် (လေနှင့်ရေကြောင့်အပါအဝင်) မူလတည်ရှိခဲ့သော နေရာတွင် ဘောလုံး (သို့မဟုတ်) ဘောမတ်ကာကို ပြန်ထားရမည်။ Note မှတ်ချက် – မူလနေရာအား တိကျမရှာဖွေပါက ခန့်မှန်းနေရာတစ်ခုတွင် ဘောလုံးကို ပြန်လည်ကစားရမည်။ စည်းမျဉ်း 20-3c ကို အသုံးမပြုရပါ။

ပြစ်ဒဏ်သတ်မှတ်ချက်စည်းမျဉ်း 6-8d
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး          အချက်ရေကစားခြင်း – ပြစ်ဒဏ် ၂ ချက်
အကယ်၍ ဖြစ်စဉ်တစ်ခုတွင် ကစားသူသည် စည်းမျဉ်း 6-8d အရ ပြစ်ဒဏ်အချက်ပေးပြီးပါက စည်းမျဉ်း 6-8c နှင့် ထပ်၍ ပြစ်ဒဏ်ပေးရန်မလိုပါ။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts