Silence

Silence ~~~~
တနင်္ဂနွေတစ်နေ့ လူသူထူထပ်တဲ့ မြို့လယ်ခေါင်မှာ ကျွန်တော် ငေးမောနေခဲ့တယ်။ များပြားလှတဲ့ လူသားတွေ ကျွန်တော်ရှေ့ကနေ ဖြတ်သန်းသွားကြတယ်။ တစ်နေကုန် တစ်နေခမ်း အရမ်းများလွန်းတဲ့လူတွေ ကျွန်တော်အရှေ့ လမ်းမကြီးအထက်မှာ သွားလာနေကြတယ်။ ဒီမြို့ထဲ၊ ဒီနိုင်ငံတော်ထဲ၊ ဒီကမ္ဘာလောကကြီးထဲ များလွန်းလိုက်တဲ့ လူတွေ။ များလွန်းလိုက်တဲ့ အရေးကိစ္စတွေ၊ များလွန်းလိုက်တဲ့ အတွေးတွေ၊ ဒီလောက်များပြားလွန်းတဲ့ အရာတွေကြား ကြားညပ်နေရတာ တစ်ခါတစ်ရံ စိတ်ပင်ပန်းလွန်းတယ်။

     တစ်ခါတစ်လေလောက် အရာအားလုံး ရပ်တန့်သွားခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ။

     တစ်ခါတစ်လေလောက် အရာအားလုံး ငြိမ်ငြိမ်သက်သက်နဲ့ ကျွန်တော်တို့ရဲ့ ခေါင်းထဲက ကိုက်ခဲနေတဲ့ အတွေးတွေ အားလုံးထုတ်ပစ်ပြီး ရပ်တန့်နေချင်တယ်။

Silence

          တစ်ခါတစ်လေလေးပါပဲ။

     ဒီလိုနဲ့ပဲ….ညနက်လာပြီး လူသူတွေ နည်းပါးသွားပါပြီ။ တစ်လောကလုံးကို မဆိုလိုပေမယ့် ကျွန်တော့် အမြင်အာရုံထဲမှာတော့ နည်းနည်းလေး ရှင်းလင်းသွားခဲ့ပြီ။ ဒါပေမယ့် ကျွန်တော့် အတွေးတွေ ကျွန်တော့်ခေါင်းထဲမှာ ဆူညံနေတုန်းပဲ။

     မခံမရပ်နိုင်စွာ

     ကျွန်တော် ကိုက်ခဲလာပြီး….

     လဲလျောင်းအိပ်စက်လိုက်ပါပြီ။

     တဖြည်းဖြည်း အမှောင်ကျလာပြီး

     ကျွန်တော်လည်း တိတ်ဆိတ်မှုဧရိယာထဲကို

     တစ်စတစ်စချင်း

      တိုးဝင်သွားရင်း….။

      တိုးဝင်သွားရင်း….။။

SwanHtet (HapEye.Net)

ရသ

Open More Online

Related Posts