Magnify

Magnify တစ်ခု ပြုလုပ်ခြင်း(3)

Magnify တစ်ခု ပြုလုပ်ခြင်း(3)

ဆက်လက်ပြီး ဒီမှန်ဘီလူးလက်ကိုင်ကို ပိုမိုသဘာဝကျစေရန် ပြုလုပ်ဆောင်ရွက်ပါမယ်။ လက်ကိုင်ကို နှစ်ဆစ်ချိုးပုံစံ ပြုလုပ်လိုက်ခြင်းအားဖြင့် ပိုမို အသက်ဝင်တဲ့ မှန်ဘီလူးလက်ကိုင်ပုံစံမျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလက်ကိုင်ပြုလုပ်ထားတဲ့ Layer ကို ရွေးချယ်ကာ Ctrl+J ကို နှိပ်လိုက်ပါ။ ဒါဆိုရင် နောက်ထပ် Layer အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။

Design

 ပြီးနောက် သူ့ကို Transform ပြုလုပ်ပြီး နည်းနည်းသေးလိုက်ပါမယ်။

Magnify

သေးပြီးသွားပြီဆိုရင်တော့ Layer နှစ်ခုကို အရှေ့အနောက် ပြောင်းပေးလိုက်ပါမယ်။ ဒါကြောင့် ညာဖက် Layer အကွက်မှာ မှန်ဘီလူးလက်ကိုင် အသေး Layer ကို အကြီး Layer ရဲ့ အောက်သို့ ဆွဲချပေးလိုက်ပါမယ်။

ဒါဆိုရင် အောက်ဖော်ပြပါပုံအတိုင်း သဘာဝကျ လှပတဲ့ မှန်ဘီလူး လက်ကိုင်တစ်ခုကို ရရှိသွားမှာ ဖြစ်ပါတယ်။

Magnify

Related Posts