Sad Alone Lonely Depression Youth

Lose my Shoes ~~~~
ကျွန်တော် ရေခရားမှ ရေတချို့ကို ခွက်ငယ်ထဲသို့ စောင်းငှဲ့ထည့်ချိန် ဖိနပ်ကြိုးချည်နေသည်။
        ကျွန်တော် ရေသောက်နေချိန် သူ ဖိနပ်ကြိုးချည်နေသည်။
        ကျွန်တော် ရေသောက်ပြီးချိန် သူ ဖိနပ်ကြိုးချည်နေသည်။
        
        ကျွန်တော်ပြောလိုက်သည်….ငါ ချည်ပေးရမလား။
        သူက…..ချည်ရင်းနဲ့ ငါ သင်ယူနေတာကို မနှောင့်ယှက်ပါနဲ့….တဲ့။
        ကျွန်တော်လည်း……ကြိုးစားကြည့်ပေါ့ကွာ….လို့ အားပေးပါသည်။

        နောက်တစ်နေ့….ကျွန်တော် ရေသောက်နေချိန်
        သူ ဖိနပ်ကြိုးချည်နေသည်။

        နောက်တစ်နေ…
       တစ်နေ့ပြီး တစ်နေ့….
     သူဆက်ချည်နေသည်။

        တစ်ရက်မှာတော့….
        သူမရှိတော့။

        ကျွန်တော် ဝမ်းနည်းလာသည်။ သူဘယ်ရောက် သွားပြီလဲ။
        
        ရုတ်တရက် သူပြန်ရောက်လာပြီး…
        ကျွန်တော့်ကို ပြုံးပြသည်။ သူ့ဖိနပ်လေးကို စီးလို့….သူဟန်ကျနေသည်။

        ကျွန်တော်လည်း သူ့ကို ပြန်ပြုံးပြသည်
        သူနှင့်အတူ လမ်းလျှောက်လိုက်ရန် ပြောသည်။
        ကျွန်တော် ညင်သာစွာ ငြင်းဆိုလိုက်သည်။
        သူ….ထွက်သွားသည်။ ကျွန်တော် ကျန်နေရစ်သည်။
        လမ်းပေါ်မှာ သူပျော်ရွှင်နေသည်…။

        ဖိနပ်ကြိုးချည်ဖို့က ကျွန်တော့် အတွက် မခဲယဉ်းပါ။

        ဒါပေမယ့်…
        ခက်နေတာက…
        ကျွန်တော့်မှာမှ ဖိနပ်မရှိဘဲ။

SwanHtet (HapEye.Net)

လေ့လာဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်

ရသ

Open More Online

Related Posts