Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များ (အပိုင်း – ၄)

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များ (အပိုင်း – ၄) ~~~~
R&A – R&A Rules Limited အာအန်အေဂေါက်သီးစည်းမျဉ်းအဖွဲ့
Referee (ရဖရီ) – ဒိုင်လူကြီး
ကော်မတီက ပြိုင်ပွဲအတွင်း စည်းမျဉ်းစည်းကမ်းများ ဆုံးဖြတ်ပေးရန်အတွက် ခန့်အပ်ထားသူ ဖြစ်သည်။ ဒိုင်လူကြီးသည် ကစားသူတစ်ဦးဦး စည်းမျဉ်းဖောက်ဖျက်ကြောင်း တွေ့ရှိပါက (သို့) လာရောက်သတင်းပို့ပါက မပျက်မကွက် စည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည်။ ဒိုင်လူကြီးသည် အလံတိုင်ကို ကိုင်ပေးခြင်း၊ မတ်တပ်ရပ်၍ ကျင်းနေရာပြခြင်း (သို့) ညွှန်ပြခြင်း၊ ဘောလုံးကို မှတ်ပေးခြင်းနှင့် ကောက်ယူခြင်းများ မပြုလုပ်သင့်ပါ။

Exception: ခြွင်းချက် – ကျင်းပြတ် ကစားခြင်းအတွက် ဒိုင်လူကြီးသည် တောက်လျှောက်ကစားသူများနှင့် အတူတကွလိုက်၍ ဆုံးဖြတ်ချက်ပေးနိုင်သည်။ တောက်လျှောက်အတူ မလိုက်ခဲ့ပါက စည်းမျဉ်း 1-3 စည်းမျဉ်းကို ပယ်ဖျက်စေသော သဘောတူညီမှု ပြုလုပ်ခြင်း၊ စည်းမျဉ်း 6-7 အချိန်ကြာမြင့်ခြင်းနှင့် စည်းမျဉ်း 33-7 များအတွက်သာ ဆုံးဖြတ်ချက်ပေးနိုင်သည်။

Rub of the Green – ရပ်အော့ (ဖ်) သီဂရင်း
ရွေ့လျားနေသောဘောလုံးသည် အောက်ဆိုဒ်အေဂျင်စီတစ်ခုခုနှင့် မတော်တဆတိုက်မိ၍ လွင့်စင်သွားလျှင် (သို့မဟုတ်) ရပ်သွားလျှင် ရပ်အော့ (ဖ်) သီဂရင်း ဟု သတ်မှတ်သည်။ စည်းမျဉ်း 19-1 ကို ဖတ်ရှုရန်။

Rule of Rules ဂေါက်စည်းမျဉ်း ဟူသော စကားရပ်တွင် အောက်ဖော်ပြပါတို့ ပါဝင်သည်။
a.      ဂေါက်စည်းမျဉ်းနှင့် ဂေါက်စည်းမျဉ်းဆိုင်ရာ ဆုံးဖြတ်ချက်စာအုပ်များအားလုံး၊
b.      ကော်မတီက ပြိုင်ပွဲအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ စည်းမျဉ်း 33-1 နှင့် နောက်ဆက်တွဲအခန်း ၁။
c.      ကော်မတီက ပြိုင်ပွဲအတွက် သတ်မှတ်ထားသော ကစားမည့်ကွင်း၏ ဒေသန္တရစည်းမျဉ်းများစည်းမျဉ်း 33-8a နှင့် နောက်ဆက်တွဲ အခန်း(၁)
d.     (i)   ဂေါက်တုတ်နှင့် ဂေါက်သီးများအတွက် သတ်မှတ်ထားသော အချက်များ နောက်ဆက်တွဲ အခန်း ၂ နှင့် ၃ တွင် ပါဝင်သော ဂေါက်တုတ်နှင့်                        ဂေါက်သီးသတ်မှတ်ချက်များ။
        (ii)  အသုံးအဆောင်ပစ္စည်းကိရိယာများ နောက်ဆက်တွဲ အခန်း ၄

Side – ဆိုဒ်ဆိုသည်မှာ တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပို၍ ပါတနာအဖြစ် တွဲ၍ကစားသော အတွဲများ ဖြစ်သည်။ ကျင်းပြတ်ကစားခြင်းတွင် ပြိုင်ဘက်အတွဲတွင်ပါဝင်သူအားလုံးသည် ကစားသူ၏ပြိုင်ဘက် (အော့ပိုနန့်) များဖြစ်ပြီး၊ အချက်ရေကစားခြင်းတွင် မိမိအတွဲတွင် ပါဝင်သူအားလုံးသည် ကစားဖော် (ကွန်ပီတစ်တာ) ဖြစ်၍ အတူတွဲကစားနေသော ပြိုင်ဘက်တွဲတွင် ပါဝင်သူများသည် (ဖလိုးကွန်ပီတီတာ) များ ဖြစ်သည်။

Single – ကျင်းပြတ်ကစားနည်းများနှင့် အချက်ရေဖြင့် ကစားနည်းများကို ဖတ်ရှုရန်။

Stance – စတန့်ဆိုသည်မှာ ကစားသူသည် ဂေါက်သီးကို ရိုက်ရန်အတွက် ခြေထောက်ကို နေရာချ၍ အသင့်ပြင်ဆင်ခြင်း ဖြစ်သည်။

Stipulated Round – စတီပြူလိတ်တက်ရောင်း (၁၈ ကျင်းတစ်ပတ်)
ကော်မတီက သီးခြားမသတ်မှတ်ခဲ့လျှင် ကျင်းနံပါတ်အစဉ်လိုက် တစ်ကျင်းပြီးတစ်ကျင်း ကစားသွားခြင်း ဖြစ်သည်။ စတီပြူလိတ်တက်ရောင်းတွင် ၁၈ ကျင်း ပါဝင်သည်။ ကော်မတီက ၁၈ ကျင်းထက် နည်းသော ကျင်းအရေအတွက်ကို ပြင်ဆင်သတ်မှတ်နိုင်သည်။ ပုံမှန် ၁၈ ကျင်းတစ်ပတ်ထက်ပိုသော ကျင်းပြတ်ကစားခြင်းအတွက် စည်းမျဉ်း 2-3 ကို ဖတ်ရှုရန်။

Stroke (စတုတ်) – ဘောလုံးကိုရိုက်ခြင်း
စတုတ်ဆိုသည်မှာ ဘောလုံးကိုထိအောင် (သို့မဟုတ်) ရွေ့လျားသွားအောင် ရည်ရွယ်၍ ဂေါက်တုတ်ဖြင့် ဘောလုံးကို ရှေ့သို့ ရိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။ ဘောလုံးကို ရိုက်ရန် မရည်ရွယ်ဘဲ ဆွင်းစမ်းလွှဲစဉ် (ကလပ်ဟဒ်) တုတ်ခေါင်းကို ဘောလုံးမရောက်မီ ရပ်ခဲ့လျှင် ဘောလုံးကို ရိုက်ခြင်းဟု မသတ်မှတ်ပါ။

Substituted Ball – အစားထိုးဘောလုံး
ကျင်းကစားနေသော၊ အိုဘီကျသော၊ ပျောက်သွားသောဘောလုံး (သို့) ကောက်ထားသောဘောလုံးနှင့် အခြားဘောလုံးတစ်လုံးကို စည်းမျဉ်းအရဖြစ်စေ၊ မဖြစ်စေ အစားထိုးလိုက်ပါက ထိုဘောလုံးသည် အစားထိုးဘောလုံး ဖြစ်သည်။ ထိုအစားထိုးဘောလုံးအား မူလဘောလုံးနေရာတွင် ချ၍ (သို့) လွှတ်ချ၍ အစားထိုးလိုက်သည်နှင့် ကျင်းကစားနေသော ဘောလုံး (ဘောအင်ပလေး) ဖြစ်သွားသည်။ စည်းမျဉ်း 20-4 ကို ဖတ်ရှုရန်။

Teeing Ground – တီခုံ
ကျင်းတစ်ကျင်းကို စတင်၍ ကစားသောနေရာ ဖြစ်သည်။ တီခုံဧရိယာသည် ထောင့်မှန်စတုဂံပုံဖြစ်၍ တီမတ်ကာနှစ်ခု၏ အနောက်ဘက် ဂေါက်တုတ်နှစ်ပြန်စာ အတိုင်းအတာရှိပြီး အရှေ့နှင့် ဘေးနှစ်ဘက်နယ်နိမိတ်အနားလိုင်းသည် တီမတ်ကာနှစ်ခု၏ အပြင်ဘက်နယ်ကုန်အမှတ်နှင့် အညီဖြစ်သည်။

Three-Ball – ကျင်းပြတ်ကစားနည်းများကို ဖတ်ရှုရန်။

Threesome – ကျင်းပြတ်ကစားနည်းများကို ဖတ်ရှုရန်။

Through the Green – သရူးသီဂရင်း ဆိုသည်မှာ အောက်ဖော်ပြပါနေရာများမှလွဲ၍ ကွင်းအတွင်းရှိ ကျန်နေရာအားလုံး ပါဝင်သည်။
a.      ကစားသောကျင်း၏ တီခုံနှင့် ကျင်းစိမ်ဂရင်း၊
b.      တစ်ကွင်းလုံးရှိ ဟဲဇတ်များအားလုံး။

Water Hazard – ဝါတာဟဲဇတ်
ဝါတာဟဲဇတ်တွင် ပင်လယ်၊ ကန်၊ အိုင်၊ မြစ်၊ ချောင်း၊ တူးမြောင်း၊ ရေဆင်းမြောင်းနှင့် ကွင်းအတွင်း အလားသဏ္ဍာန်တူနေရာများအားလုံး ပါဝင်သည်။ ဝါတာဟဲဇတ်အတွင်း ရေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝါတာဟဲဇတ်အဖြစ် သတ်မှတ်နိုင်သည်။ ဝါတာဟဲဇတ်အတွင်းရှိ မြေမျက်နှာပြင်နှင့် ရေအားလုံးသည် ဝါတာဟဲဇတ်အတွင်း ပါဝင်သည်။ ဝါတာဟဲဇတ်၏ဧရိယာကို တိုင်များဖြင့် သတ်မှတ်ထားလျှင် ထိုတိုင်များသည် ဟဲဇတ်၏ ဧရိယာအတွင်းတွင် ရှိသည်။ ဟဲဇတ်တိုင်အခြေ၏ အပြင်ဘက်အစွန်း (ကွင်းဘက်) မြေပြင်နေရာသည် ဟဲဇတ်နယ်နိမိတ်ဧရိယာ ဖြစ်သည်။ ဟဲဇတ်၏ နယ်နိမိတ်ကို တိုင်နှင့် လိုင်းအတူယှဉ်တွဲ ဖော်ပြထားလျှင် တိုင်များသည် မည်သည့်ဟဲဇတ်ဖြစ်ကြောင်း ဖော်ပြခြင်းအတွက်သာ ဖြစ်၍ လိုင်းသည် ဟဲဇတ်ဧရိယာကို သတ်မှတ်သည်။ ဟဲဇတ်လိုင်းသည် ဟဲဇတ်ဧရိယာအတွင်းတွင် ရှိသည်။ ဟဲဇတ်ဧရိယာသည် ထောင်လိုက်မျဉ်းအတိုင်း မြေပြင်၏ အထက်နှင့်အောက် ဧရိယာအားလုံး ပါဝင်သည်။
ဘောလုံးသည် ဟဲဇတ်အတွင်း ကျလျှင် (သို့မဟုတ်) ဟဲဇတ်၏ အစိတ်အပိုင်းတစ်ခုခုနှင့် ထိနေလျှင် ထိုဘောလုံးသည် ဟဲဇတ်ကျသည်ဟု သတ်မှတ်သည်။ ဟဲဇတ်ဧရိယာသတ်မှတ်ထားသော တိုင်များသည် (အောစရပ်ရှင်) များ ဖြစ်သည်။
Note 1 မှတ်ချက်(၁) – ဝါတာဟဲဇတ်ဧရိယာကို အဝါရောင်တိုင် (သို့) လိုင်းဖြင့် သတ်မှတ်သည်။
Note 2 မှတ်ချက်(၂) – ကော်မတီသည် ဝါတာဟဲဇတ်အား Environmentally Sensitive Area – ESA အန္တရာယ်ရှိသော ဧရိယာအဖြစ် သတ်မှတ်၍ ထိုဧရိယာအတွင်းမှ ကစားခြင်းအား တားမြစ်နိုင်သည်။

Wrong Ball – ဘောလုံးအမှား
ဘောလုံးအမှားဆိုသည်မှာ အောက်ဖော်ပြပါ ဘောလုံးများမှ လွဲ၍ ကျန်ဘောလုံးများအားလုံးသည် ဘောလုံးအမှား ဖြစ်သည်။
* ကျင်းကစားနေသော ဘောလုံး၊
* ပရိုဗေးရှင်းနယ်ဘောနှင့်
* အချက်ရေဖြင့် ကစားခြင်းတွင် စည်းမျဉ်း 3-3 နှင့် 20-7c အရ နောက်ထပ်ရိုက်၍ ထားသော ဒုတိယဘောလုံး။
ဘောလုံးအစားထိုးခြင်းအား စည်းမျဉ်းက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ လက်ရှိ ကျင်းကစားနေသော ဘောလုံး (ဘောအင်ပလေး) နှင့် အခြားဘောလုံးကို လွှတ်ချ၍ (သို့) မူလဘောလုံးနေရာတွင် ချ၍ အစားထိုးလိုက်ပါက အစားထိုးဘောလုံးသည် ကျင်းကစားနေသော ဘောလုံးဖြစ်သွားသည်။ စည်းမျဉ်း 20-4 ကို ဖတ်ရှုရန်။

Wrong Putting Green – ဂရင်းအမှား
လက်ရှိကစားနေသော ကျင်း၏ ဂရင်းမှလွဲ၍ ကျန်ဂရင်းများအားလုံးသည် ဂရင်းအမှား ဖြစ်သည်။ ကော်မတီက သီးခြားသတ်မှတ်ခြင်း မရှိလျှင် ကွင်းအတွင်းရှိ ချစ်ပင်နှင့် ပတ်တင်လေ့ကျင့်ကစားရန် ဖောက်ထားသော ဂရင်းများအားလုံး ပါဝင်သည်။

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များ (အပိုင်း – ၄)

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts