ဘောလုံး

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များ (အပိုင်း – ၃)

Lost Ball (လော့(စ်)ဘော) – ပျောက်ဆုံး ဘောလုံး (သို့) ဆက်ကစားခွင့်ဆုံးရှုံးသွားသောဘောလုံး ကျင်းကစားနေသော ဘောလုံး ဘောအင်ပလေးသည် အောက်ပါအခြေအနေတွင် ထိုဘောလုံးကို ဆက်ကစားခွင့်မရှိသောကြောင့် ဆုံးရှုံးသွားသော ဘောလုံး ဖြစ်သည်ဟု သတ်မှတ်ခြင်းဖြစ်သည်။
a.       ကျင်းကစားနေသောဘောလုံးအား အချိန် ၅ မိနစ်အတွင်း ရှာမတွေ့လျှင် (သို့) မိမိဘောလုံးဖြစ်ကြောင်း မခွဲခြားနိုင်ပါက ဆုံးရှုံးခြင်းဖြစ်သည်။ အချိန် ၅                မိနစ်ကို ကစားသူ၊ ပါတနာ (သို့) ၎င်းတို့၏ ကယ်ဒီတစ်ဦးသည် ထိုဘောလုံးရှိမည်ဟု ယူဆသောနေရာကို ရောက်ရှိရှာဖွေချိန်မှစ၍ ရေတွက်သည်။
b.       ကစားသူက အရံဘောလုံး ပရိုဘေရှင်နယ်ဘောတစ်လုံးကို ရိုက်ထားပြီး ထိုအရံဘောလုံးကို မူလဘောလုံးရှိနိုင်သည်ဟု ယူဆသောနေရာမှ ဆက်ရိုက်ခြင်း  
         (သို့မဟုတ်) မူလဘောလုံးရှိမည်ဟု ယူဆသောနေရာထက် ကျင်းနှင့်ပိုနီးသောနေရာမှ ရိုက်ခဲ့လျှင် (စည်းမျဉ်း 27-2b ကိုဖတ်ရှုရန်) မူလဘောလုံးသည်  
          ဘောအင်ပလေး မဟုတ်တော့ဘဲ ဆက်ကစားခွင့်ဆုံးရှုံးသွားသည့် ဘောလုံးဖြစ်သွားသည်။
c.       ကစားသူက နောက်ထပ်ဘောလုံးတစ်လုံးကို မူလရိုက်ခဲ့သောနေရာမှ ပရိုဘေရှင်နယ်ဘောအဖြစ် မကြေငြာဘဲရိုက်ခဲ့လျှင် (သို့မဟုတ်) စည်းမျဉ်း 26-1a,
         27-1 နှင့် 28a အရ ရိုက်ခဲ့လျှင်၊
d.       ကစားသူ၏ မူလဘောလုံးသည် အောက်ဆိုဒ်အေဂျင်စီကယူသွားခြင်း (စည်းမျဉ်း 18-1)၊ အောစရပ်ရှင်တစ်ခုအတွင်းသို့ဝင်၍ ပျောက်သွားခြင်း          (စည်းမျဉ်း 24-3) နှင့် အက်နော်မယ်ဂရောင်း ကွန်ဒီရှင်အတွင်းဝင်၍ ပျောက်သွားခြင်း (စည်းမျဉ်း 25-1c) (သို့မဟုတ်) ဝါတာဟဲဇတ်အတွင်း ဝင်သွားခြင်း          (စည်းမျဉ်း 26-1b or c) ဖြစ်ကြောင်း တိကျခိုင်မာစွာသိ၍ အခြားဘောလုံးတစ်လုံးကို စည်းမျဉ်းအတိုင်း အစားထိုးရိုက်ခဲ့လျှင်၊
e.       အခြားဘောလုံးဖြင့် မူလဘောလုံးအား အစားထိုးရိုက်ခဲ့လျှင် ထိုဘောလုံးသည် ကျင်းကစားနေသော ဘောလုံး(ဘောအင်ပလေး) မဟုတ်တော့ဘဲ          ဆက်ကစားခွင့် ဆုံးရှုံးသွားသည်။ ဘောလုံးမှားရိုက်ခြင်းကြောင့် ကုန်သွားသည့်ချိန်ကို မူလဘောလုံးအား ရှာဖွေရန် ခွင့်ပြုချိန် ၅ မိနစ်အတွင်း ထည့်၍          မရေတွက်ပါ။

Marker (မာကာ) – အချက်ရေမှတ်သူ
အချက်ရေဖြင့် ကစားခြင်းတွင် ကစားသူ၏ရိုက်ချက်ကို မှတ်ရန်အတွက် ကော်မတီက တာဝန်ပေးထားသူ ဖြစ်သည်။ ပြိုင်ဘက်ကစားဖော်ကိုလည်း မာကာအဖြစ် တာဝန်ပေးနိုင်သည်။ မာကာသည် ဒိုင်လူကြီးကဲ့သို့ ဆုံးဖြတ်ချက်ပေးခွင့်မရှိပါ။

Move or Moved – ရွေ့လျားသွားခြင်း
ဘောလုံးသည် မူလအနေအထားမှ အခြားတစ်နေရာသို့ ရောက်ရှိရပ်တန့်သွားလျှင် ဘောလုံးရွေ့လျားသွားသည်ဟု သတ်မှတ်သည်။

Nearest Point of Relief – အနီးဆုံးလွတ်ကင်းသောသက်သာခွင့်ရသည့်နေရာ
အနီးဆုံးလွတ်ကင်းသော သက်သာခွင့်ရသည့်နေရာဆိုသည်မှာ စည်းမျဉ်းအရ ပြစ်ဒဏ်ပေးရန်မလိုဘဲ အလွယ်တကူမပြောင်းနိုင်သော ပစ္စည်း (စည်းမျဉ်း 24-2)၊ မူလအခြေအနေတိုင်းမဟုတ်ဘဲ ပြောင်းလဲသွားသောနေရာ (စည်းမျဉ်း 25-1) နှင့် ဂရင်းအမှားပေါ် ဘောလုံးရောက်ရှိသွားခြင်း (စည်းမျဉ်း 25-3) ကြောင့် အနှောင့်အယှက် အတားအဆီး ဖြစ်ပေါ်နေ၍ ဘောလုံးနှင့်အနီးဆုံး သက်သာခွင့်ယူနိုင်သော အမှတ်နေရာ ဖြစ်သည်။
(i)        ကျင်းနှင့်မနီးစေရပါ။
(ii)       ထိုနေရာသည် ဘောလုံးကို အတားအဆီးမရှိပါက ရိုက်နိုင်မည့် အနေအထားအတိုင်း အနှောင့်အယှက် အတားအဆီးများမှ လုံးဝကင်းလွတ်စွာ            ရိုက်နိုင်သော နေရာဖြစ်ရမည်။

Note မှတ်ချက် – အနီးဆုံး လွတ်ကင်းသော သက်သာခွင့်ရသည့် နေရာကို တိကျမှန်ကန်စွာ ရွေးချယ်နိုင်ရန်အတွက် ကစားသူသည် ပထမဦးစွာ မူလဘောလုံး ရှိသောနေရာတွင် အနှောင့်အယှက် အတားအဆီး မရှိခဲ့လျှင် ပုံမှန်ရိုက်မည့်တုတ်ကို ရွေးချယ်၍ ၎င်းတုတ်ဖြင့် (အက်ဒရစ်) ရိုက်ရန် အသင့်ဖြစ်သည့် အနေအထားပုံစံ ပြုလုပ်၍ တုတ်ခေါင်းကို မြေပြင်ချသောအခါတွင် ထိသောနေရာဖြစ်ပြီး ဆွင်းနှင့် ရိုက်မည့်လမ်းကြောင်းသည် ထိုအနှောင့်အယှက် အတားအဆီးမှ လုံးဝကင်းလွတ်စွာ ရိုက်၍ရသော မူလဘောလုံးနှင့် အနီးဆုံးနေရာ ဖြစ်သည်။

Observer – အော့ဇပ်ဘာဆိုသည်မှာ ဒိုင်လူကြီးများထံ တိကျမှန်ကန်သောသတင်း၊ ဖြစ်စဉ်များနှင့် စည်းမျဉ်းဖောက်ဖျက်ခြင်းများကို အသိပေးနိုင်ရန်အတွက် ကော်မတီက တာဝန်ပေးအပ်ထားသူ ဖြစ်သည်။ အော့ဇပ်ဘာသည် အလံတိုင်အား ကိုင်ပေးခြင်းနှင့် ဘောလုံးကို မှတ်ပေးခြင်းများ မပြုလုပ်သင့်ပါ။

Obstructions – အောစရပ်ရှင်ဆိုသည်မှာ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲထားသော ပစ္စည်းများနှင့် စက်ရုံထုတ်ရေခဲ စသောပစ္စည်းများ ပါဝင်သည်။ ဆောက်လုပ်ထားသော အခင်းများ၊ လမ်းနှင့် လူသွားလမ်းများ အပါအဝင် ဖြစ်သည်။ သို့သော် အောက်ပါပစ္စည်းများ မပါဝင်ပါ။
a.       OB အဖြစ် သတ်မှတ်ထားသော တံတိုင်း၊ ခြံစည်းရိုး၊ ငုတ်တိုင်နှင့် အကာအတန်းများ။
b.       OB အတွင်းရှိ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ။
c.       ကော်မတီက ကွင်း၏အစိတ်အပိုင်းအဖြစ် ပါဝင်သည်ဟု သတ်မှတ်ထားသော ကွင်းအတွင်း ဆောက်လုပ်ထားသော အဆောက်အအုံများ ဖြစ်သည်။

အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက အချိန်ကြန့်ကြာမှုမရှိလျှင်၊ ပျက်စီးမှုမဖြစ်လျှင် ဖယ်ရှားဆောက်လုပ်ထားသော အဆောက်အအုံများ ဖြစ်သည်။
Note မှတ်ချက် – ကော်မတီသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို မရွှေ့ပြောင်းနိုင်သော ပစ္စည်းအဖြစ် သတ်မှတ်ခွင့်ရှိသည်။

Opponent (အောပို့နန့်) ပြိုင်ဘက်
ကျင်းပြတ်ကစားနည်းတွင် ကစားသူ၏ ပြိုင်ဘက် (သို့မဟုတ်) ပြိုင်ဘက်အတွဲတွင် ပါဝင်သည့်သူအားလုံးသည် ကစားသူ၏ (အောပို့နန့်) များ ဖြစ်သည်။

Out of Bounds – အိုဘီဆိုသည်မှာ သတ်မှတ်ထားသော ကွင်းဧရိယာ၏ အပြင်ဘက် (သို့မဟုတ်) ကော်မတီက အိုဘီအဖြစ် သတ်မှတ်ထားသော နေရာဖြစ်သည်။ အိုဘီအားတိုင်နှင့် စည်းရိုးအလွန် ဖြစ်သည်ဟု သတ်မှတ်ပါက အိုဘီ၏နယ်နိမိတ်သည် ထိုတိုင်နှင့် စည်းရိုးများ၏ အောက်ခြေအတွင်းဘက် (ကွင်းဘက်ခြမ်း) ရှိ တိုင်နှင့် စည်းရိုးအခြေမှစ၍ သတ်မှတ်သည်။ ကွင်းဘက်ခြမ်းရှိ အိုဘီစည်းရိုးကို ထောက်ထားသော ထောက်တိုင်သည် အိုဘီနှင့် မသက်ဆိုင်ပါ။ အိုဘီအား တိုင်နှင့် လိုင်း အတူတကွတွဲ၍ သတ်မှတ်ထားလျှင် လိုင်းသည် အိုဘီ၏ ဧရိယာကိုသတ်မှတ်၍ တိုင်သည် အိုဘီရှိကြောင်း ပြသော အမှတ်အသား ဖြစ်သည်။ အိုဘီကို လိုင်းဖြင့် သတ်မှတ်ပါက ထိုလိုင်းသည် အိုဘီထဲတွင် ရှိသည်။ အိုဘီဧရိယာသည် ထောင်လိုက်မျဉ်းအတိုင်း မြေပြင်၏အထက်နှင့်အောက် ဧရိယာအားလုံး ပါဝင်သည်။
ဘောလုံးတစ်လုံးသည် အိုဘီကျသည်ဆိုသည်မှာ ဘောလုံးတစ်လုံးလုံး အိုဘီဧရိယာအတွင်း ရောက်ရှိမှသာ ဖြစ်သည်။ ကစားသူသည် အိုဘီအတွင်းမှရပ်၍ ကွင်းအတွင်းရှိ မိမိဘောလုံးကို ရိုက်နိုင်သည်။ အိုဘီဧရိယာ သတ်မှတ်ထားသော နံရံ၊ စည်းရိုး၊ တိုင်နှင့် တန်းများအားလုံးသည် အော့စရပ်ရှင်များ မဟုတ်ပါ။ ရွှေ့ပြောင်းခွင့် မရှိပါ။ သက်သာခွင့် မရပါ။
Note 1 မှတ်ချက်၁ – အိုဘီဧရိယာအား သတ်မှတ်ထားသော တိုင်နှင့် လိုင်းများသည် အဖြူရောင် ဖြစ်သည်။
Note 2 မှတ်ချက်၂ – အိုဘီရှိကြောင်း ဖော်ပြရုံသာဖြစ်ပြီး အိုဘီဧရိယာကို သတ်မှတ်ပေးခြင်း မရှိသော တိုင်များကို အော့စရပ်ရှင်များအဖြစ် ဒေသန္တရစည်းမျဉ်းများအရ သတ်မှတ်နိုင်သည်။

Outside Agency (အောက်ဆိုဒ်အေဂျင်စီ) – ကစားသူနှင့်သက်ဆိုင်ခြင်းမရှိသော သက်ရှိ၊ သက်မဲ့များ
ကျင်းပြတ်ကစားနည်းတွင် ကစားသူ၏ဘက်နှင့် ပြိုင်ဘက်အတွဲတွင် ပါဝင်သောသူများနှင့် ၎င်းတို့၏ ကယ်ဒီများ၊ ကစားသူအားလုံး၏ ကျင်းကစားနေသော ဘောလုံးများ (ဘောအင်ပလေး) နှင့် ထိုသူအားလုံး အသုံးပြုသော ပစ္စည်းများမှလွဲ၍ ကျန်သက်ရှိသက်မဲ့ ရုပ်ဝတ္ထုပစ္စည်းအားလုံး ပါဝင်သည်။
အချက်ရေကစားနည်းတွင် ကစားသူ၏ဘက်နှင့် ၎င်းတို့၏ ကယ်ဒီများ၊ ထိုကျင်းတွင် ကစားနေသော ဘောလုံးနှင့် ထိုသူအားလုံး အသုံးပြုသော ပစ္စည်းများမှလွဲ၍ ကျန်သက်ရှိသက်မဲ့ ရုပ်ဝတ္ထုပစ္စည်းအားလုံး ပါဝင်သည်။ ဒိုင်လူကြီး၊ မာကာများ၊ ကျင်းစောင့်များနှင့် ရှေ့ပြေးကယ်ဒီများသည် ကစားသူအားလုံးနှင့် သက်ဆိုင်မှု မရှိသော အောက်ဆိုဒ်အေဂျင်စီများ ဖြစ်သည်။

Partner – ပါတနာ
တူညီသောဘက် (သို့မဟုတ်) အတွဲမှ ပါဝင်၍ ကစားသူအားလုံးသည် တစ်ဦးနှင့်တစ်ဦး ပါတနာဖြစ်သည်။ (သရီးဆမ်း) Threesome, (ဖိုးဆမ်း) Foursome, (ဘက်စဘော) Best-Ball နှင့် (ဖိုးဘော) Four-Ball ကစားနည်းများတွင် “ကစားသူ” ဟူသော စကားရပ်သည် တူညီသောဘက် (သို့မဟုတ်) ထိုအတွဲတွင် ပါဝင်ကစားနေသူများအားလုံးကို ဆိုလိုသည်။

Penalty Stoke – ပြစ်ဒဏ်အချက်ရေ
စည်းမျဉ်းတစ်ခုခုအား ကျူးလွန်မိခြင်းကြောင့် ကစားသူ (သို့မဟုတ်) အတွဲ၏အချက်ရေတွင် ထည့်၍ ပေါင်းရသော ပြစ်ဒဏ်အချက်ရေ ဖြစ်သည်။ သရီးဆမ်းနှင့် ဖိုးဆမ်းကစားနည်းများတွင် ပြစ်ဒဏ်အချက်ရေသည် ကစားသည့်အလှည့်အား မပြောင်းလဲစေပါ။

Provisional Ball – (ပရိုဗီရှင်နယ်ဘော) အရံဘောလုံး
ကစားသူရိုက်လိုက်သော ဘောလုံးသည် OB ကျနိုင်သည် (သို့မဟုတ်) ဝါတာဟဲဇတ်အပြင်ဘက်တွင် ပျောက်ဆုံးနိုင်သည်ဟု ယူဆ၍ စည်းမျဉ်း 27-2 အရ မူလရိုက်ခဲ့သောနေရာမှ ထပ်၍ရိုက်သော ဘောလုံးဖြစ်သည်။

Putting Green – ပတ်တင်ဂရင်းသည် ပတ်တင်ရိုက်ရန်အတွက် ပြုပြင်ထားသောနေရာ၊ တစ်နည်းအားဖြင့် ကော်မတီက သတ်မှတ်ထားသော နေရာဖြစ်သည်။ ဂရင်း၏ မျက်နှာပြင်နှင့် ဘောလုံးသည်ထိနေလျှင် ဘောလုံးဂရင်းပေါ် အွန်သည်ဟု သတ်မှတ်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

Related Posts