Consideration For Other Players

Consideration For Other Players – ကစားဖော်များအပေါ်တွင်သိတတ်နားလည်ခြင်း

Consideration For Other Players – ကစားဖော်များအပေါ်တွင် သိတတ်နားလည်ခြင်း၊

NO Disturbance or Distraction – အနှောက်အယှက်မပြုလုပ်ရန် ဂေါက်သီး ကစားစဉ်အတွင်း ကစားဖော်များအပေါ်တွင် အနှောက်အယှက် မဖြစ်စေရန် သိတတ်နားလည်စွာပြုမူကစားရမည်။ ဥပမာ-တစ်ခြားကစားသူရိုက်မည့်အချိန်တွင် လမ်းလျှောက်ခြင်း၊ စကားပြောခြင်းနှင့် မလိုအပ်သောဆူညံခြင်းများ မပြုလုပ်သင့်ပါ။ အီလက်ထရောနစ်ပစ္စည်များ ကွင်းအတွင်းသို့ယူဆောင်လာလျှင် အနှောက်အယှက်အဖြစ်စေရန် သတိထား၍ကိုင်တွယ်ရမည်။ တီခုံပေါ်တွင် မိမိရိုက်မည့်အလှည့်ကျမှသာ တီတည်သင့်သည်။ အခြားသူရိုက်ခါနီးတွင် ရိုက်မည့်လမ်းကြောင်းအနီးနှင့်နောက်တွင် ရပ်အနေသင့်ပါ။

On the Putting Green – ပတ်တင်ဂရင်းပေါ်တွင်အခြားကစားသူရိုက်မည့် ပတ်တင်လိုင်းပေါ်တွင် ရပ်မနေသင့်ပါ (သို့မဟုတ်) ရိုက်စဉ်တွင် ရိုက်မည့်လမ်းကြောင်းပေါ်သို့ အရိပ်ထိုးအောင်မပြုလုပ်သင့်ပါ။ ကစားသူအားလုံး ကျင်းစိမ်ပြီးအောင်စောင့်၍ ဂရင်းပေါ်မှဆင်းသင့်ပါသည်။ Scoring – အချက်ရေမှတ်ခြင်းကျင်းတစ်ကျင်းပြီးဆုံးတိုင်း မာကာပြုလုပ်သူသည် မိမိမှတ်ရမည့်ကစားဘက်နှင့်အတူ အချက်ရေကိုစစ်၍ စကောကဒ်တွင်ရေးမှတ်ရမည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော RULES OF GOLF AND THE RULES OF AMATEUR STATUS 2016 မှ ကူးယူဖော်ပြသည်။

Related Posts