သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ အခြေခံလိုအပ်ချက်(၆)မျိုး

သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ အခြေခံလိုအပ်ချက်(၆)မျိုး

စားသုံးသူက ရမယ်လို့ ထင်ထားတာတွေကပဲ စားသောက်ဆိုင် သယ်ယူပို့ဆောင်ရေးစနစ်ရဲ့ ရည်မှန်းချက်တွေကို ပြဌာန်းပါတယ်။ ဒီသယ်ယူပို့ဆောင်ရေးစနစ်ရဲ့ ရည်မှန်းချက်တွေက စားသုံးသူကို မှန်ကန်တဲ့ကုန်စည် (မှာလိုက်တဲ့အစားအစာ)၊ မှန်ကန်တဲ့အရေအတွက် (ပွဲအရေအတွက်)၊ မှန်ကန်တဲ့အခြေအနေ ဒါမှမဟုတ် မှန်ကန်တဲ့နေရာ (ကိုယ်ထိုင်နေတဲ့စားပွဲ)၊ မှန်ကန်တဲ့အချိန် (မြန်မြန်ဆန်ဆန်ရောက်ရှိမှု)၊ မှန်ကန်တဲ့ကုန်ကျစရိတ် (သင့်တင့်မျှတတဲ့ဈေးနှုန်း)တွေပဲ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုမှာ ဒါတွေဟာ မှန်ကန်မှု(၆)မျိုးပါပဲ။ ဒါတွေကို အခြေခံပြုပြီး ကိုယ့်ရဲ့သယ်ယူပို့ဆောင်မှုအဆင့်ဆင့်မှာ အရည်အသွေးပိုင်းရော၊ ယုံကြည်အားထားရမှုမှာရော ကောင်းမွန်ပြည့်စုံသထက် ပြည့်စုံလာအောင် ဘက်ပေါင်းစုံကနေ ချဉ်းကပ်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ဥပဒေနဲ့အညီ ဖြစ်ဖို့၊ စားသုံးသူတွေရဲ့ အခွင့်အရေးတွေကိုလည်း မထိခိုက်ဖို့လိုတယ်ဆိုတာ အထူးတလည် ပြောစရာလိုအပ်မယ် မထင်မိတော့ပါဘူး။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

Related Posts