အိအိမ်ထောင်ဘက် ရွေးချယ်ခြင်း

အိမ်ထောင်ဘက် ရွေးချယ်ခြင်း (အပိုင်း-၁)

အိမ်ထောင်ဘက် ရွေးချယ်ခြင်း

အိမ်ထောင်ပြုခြင်းကား ဘဝတစ်သက်တာလုံး လက်တွဲသွားရမည် အဖေါ်မွန်းကို ရွေးချယ်ရသော အလုပ်ကြီးတစ်ခု ဖြစ်ပေရာ မိမိရွေးချယ်မည့်သူ အကြောင်း ………..

အိမ်ထောင်ဘက် ရွေးချယ်ခြင်း (အပိုင်း-၁)-သာယာပျော်ရွှင်သော အိမ်ထောင်တစ်ခုကား ဘေးမှ ကြည့်သူအဖို့ အထူး အဆန်း တစ်ခုသဖွယ်ဖြစ်၏။ အကြောင်းမူကား မတူညီသော လ သီသော အသွင်နှင့် ရောနှော နေထိုင်ခြင်းကြောင့်ဖြစ်၏။ အိမ်ထောင်ဘက် ရာတွင် မည်သည့်အင်္ဂါရပ်၊ မည်သို့သောအရည်အချင်းတို့ကို ဦးစားပေး ယ်သင့်သည်ဟု ဩဝါဒ ပေးခြင်းသည်လည်း လွယ်ကူသည့်အလုပ် မဟုတ်ပေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီဖြစ်ပေရာ အချို့သူတို့ ကို ကောင်းမွန်သော အချက်အလက်တို့သည် အချို့သူတို့အဖို့မူ စက်ဆုတ်ဖွယ်ဖြစ်တတ်ပေသည်။ မည်သို့ပင်ဖြစ်စေ အိမ်ထောင်ဘက် ယ်ရာတွင် အောက်ပါ အချက်များကိုမူ အထူး သတိပြုသင့်ကြပေသည်။ တစ်ခါက ကျောင်းဆရာမတစ်ဦးသည် တပည့်မ များအား အိမ် သင်ရေးနှင့် ပတ်သက်သည့် သင်ခန်းစာတို့ကို မကြာခဏ ဟောပြောလေ့ ၏။ “အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်နိုင်ခဲသည့်အမျိုး” ဟူ၍လည်း သတိပေးတတ်၏။ အိမ်ထောင်ပြုမည်ကြံလျှင် အချိန် အတော်ကြာယူ၍ စဉ်းစားသင့်ကြောင်း လည်း မကြာခဏ ဆုံးမလေ့ရှိ၏။ သို့သော် သူကိုယ်တိုင် အိမ်ထောင် ပြုသောအခါ လွန်ခဲ့သည့် နှစ်လခန့်က ခရီးသွားရင်း ရယားပေါ်တွင် အသိအကျွမ်းဖြစ်ခဲ့သူ တနယ်သား လူငယ်တစ်ဦးကို ရွေးချယ်လိုက်လေသည်။ ထို့ကြောင့် အရင်းနှီးဆုံး မိတ်ဆွေ ဆရာမတစ်ဦးက လက်ထပ်တာ မြန်လှချည်လား၊ အိမ်ထောင်ရေး သင်ခန်း ဥပဒေသတွေ အရတော့ အချိန်ကြာကြာ စဉ်းစားရမယ်ဆို” ထိုအခါ ဆရာမက “ဥပဒေသတွေက စာအုပ်ထဲမှာပဲရှိတာ ကျတော့ အသည်းနှလုံးက ဆုံးဖြတ်ပြီး စိတ်လှုပ်ရှားမှုက တိုက် ကော့လဲ မြန်မြန်ထက်ထက် လက်ထပ်ဖြစ်သွားတာပဲ” ဟု ပြ ဤတွင် သတိပြုရမည့်အချက်ကား အောင်မြင်သော အိမ် ဟစ်ခု တည်ဆောက်ရေးအတွက် အတိအကျသတ်မှတ်ထားသော စည်း ဥပဒေတို့ မရှိဟူသောအချက်ဖြစ်၏။

သို့သော် လူအများနှင့် ပေါင်း ဆက်ဆံခြင်းဖြင့် ထိုသူတို့တွင်ရှိသော စွမ်းရည်များ၊ ပျော့ညံ့ချက်များ လက်တွေ့ သိရှိနိုင်သည်ဖြစ်ရာ ယင်းအတွေ့အကြုံပေါ်မူတည်၍ မိမိ ချယ်မည့် အိမ်ထောင်ဘက်တွင် မည်သို့သော စွမ်းရည်သတ္တိများ ရှိသင် ကြောင်းကိုမူ ကြိုတင်သတ်မှတ်ထားနိုင်ပေသည်။ အိမ်ထောင်ပြုခြင်း ဘဝတစ်သက်တာလုံး လက်တွဲသွားရမည့် အဖော်မွန်ကို ရွေးချယ်ရသော အလုပ်ကြီးတစ်ခု ဖြစ်ပေရာ မိမိရွေးချယ်မည့်သူအကြောင်း ပြည့်ပြည် စုံစုံသိရှိထားဘို့ လိုပေသည်။ အကယ်၍ လေ့လာအကဲခပ်နေဆဲအချိန် တွင် မိမိကြိုက်နှစ်သက်သော အမူအကျင့်ချွတ်ယွင်းချက်များ ရှိပါက နောက်ဆုံးလက်ထပ်ရန် ဆုံးဖြတ်ချက်ချသည့်အချိန်တွင် ယင်းအချက် အလက်တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပေသည်။ မည်သို့ပင်ဖြစ်စေ လက်ထပ်ရန် ဆုံးဖြတ်ချက်ချသည့် အချိန်တွင်ကား အသည်းနှလုံးတည်း ဟူသာ ခံစားမှုပြဋ္ဌာန်းချက်ကြောင့်သာ ဖြစ်ကြောင်း တွေ့ရပေသည်။ ကာလ ဒေသ ပယောဂကိုလိုက်၍ ချသော ဆုံးဖြတ်ချက်သည် မြန်ချင်လည်း မြန်တတ်၏၊ နှေးချင်လည်း နှေးတတ်ပေသည်။ တက္ကသိုလ်ကျောင်းသားတို့၏ အိမ်ထောင်ဘက် ရွေးချယ်ပုံကို လေ့လာထားသော ဒေါက်တာကျော်စိန်၏ စာတန်း (၁၉၇၀) အရမူ၊ သစ္စာရှိခြင်း၊ ပညာတတ်ခြင်း၊ ကျန်းမာခြင်း၊ စာရိတ္တကောင်းခြင်း၊ အိမ်ထောင်မှုနိုင်နင်းခြင်းဟူသော အချက်လေးချက်တို့သည် အိမ်ထောင်ဘက် ချယ်ရာတွင် အဓိကကျကြောင်း တွေ့ ရ၏။ ကျောင်းသူတို့ကမူ သစ္စာရှိမှ၊ စာရိတ္တကောင်းမှု၊ ပညာရေးမြင့်မားမှုဟူသော အချက်သုံးရပ် ကို ရွေးချယ်ကြပေ၏။ မည်သို့ပင်ဖြစ်စေ နှေးနှေးမှန်မှန် မျက်စိကိုဖွင့် နားကိုစွင့်၍ အလေးအနက် စဉ်းစားခြင်းကား အရေးကြီးပေ၏။ သို့မှသာ အခြေအနေမှန် ကိုလည်းကောင်း၊ ကိုယ်ရွေးချယ်မည့်သူ၏ အရည်အချင်း အစစ်ကိုလည်း ကောင်း၊ ပီပီပြင်ပြင် သိရှိနိုင်မည်ဖြစ်၏။ မိမိသည် မည်သို့သော အရည် အချင်းမျိုးနှင့် ပြည့်စုံသူကိုသာ ကြာရှည်စွာ လက်ထပ်ပေါင်းသင်းနိုင်လိမ့် မည် ဟူသော ပြဿနာကိုလည်း စောစီးစွာ ကြိုတင်၍ မိမိဖာသာ အဖြေ ရှာထားသင့်၏။ သို့မှသာ ကိုယ့်စိတ်ကြိုက် အရည်အချင်း ရှိသူတို့ကို ရှာဖွေရာတွင် လွယ်လင့်ဟကူ ဖြစ်နိုင်ပေသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts