အခြေခံခိုင်မာခြင်း

အိမ်ထောင်ဘက် ရွေးချယ်ခြင်း (အပိုင်း-၂)

အခြေခံခိုင်မာခြင်း

အခြေခံခိုင်မာခြင်း-ဘဝတစ်သက်တာ ခရီးလမ်းကို တက်လှမ်းကြရာတွင် လက်တွဲ ရမည့် ဘဝကြင်ဖော်ကို အရွေးမှန်ဖို့ လွန်စွာအရေးကြီးလှပေသည်။ ထောက် ထားစာနာတတ်သူ၊ မိမိနှင့် စရိုက်တူသူ၊ ကောင်းတူ ဆေးဘက် တိုင်ပင် နိုင်သူကို ရွေးချယ်မိရန် အထူး ဂရုပြုရမည် ဖြစ်၏။ အထူးသဖြင့် အမျိုး သမီးတို့အဖို့ “လင်ကုန်ရှုံး၍ တစ်သက်လုံးမှောက်” ဆိုသလို ဖြစ်တတ်ပေသည်။ အိမ်ထောင် ပြုပြီးသူတို့သည် တစ်အိမ်ထဲတွင် ကာလ ကြာမြင့်စွာ အတူနေကြရမည်ဖြစ်ရာ “လင်နှင့်မယား၊ လျှာနှင့်သွား” ဆိုသကဲ့သို့ တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် မခံမရပ်နိုင်စရာ အဆင်မပြေ မှုများနှင့် တွေ့ဆုံ ကြုံကြိုက်ရတတ်ပေသည်။ တစ်ဦးဦး၏ ချွတ်ယွင်းချက် ကြောင့် ခိုက်ရန်ဒေါသ ဖြစ်သည့်တိုင် နောက်ဆုံးတွင် နှစ်ဦးစလုံး စိတ်ထိခိုက်ရသည်သာ ဖြစ်၏။ ထို့အတူပင် ကိုယ်ဖြစ်စေချင်သလို အခြားတစ်ဦးက မလိုက်လျောပါက စိတ်ပဋိပက္ခဖြစ်ပြီး နောက်ဆုံးတွင် နှစ်ဦးစလုံး စိတ်ညစ်ကြရပေသည်။ ထို့ကြောင့် “အစကောင်းက၊ အနှောင်း သေချာ” ဆိုသကဲ့သို့ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရာတွင် အခြေခံ အုတ်မြစ်သည် ခိုင်မာရန် လွန်စွာ အရေးကြီးလှပေ၏။ ယင်းအုတ်မြစ်တို့ကား ချစ်ခြင်းမေတ္တာတရား ပြည့်ဝခြင်း၊ ထောက် ထား စာနာတတ်ခြင်း၊ သဘောထားချင်း တိုက်ဆိုင်ခြင်း၊ တစ်ဦးကိုတစ်ဦး လိင်ဆိုင်ရာ ကျေနပ်မှု အပြည့်အဝ ပေးနိုင်ခြင်း၊ စိတ်ဓာတ်ရင့်ကျက်ခြင်း တို့ ဖြစ်ပေသည်။ ယင်းအုတ်မြစ်တို့ ခိုင်မာပါက တည်ဆောက်ထားသော အိမ်ထောင်သည် သာယာဖြောင့်ဖြူး တတ်ပေသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts