ချစ်ခြင်းမေတ္တာ

အိမ်ထောင်ဘက် ရွေးချယ်ခြင်း (အပိုင်း-၃)

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာ -ချစ်ခြင်းမေတ္တာ ဆိုရာ၌ တာရှည်ခိုင်မြဲ တည်တံ့သော နှင့် ခဏတာ မျှသာဖြစ်သော စိတ်ကူးယဉ် စွဲလမ်းအချစ် – နှစ်မျိူးစလုံး ပါဝင်သည်။ တာရှည်ခိုင်မြဲသော မေတ္တာတရားကား တည်းဟူသော စွဲလမ်းတပ်မက်ခြင်း အပေါ်တွင် မူတည်သည် ဤမေတ္တာမျိုးကား ဆွေမျိုးတော်သူ၊ မတော်သူ၊ လိင်တူသူ၊ မရာ အသက်ကြီး သူ၊ အသက်ငယ်သူဟူ၍ မခွဲခြားဘဲ လူသားနှစ်ဦးကြားတွင် ဖြစ်ပေါ်တည် ရှိတတ်သော တွယ်တာမှုမျိုးဖြစ်၏။ တစ်ခါတစ်ရံတွင် မေတ္တာတရားသည် ခင်မင်မှု မိတ်ဆွေဖြစ်မှုတွင် စတင်အခြေခံ၍ တဖြည်းဖြည်းနှင့် ယင်းနယ်ကို ကျော်လွန် သွားတတ်ပေသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ခိုင်မြဲသော ချစ်ခြင်း မေတ္တာဖြင့် ချစ်ခင်စုံမက်ကြလျှင် သူတို့သည် တစ်ဦးကိုတစ်ဦးလည်း ကြိုက်နှစ် သက်ကြသည်။ တစ်ဦးအပေါ်တစ်ဦး ထောက်ထားညှာတာကြ သည်။ စိတ်ဝင်စားမှု ချင်းလည်း တူညီကြသည်။ တစ်ယောက်သဘော တစ်ယောက် လိုက်လျောကြသည်။ တစ်ယောက်ကိုတစ်ယောက် ဦးစားပေး ကြသည်။ အပေးအယူ မျှတသောကြောင့် စည်းဝါးကိုက်ညီ သာယာနာပျော် ဘွယ်သော တေးသံစုံတစ်ခုကို နားဆင်ရသကဲ့သို့ပီတိကို ပွားစေတတ် ပေ၏။

သာယာသော အိမ်ထောင်ရေးတွင် အထက်ပါ ချစ်ခြင်းမေတ္တာတို့ ဆိင်ရာ ဆွဲ ဆောင်မှုတို့လည်း ပါဝင်သည်။ တစ်နည်းဆိုရ တစ်ဦးနှင့်တစ်ဦး ရုပ်ပိုင်းဆိုင်ရာ ဆွဲငင်ခြင်းဓာတ်မျိုး ရှိခြင်းကို ။ သို့သော် လိင်ဆိုင်ရာ ဆွဲဆောင်မှုကို ရာဂစိတ်ထက်သန်ခြင်း သင့်ပေ။ ရာဂစိတ်ကြောင့် ဆွဲ ဆောင်ခြင်းကား ခေတ္တခဏ ၏။ ရာဂစိတ် ဆွဲဆောင်မှုကြောင့် ဖြစ်သော အချစ်ကား ကူးယဉ်အချစ်၊ ယာယီအချစ်သာ ဖြစ်ပေ၏။ “စိတ်ကူးယဉ်အချစ်သည် ကြာရှည်တည်တံ့သော မေတ္တာစစ်နှင့် လှပေသည်။ စိတ်ကူးယဉ်အချစ်တွင် ရုပ်ဆင်းအင်္ဂါ လှပပြေပြစ် ဦးစားပေးသော သဘောနှင့် လိင်စိတ် ပြင်းထန်မှုကို ပါဝင်၏။ ကြောင့် လှပတောင့်တင်းနေစဉ် ချစ်ပြီး၊ မလှပ မစိုပြေ တော့သောအခါ ချစ်ပြယ်၏။ နီးကပ်နေပါက ချစ်ပြီး၊ ဝေးကွာသွားပါက ပြယ်သွား တတ်၏။ သို့သော် တစ်ခါတစ်ရံ စိတ်ကူးယဉ်အချစ်မှ ကာရှည်တည်တံ့ သော မေတ္တာသို့ ပြောင်းလဲသွားတတ်၏။ အမြဲတစေ ပြောင်းလဲသည်ဟု ကား မဆိုနိုင်ပေ။

စိတ်ကူးယဉ်အချစ်သည် အပျော် သဘောမျိုးဖြစ်၍ တစ်ခါတစ်ရံ လွန်စွာ လှည့်စားတတ်သည်။ စိတ်ဆိုး ဒေါသထွက်နေသူ တစ်ဦးသည် ပတ်ဝန်းကျင်ကို ဘာမျှ သတိမရတော့ဘဲ၊ မှန်ကန်သော ဆုံးဖြတ်ချက် မချနိုင်သကဲ့သို့ စိတ်ကူးယဉ်အချစ်သည်လည်း ရာဂစိတ် ဖုံးလွှမ်း၍ ဘာမျှမမြင်၊ ဘာမျှ မသိတတ်တော့ဘဲ မျက်ကန်းသဖွယ် ဖြစ် တတ်ပေသည်။ ။ လူတိုင်းသည် မိမိကို တကယ့်မေတ္တာစစ်ဖြင့် ချစ်မည့်သူ၊ မိမိ အပေါ် တစ်သက်လုံး ကြင်နာယုယသွားမည့်သူတို့ကိုသာ ဘဝကြင်ဖော် အဖြစ် ရွေးချယ်လိုကြမည်မှာ ဓမ္မတာပင်ဖြစ်၏။ သို့သော် လူတိုင်းကား အောင်မြင်ပြည့်ဝသော အိမ်ထောင်ရေးသုခကို ခံစားကြရသည် မဟုတ်ပေ။ အချို့သာလျှင် ယင်းအိမ်ထောင်ရေးသုခကို’ ခံစားကြရ၏။ ထို့ကြောင့် အိမ်ထောင်ဘက်ရွေးချယ်စဉ်အခါက သတိကြီးစွာ ထားသင့်ပေသည်ဟု ပညာရှင်အများက သြဝါဒ ပေးခဲ့ခြင်း ဖြစ်ပေသည်။

အခြားလူတစ်ဦးက မိမိကို တကယ် ချစ် မ နည်း သုံးနည်း ရှိသည်ဟု အိမ်ထောင်ရေး ပါရဂူတို့ကဆို၏။ ပထမ အချက်ကား မိန်းကလေးနှင့် ယောက်ျားက တွင် အခက်အခဲ ပြဿနာ ပေါ်ပေါက်ပါက ကျန်တစ် ကြီးသည် ငယ်သည် မဟူ နှောင့်နှေးဆိုင်းခြင်းမရှိဘဲ အ ဖြေရှင်း ပေးရမည်။ ကိုယ်လွတ်ရုန်းလိုသောစိတ်မျိုးမပေါ်ဘဲ ခွန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အခြေအနေဆိုးမှ လွတ်မြောက်ရန် မည်။ သို့မှသာ တကယ့် မေတ္တာစစ်၏ သရုပ်ပေါ်၏။ ဒုတိယအချက်ကား တူညီသော စိတ်ဝင်စားမှုရှိခြင်းဖြစ်၏။ သာ ယာယီဖြစ်သော လိင်ဆိုင်ရာ ဆွဲဆောင်မှုဒီဂရီ လျော့ပါးသွား တိုင် အဆွေခင်ပွန်း သဖွယ် ဆွေးနွေးတိုင်ပင်ခြင်း၊ တစ်ဦးအတွက် ကစ်ဦးက အဖော်သဟဲကောင်း သဖွယ် ရပ်တည်ခြင်းတို့ ရှိနိုင်၏။ စိတ်ဝင်စားမှုခြင်း တူညီသူ နှစ်ဦးသည် တစ်ဦးအပေါ်တစ်ဦး ငြီးငွေ့ခဲ့ပေ။ တတိယအချက်ကား ကြာရှည်စွဲ မြဲခြင်းဖြစ်၏။ တစ်ဦးနှင့် တစ်ဦး မေတ္တာစစ်ဖြင့်ချစ်ခဲ့သော် ချစ်လွယ်မုန်းလွယ်မဟုတ်ဘဲ ကြာရှည် တည်တံ စွဲ မြဲသည့်သဘော ရှိရမည်။

ထို့ကြောင့် “အချိန်” သည် မေတ္တာ စစ်ကို မှတ်ကျောက်တင်ရာတွင် အရေးပါသော အချက်တစ်ချက် ဖြစ်လာ ၏။ အိမ်ထောင်ပြုရာတွင် အချိန် အတော်ကြာ ယူပြီးမှ စဉ်းစား ဆုံးဖြတ် ရသလို၊ ဆုံးဖြတ်ပြီးပါကလည်း ပြန်လည်ပြင်ဆင်ခြင်းမပြုဘဲ ဆတက် ထမ်းပိုး မေတ္တာတိုးရန်သာ ကြိုးစားသင့်လှပေသည်။ ဘဝကြင်ဖော် ရွေးချယ်ခြင်းကား လွယ်ကူသော အလုပ်မဟုတ်။ တထိုင်ထဲနှင့် ဆုံးဖြတ်ရစ ကောင်းသည် မဟုတ်။ အချိန်ကြာစွာ စဉ်းစား ဖို့လို၏။ ရှေးလူကြီးများအဖို့ သုံးနှစ်သုံးမိုး ပိုးပန်းခဲ့ရဘူးကြောင်း သာဓက ရှိပေသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts