ကျွန်မ၏ ဖိစီးမှုကိုင်တွယ်ဖြေရှင်းနည်း ပို့ချချက်များတွင် ရေသောက်သုံးမှုကို အမြဲတမ်းထည့်သွင်းဖော်ပြသည်။ ရေသည် ဘာကြောင့် ထိုမျှလောက် အရေးကြီးသနည်း။
Category: သုတ
ကျွန်မသည် ကိုးကားချက်များကို အလွန်နှစ်သက်သည်။ သင်လည်း နှစ်သက်မည်ဟု မျှော်လင့်ပါသည်။ အတိတ်မှလည်းကောင်း၊ လက်ရှိကာလမှလည်းကောင်း ကိုးကားချက်များမှတစ်ဆင့် အကြောင်းအရာ အတော်များများကို သင်ယူနိုင်၍ဖြစ်သည်။
အရောင်းသွက် စာရေးဆရာမ အီလိန်းစိန့်ဂျိမ်စ်း၏ (သင့်ဘဝကို ရိုးစင်းအောင် လုပ်ပါ) အဆိုအရ ဘဝတွင် သင့်ဦးစားပေးမှု သုံးခုသာ ရှိသင့်သည်။ သင်အလုပ်လုပ်ပါက ယင်းသည် တစ်ခုဖြစ်သည်။
ဖက်စ်များ၊ အီးမေးလ်များ၊ ကျောချင်းကပ် လုပ်ငန်းဇယားများဖြင့် ပြည့်နှက်နေသည့် ကျွန်မတို့ လက်ရှိလောကတွင် ဖိစီးမှုဆိုသည့် ဝေါဟာရသည် ဂုဏ်ထူးဆောင် အမှတ်သင်္ကေတကဲ့သို့ ဖြစ်လာသည်။