ဖိစီးမှုနှင့်ရိုးစင်းမှု (အပိုင်း၃)

ဖိစီးမှုနှင့်ရိုးစင်းမှု (အပိုင်း၃)

(Stress and Simplicity, Part III)

အခြားသူများ၏ ကိုးကားချက်များမှ တစ်ဆင့်သင်ယူခြင်း

(Learning from others through quotes)

ကျွန်မသည် ကိုးကားချက်များကို အလွန်နှစ်သက်သည်။ သင်လည်း နှစ်သက်မည်ဟု မျှော်လင့်ပါသည်။ အတိတ်မှလည်းကောင်း၊ လက်ရှိကာလမှလည်းကောင်း ကိုးကားချက်များမှတစ်ဆင့် အကြောင်းအရာ အတော်များများကို သင်ယူနိုင်၍ဖြစ်သည်။ သင် အခက်အခဲတစ်ခု ကြုံတွေ့ရလျှင် ထိုအကြောင်းအရာနှင့် စပ်လျဉ်းသည့် ကိုးကားချက်များကို ရှာဖွေပါက သင့်အချိန်ကို ကောင်းမွန်စွာ အသုံးချရာရောက်မည်။

အင်တာနက် ရှာဖွေရေးစနစ်တစ်ခုတွင် အကြောင်းအရာ ခေါင်းစဉ်ကို ရိုက်ချလိုက်ရုံသာရှိသည်။ ကောင်းမွန်သောကိုးကားချက်တစ်ခု၏ ထိုးထွင်းအမြင်နှင့် အသုံးတည့်မှုကို သင်အံ့သြလိမ့်မည်။

သင့်အလုပ်ဘဝကို ရိုးရှင်းအောင်ထားဖို့ စေ့ဆော်မှုပေးပြီး ဖိစီးမှုကိုလည်း လျှော့ချပေးမည့် ကိုးကားချက်အချို့ကို ဖော်ပြလိုက်ပါသည်။

“ကျွန်ုပ်တို့သည် ခက်ခဲရှုပ်ထွေးမှုများနှင့် ရုန်းကန်လှုပ်ရှားနေကြပြီး
ရိုးစင်းသောအရာများကိုတော့ ရှောင်တိမ်းနေကြသည်”

                                                       Norman Vincent Peale

“အမြန်သက်ရောက်မှုရှိမည့် စိတ်သက်သာရခြင်းအတွက်
အေးအေးသက်သာလုပ်ပါ”

                                                       Lily Tomlin

“ရိုးစင်းအောင်လုပ်နိုင်သည်ဆိုရာဝယ် အရေးမကြီးသည့်အရာများကို ဖယ်ရှားပြီး အရေးကြီးသည့်အရာများအား စကားပြောနိုင်ရန်
အခွင့်အလမ်းပေးခြင်းဖြစ်သည်”

                                                     Hans Hofmann

“အောင်မြင်မှု၏ အခြေခံကျသော ပထမအချက်မှာ  ခက်ခဲရှုပ်ထွေးမှုများကို
ရိုးရှင်းအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်”

                                                    George Earle Buckle

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts