Candle

Candle ဒီဇိုင်းပြုလုပ်ခြင်း (1)

Candle (ဖရောင်းတိုင်) ပုံစံ ဒီဇိုင်းတစ်ခု ပြုလုပ်ရန်အတွက် အရင်ဦးဆုံး New Document တစ်ခုကို ဖန်တီးထားရပါမယ်။ Document အရွယ်အစားကိုတော့ ပုံမှန် 6 လက်မ 4 လက်မ ပတ်လည်ဝန်းကျင်လောက် ပြုလုပ်ထားရပါမယ်။ အရင်ဦးဆုံး ဘေးဖက် Ruler ကို Mouse နဲ့ Work Area ထဲကို ဖိဆွဲပြီး Guide Line လေးတွေ အရင်ဖန်တီးရပါမယ်။

Candle

Ctrl+Shift + N ကိုတွဲနှိပ်ပြီး New Layer တစ်ခုကို ထပ်မံရယူလိုက်ပါ။ ပြီးနောက် အဲဒီ Layer အသစ်ပေါ်မှာ လေးထောင့်ပုံစံ အကွက်ကလေးတစ်ကွက်ကို ဆွဲပါမယ်။

ဒါကြောင့် ဘယ်ဖက် Tool Bar မှ Rectangular Marquee Tool ကိုယူပြီး လေးထောင့် အကွက်ကလေးတစ်ခု ဆွဲလိုက်ပါ။ ဒီလိုဆွဲရာမှာ စောစောက ထည့်သွင်းထားတဲ့ Guide Line ထဲမှာ ဝင်အောင်ဆွဲရမှာ ဖြစ်ပါတယ်။

Candle

Related Posts