9 Foods You Should Never Feed Your Dog

ပါပီလေးတို့ မစားအပ်သော အစားအစာ (၉) မျိုး ( 9 Foods You Should Never Feed Your Dog ) ~~~~
ခွေးချစ်သူတိုင်းနီးပါး သူတို့ ပါပီလေးတွေကို chocolate တွေ မကျွေးတတ်ကြပါဘူး။ ချိုတဲ့ အစားအစာတွေက ခွေးလေးတွေကို အပြင်းအထန် ဖျားနာစေနိုင်ပါတယ်။ ဒါကတော့ အတော်များများ သိထားလောက်တဲ့ knowledge ပါပဲ။ ဒါတောင် ထန်းညက်ခဲတွေ ကျွေးနေသေးတယ်ဆိုရင် ရပ်လိုက်ပါတော့။

သို့ပေငြား သင့်ခွေးလေးနဲ့ ဝေးဝေးထားသင့်တဲ့ အခြားအစားအစာတွေ မရေမတွက်နိုင်အောင် ရှိနေပါသေးတယ်။ သူတို့ထဲက အတော်များများကို လူတွေ သိပ်မသိတတ်ကြပါဘူး။ 

ကျွန်တော်တို့စားနေတဲ့ လူစာတွေကို သင့်ရဲ့ပါပီလေးကို ကျွေးခြင်းက အရမ်းကောင်းတဲ့ idea မဟုတ်သည့်တိုင် တော်တော်များများကတော့ သူတို့နဲ့ အဆင်ပြေနေတတ်ပါတယ်။ ကြက်သား၊ အမဲသား၊ ဆော်လမွန်ငါးနဲ့ မြေပဲထောပတ်တို့ဟာဆိုရင်တော့ သူတို့လေးတွေအတွက် ဘေးကင်းစိတ်ချရတဲ့ အကောင်းဆုံး အစားအသောက်တွေပါပဲ။

ဒီစာရင်းကို တစ်ချက်ကြည့်လိုက်တာနဲ့ သင်ရဲ့ ပါပီအတွက် အန္တရာယ်ရှိတာတွေကို သိနိုင်ပါပြီနော်။


1. Alcohol (အရက်)


Alcohol

ဒါကတော့ အတော်လေးကို သိသာထင်ရှားနေပါတယ်။ ဒါပေမယ့် မဖြစ်စလောက် ပမာဏ နည်းနည်းလေးကတောင် သင့်ရဲ့ အသည်းတုံးကို ကိုမာ ဖြစ်စေခြင်းနဲ့ အခန့်မသင့်ရင် အသက်ပျောက်သွားစေတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့လေးတွေရှေ့မှာ နည်းနည်းရှောင်ကြည်ပေးလိုက်ပါ။

LovelyDog

2.ထောပတ်သီး


avocado

ထောပတ်သီးမှာ persin လို့ ခေါ်တဲ့ ဓာတုဓာတ် တစ်မျိုးပါဝင်ပြီး ၎င်းက ခွေးလေးတွေကို အဆိပ်သင့်စေနိုင်ပါတယ်။ ၎င်းက အစာအိမ်ပြဿနာတွေ၊ အော့အန်ခြင်းတွေနဲ့ ဝမ်းလျှောခြင်းတွေကို ဖြစ်စေတတ်ပါတယ်။


3. Caffeine (ကဖင်း)


caffeine

ကဖင်းဓာတ်ကလည်း ခွေးလေးတွေကို အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပိုပြီး သတိထားဖို့ ကောင်းတာက ၎င်းက နှလုံးနဲ့ အာရုံကြောစနစ်တွေကိုပါ အဆိပ်ဖြစ်စေလို့ပါပဲ။

LovelyDog

4. စပျစ်သီးနဲ့ စပျစ်သီးခြောက်


grape

သူတို့က ခွေးလေးတွေကို ဘယ်လိုအကြောင်းကြောင့် ဖျားနာစေသလဲဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒါပေမယ့် သက်သေခံ ယုတ္ထိယုတ္တာတွေအရ ခွေးလေးတွေက ကျောက်ကပ်ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဥပမာအားဖြင့် ကျောက်ကပ်ကနေ အစာတွေကို စစ်တဲ့ နေရာမှာ ပြဿနာတက်တာမျိုး။ ကျွန်တော်ကတော့ အစေ့တွေကြောင့်လို့ပဲ ထင်တယ်ဗျ။ ဒါပဲ ဖြစ်နိုင်ချေရှိတယ်မလား။

LovelyDog

5.Macadamia အခွံမာသီး


Nut

Macadamia အခွံမာသီး ဆိုတာက သြစတြေးယားနိုင်ငံက ထွက်တဲ့ လုံးလုံးဝိုင်းဝိုင်း အခွံမာသီး တစ်မျိုးပါ။ ဒီမှာတော့ သိပ်တွေ့ရလေ့မရှိပါဘူး။ သူကတော့ ပါပီတို့ရဲ့ နောက်ခြေထောက်တစ်စုံကို အားနည်းစေခြင်း၊ ဖျားနာမှု အသေးစားနဲ့ ကြွက်သား နာကျင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

LovelyDog

6.ကြက်သွန်အနီနဲ့ အဖြူ


garlic

နှစ်ခုစလုံးက ပါပီလေးတွေရဲ့ သွေးဆဲလ်တွေကို အန္တရာယ်ဖြစ်စေတဲ့အပြင် သွေးအားနည်း ရောဂါကိုလည်း ဖြစ်စေတတ်ပါတယ်။ ပူပူလောင်လောင်တွေကိုလည်း သူတို့မကြိုက်လောက်ပါဘူး။


7.နွားနို့


milk

ဒါကတော့ နည်းနည်းဆန်းနေသလိုပါ။ ခွေးတွေဟာ လေ့လာချက်တွေအရ နို့သကြားတွေကို လက်မခံနိုင်ကြပါဘူး။ နို့များများ သောက်သုံးခြင်းက ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောမှုကို ဖြစ်နိုင်စေပါတယ်။ တန်ဆေးလွန်ဘေးပေါ့။

LovelyDog

8. မှို


mushrooms

မှိုအမျိုးအစား များစွာက သင့်ရဲ့ပါပီကို အဆိပ်သင့်စေနိုင်တဲ့ အပြင် အသက်ဘေးကိုပါ ရန်ရှာနိုင်ပါတယ်။ ခွေးလေးတွေ အပြင်ကို အကြိမ်များစွာထွက်တာနဲ့ အန္တရာယ်ဟာလည်း တရိပ်ရိပ် မြင့်တက်လာပါတယ်။ ဒါကြောင့် သင့်ခွေးလေး ဘာတွေ စားသောက်နေသလဲဆိုတာ အမြဲတမ်းကို သတိပြုနေဖို့ အကြံပေးပါရစေ။

LovelyDog

9. Xylitol


xylitol

Xylitol ကတော့ ပီကေ အများအပြားနဲ့ မြေပဲ ထောပတ်တွေမှာ တွေ့ရတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ ဒီပါဝင်ပစ္စည်းက အသည်းကို ဒုက္ခပေးတဲ့ အပြင် ပါပီတို့ကို အသက်ပျောက်စေပါသေးတယ်။ ဒါကြောင့် မြေပဲထောပတ်ဝယ်ရင် Xylitol ပါမပါ သတိထားဖို့တော့ လိုပါတယ်နော်။

LovelyDog

ဟုတ်ကဲ့ပါ။ အခုကတော့ ပါပီတို့အတွက် အန္တရာယ်ရှိနိုင်တဲ့ အစားအစာ(၉)မျိုးကို ဖော်ပြပေးခဲ့တာပါ။ မိတ်ဆွေလည်း အကျိုးတစ်စုံတစ်ရာ ရရှိသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဖတ်ရှုလေ့လာပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။ ပိုမိုကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစားနေပါတယ်။ အသစ်အသစ်တွေကိုလည်း HapEye.Net မှာ အမြဲတမ်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ 

9 Foods You Should Never Feed Your Dog

Swan Htet (HapEye.Net)
Source: Shared

လေ့လာဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်

သုတ

Open More Online

Related Posts