အိပ်မက်ကို အကောင်ထည်ဖော်ပါ

အိပ်မက်ကို အကောင်ထည်ဖော်ပါ

စာအုပ်တစ်အုပ်မှာ မှတ်မိနေတဲ့ စာတိုက…

လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးတဲ့။
ဟုတ်ပါတယ်… မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး ဒါပေမယ့်
ကိုယ့်ရဲ့ လက်ရှိအခြေအနေနဲ့ ကိုယ့်ရဲ့ အိပ်မက်က ဆက်စပ်ရဲ့လား၊ အဲ့အိပ်မက်ဖြစ်လာဖို့အတွက် အကောင်အထည်ဖော်မိရဲ့လား
​ဆိုတာတော့ အရင်စဥ်းစားတတ်ဖို့တော့လိုပါမယ်။

(ဥပမာ _ မုန့်ဟင်းခါးသည်တစ်ယောက်…
သူ့ရဲ့အိပ်မက်က မြန်မာနိုင်ငံမှာ အကျော်ကြားဆုံး စာရေးဆရာ ဖြစ်ချင်တယ်။ ဒါ​ပေမယ့် အိပ်မက်ပဲရှိပီး အကောင်အထည်ဖော်ဖို့မကြိုးစား မုန့်ဟင်းခါးကိုပဲ ​ရောင်းမြဲတိုင်းသာ ရောင်းနေမယ်ဆိုရင်တော့ သေချာပါတယ် လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ ရှိတယ်ဆိုတာသူ လက်ခံမိနေမှာပါ။)

အိပ်မက်ဆိုတာမက်ဖို့ပဲ မဟုတ်ပါဘူး အကောင်အထည် ဖော်တတ်ဖို့ပါ လိုပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေလိုက် ယုတ္တိရှိရှိ စဥ်းစားပြီး အိပ်မက်အကြီးကြီးမက်လိုက်ကြပါ။

လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။
ဒါပေမဲ့ ဖြစ်လာအောင်လုပ်ဖို့အတွက်…..

ဟုတ်ကဲ့ ဥာဏ်ရှိသလိုပဲ ဦးနှောက်ကို ချဲ့ထွင်းရင်း လွတ်လပ်စွာပဲ သဘောထား ကွဲလွဲနိုင်ပါတယ်ရှင်။

Own Creation by EIsan Dar

OpenYourBusinessOnline

အတွေးအခေါ်

Related Posts