အသက်အရွယ်အလိုက် စကားပြောတတ်ဖို့

အသက်အရွယ်အလိုက် စကားပြောတတ်ဖို့

ငယ်သူ
ငယ်ရွယ်သူနှင့် စကားပြောလျှင် မိမိသိသမျှ ဗဟုသုတကို ထုတ်ဖော်ပြောပါ။ သူသိလောက်ကိုလည်း ထုတ်ပြောခိုင်းပါ။ ငယ်ပင်သော်ငြား လူကြီးတစ်ယောက်လို ဆက်ဆံပေးပါ။ ထိုအခါ ကလေးအတွက် ယုံကြည်မှုမြင့်မားစေပြီး လူတကာကြားဝင်ဆံ့ နိုင်ပါလိမ့်မည်။

ရွယ်တူ
ရွယ်တူနှင့် စကားပြောတဲ့အခါ ဗဟုသုတချင်း ဖလှယ်ပါ။ အကျိုးမရှိသော စကားများအတွက် မိမိဘဝအချိန်ကို မကုန်ဆုံးပါစေနှင့်။ အသက်ရွယ်တူဖြစ်သဖြင့် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်နိုင်သလို လွတ်လပ်စွာစကားပြောခွင့် ရလေပါ။

ကြီးသူ
ဒီလိုအသက်အရွယ်ကြီးသူနှင့် စကားပြောရင်တော့ မိမိလုပ်ရမှာ နှစ်ခုပဲရှိပါတယ်။
တစ်ခုက နားထောင်ဖို့နှင့် နောက်တစ်ခုကမေးဖို့ပါပဲ။ အသက်ရွယ်ကြီးသဖြင့် ဖြတ်သန်းရသော ဘဝအတွေ့အကြုံများဟာ စာအုပ်ဖတ်ရသည်ထက်ပိုပြည့်စုံပါတယ်။ အမေရိကန် စာရေးဆရာတစ်ဦးက “အသက်ကြီးသူဆိုတာ အသက်ရှိသော စာကြည့်တိုက် တစ်ခုပါပဲ” လို့ တင်စားရေးသား ထားပါတယ်။ သူတို့ပြောသမျှစကားလုံးတိုင်းကို မိမိဘဝအတွက် လိုအပ်သော ကွက်လပ်များတွင် ဖြည့်ဆည်းပါ။

-စိတ်ခွန်အားပြည့် စာစုလေးများ မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။

Related Posts