ကုန်ပစ္စည်း ထုတ်လုပ်တာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းရောင်းချတာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပေးတာပဲဖြစ်ဖြစ်၊ ကိုယ့်ကုန်ပစ္စည်း ကိုယ့်ဝန်ဆောင်မှုအတွက် အာမခံချက်ပေးနိုင်အောင် ကြိုးစားပါ။ အရည်အသွေးမြင့်တဲ့ ကုန်ပစ္စည်း၊ အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုကိုပေးနိုင်မှ အာမခံချက်ပေးလို့ရပါမယ်။ ကြိုးစားပါ။ အရည်အသွေးမြင့်အောင် အဘက်ဘက်က ကြိုးစားပါ။ အာမခံချက်ပေးနိုင်ရင် ကိုယ့်ကုန်ပစ္စည်း၊ ဒါမှမဟုတ် ကိုယ့်ဝန်ဆောင်မှုကို ဝယ်မယ့်သူ အမြောက်အမြား ရှိပါတယ်။

အရည်အသွေးဆိုတာ ဟန်ဆောင်လို့မရပါဘူး။ အလေ့အကျင့်ပါ။
Aristotle

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts